Monday, October 17, 2022

ထားဝယ်မြို့အနီးရှိ မြန်မာ့ပင်လယ်ပြင်အတွင်း မီးလောင်မှုဖြစ်ပွားခဲ့သည့် ငါးဖမ်းဝါးလတ်လှေပေါ်မှ လှေသား ၁၃ ဦးအား တပ်မတော်(ရေ)က ကူညီကယ်ဆယ်ခဲ့

တနင်္သာရီတိုင်း၊ထားဝယ်မြို့အနီးရှိ မြန်မာ့ပင် လယ်ပြင်အတွင်း၌ အောက်တိုဘာ ၁၆ ရက်မွန်းတည့်ပိုင်းက ငါးဖမ်းဝါးလတ်လှေတစ်စီး မီး လောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းနေ့မွန်းတည့် ၁၂ နာရီ ၄၀ မိနစ်ခန့်က လုံခြုံ ရေးဆောင်ရွက်နေသည့် တပ်မတော်(ရေ)မှတပ်ဖွဲ့ဝင်များသည် ထားဝယ်မြို့အနောက်မြောက်ဘက် ရေမိုင် ၆၄ မိုင်အနီး ငါးဖမ်းဝါးလတ်လှေတစ်စီး မီးလောင်နေကြောင်း သတင်းအရ ကူညီရန်သွား ရောက်ရှာဖွေခဲ့ကြသည်။

ထိုသို့ ရှာဖွေရာ လင်းတိုးတိုးအောင်(၃)အမည်ရှိ ငါးဖမ်းဝါးလတ်လှေ ၁ စီး မီးလောင်နေသည်ကို တွေ့ရှိရသဖြင့် ဒေသခံငါးဖမ်းလှေများနှင့်အတူ ဝိုင်းဝန်းမီးငြှိမ်းသတ်ပေးခဲ့ကြပြီး လှေပေါ်ပါ လှေ သား ၁၃ ဦးအား တပ်မတော်ရေယာဉ်ပေါ်သို့ လွှဲ ပြောင်းတင်ဆောင်ခဲ့ကြသည်။

ထို့နောက် လှေသားများအား ကျန်းမာရေးစစ် ဆေးပေးပြီး စားသောက်ဖွယ်ရာများနှင့်အဝတ် အထည်များပေးအပ်ခဲ့ကြပြီး သက်ဆိုင်ရာသို့ စနစ်တကျလွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။


Popular

0 comments:

Post a Comment