Thursday, October 6, 2022

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တော်လှန်ရေးထဲပါလာမှာ စစ်ကောင်စီစိုးရိမ်နေတယ်လို့ NUG ဆို


အာဏာသိမ်းစစ်ကောင်စီဟာ နွေဦးတော်လှန်ရေးမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တစ်ညီတစ်ညွတ်တည်း ပါလာမှာကို စိုးရိမ်ထိပ်လန့်နေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးရဲ့ ဗုဒ္ဓဟူးနေ့တိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကို ပြောတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။
“ စစ်ကောင်စီအစိုးရိမ်ဆုံးက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး တစ်ညီတစ်ညွတ်တည်း တော်လှန်ရေးထဲ ပါဝင်လာမယ့်အရေးပဲဖြစ်တယ်။ ဒါ့ကြောင့် နယ်မြေ၊ ကိုယ်ကျိုးစီးပွား၊ အာဏာဝေစု မက်လုံးပေးပြီး လက် နက်ကိုင်အဖွဲ့တွေရဲ့ စုစည်းညီညွတ်မှုကို ဖြိုခွဲပစ်ဖို့ဟာ သူတို့ရဲ့ မဟာဉာဏ်နီဉာဏ်နက် ဖြစ်တယ်ဆိုတာ သတိ ပြုနိုင်တယ်။ နယ်မြေဒေသတချို့မှာ တိုင်းရင်းသားအ ချင်းချင်း သွေးခွဲ၊ သပ်လျှို၊ ရန်တိုက်ပေးတဲ့နည်းနဲ့ တော် လှန်ရေးလှိုင်း ရှေ့တိုးမလာအောင် ဟန့်တားနှောင့်ယှက်နေတယ် ဆိုတာလည်းတွေ့နိုင်တယ်” လို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ ပြည်သူတွေရဲ့ တော်လှန်ရေးစိတ်ဓာတ်ကျဆင်းသွားစေဖို့အပါအဝင် လက်နက်နဲ့ တော်လှန်ရေးရန်ပုံငွေအခက်အခဲတွေကြောင့် ကာကွယ်ရေးတပ်ဖွဲ့တွေ အင်အားကျဆင်းသွားပြီး အချင်းချင်းစည်းလုံးညီညွတ်မှုပြိုကွဲစေဖို့ လုပ်ဆောင်နေတာဖြစ်တယ်လို့ သူက ပြောပါသေးတယ်။
ဒါပေမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ တိုင်းပြည်အပေါ်စေတနာမရှိတဲ့ စစ်အုပ်စု ဆီကနေ ဘာမှမရဘူးဆိုတာ သိနေပေမယ့် အခြေအနေတစ်ရပ်ကြောင့် ပတ်သက်နေရတာဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးက ဆိုပါတယ်။
စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာသွားရောက်တွေ့ဆုံခဲ့တဲ့အဖွဲ့တွေရဲ့ နေရာတွေမှာ တိုက်ပွဲဖြစ်ပွားတာတွေမရှိသလို တွေ့ဆုံချိန်မှာလည်း စစ်ခေါင်းဆောင်ဆီက တိကျသေချာတဲ့ အာမခံချက်မရရှိခဲ့ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
လက်ရှိအချိန်မှာတော့ အာဏာသိမ်းစစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုကရင်အမျိုးသား အစည်းအရုံ KNU၊ကချင်လွတ်မြောက်ရေးတပ်မတော် KIO/KIA၊ ကရင်နီအမျိုးသားကာကွယ် ရေးတပ်KNPP၊ ချင်းအမျိုးသားတပ်ဦးCNF၊ကျောင်းသားတပ်မတော် ABSDF၊တအန်း (ပလောင်) တပ်ဖွဲ့ PSLF/TNLA၊ရခိုက္ခိုင့်တပ်တော် ULA/AA နဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA တို့ဟာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတက်ရောက်ထားတာမရှိသလို စစ်ကောင်စီနဲ့ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေ ပါတယ်။

သတင်း - သံလွင်တိုင်းမ်

0 comments:

Post a Comment