Thursday, October 20, 2022

ရွှေအသင်းက ထုတ်တဲ့ ရည်ညွှန်းဈေး ကျပ် ၅သိန်းကျော် ခုန်တက်

ကျပ် ၁၉ သိန်း ကျော်ဝန်းကျင်မှာပဲရှိနေခဲ့တဲ့ ရွှေအသင်းက ထုတ်ပြန်တဲ့ ရည်ညွှန်းစျေးဟာ ဒီနေ့ အောက်တိုဘာ ၂၁ ရက် ရွှေရည်ညွှန်းစျေးအဖွင့်စျေး ထုတ်ပြန်ရာမှာတော့ ကျပ် ၂၄ သိန်းကျော်အထိ မြင့်တက်သွားတယ်လို့ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း(YGEA)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အောက်တိုဘာလတတိယပတ်အတွင်း YGEAက ထုတ်ပြန်တဲ့ရွှေရည်ညွှန်းဈေးက မီးလင်းရွှေ တစ်ကျပ်သားကို ကျပ် ၁၉ သိန်းကျော်ဝန်းကျင်မှာရှိနေခဲ့ပေမယ့် ဒီနေ့အောက်တိုဘာ ၂၁ ရက်နေ့ ရွှေအဖွင့်စျေးထုတ်ပြန်ရာမှာတော့ တစ်ကျပ်သားကို ၂၄၇၅၆၆၅ ကျပ်နဲ့ ထုတ်ပြန်လာပါတယ်။
ရွှေရည်ညွှန်းစျေး ၅သိန်းလောက် မြင့်တက်သွားတာနဲ့ပတ်သက်ပြီး YGEA အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်ကို ဆက်သွယ်မေးမြန်းရာမှာတော့"ဒါကတော့အသေးစိတ်ပြောကြားလို့မရသေးဘူး။ ဗဟိုဘဏ်ရဲ့ခွင့်ပြုချက်တောင်းထားတုန်း။ဗဟိုဘဏ်ဘက်ကပြန်ကြားပြီးမှ ပြောလို့ရမယ်"လို့ဖြေကြားပါတယ်။

MyanmaPlatform

0 comments:

Post a Comment