Monday, October 17, 2022

ငွေလဲလှယ်ရေး လုပ်ငန်းတစ်ခုကို လိုင်စင်ဖျက်သိမ်း

ဗဟိုဘဏ်ကထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကို လိုက်နာဆောင်ရွက်တာမရှိတဲ့အတွက် ငွေလဲလှယ်ရေး လုပ်ငန်းတစ်ခုကို လိုင်စင်ဖျက်သိမ်းလိုက်တယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်ကြေညာပါတယ်။
ဗဟိုဘဏ်က ခွင့်ပြုထုတ်ပေးထားတဲ့ Money Changer လိုင်စင်ရရှိထားတဲ့ Thomas Khanno ကုမ္ပဏီလီမိတက် က ငွေလဲလှယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေ၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု စည်းမျဉ်း၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်တာ မရှိတဲ့အတွက် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၂ ကို ဖောက်ဖျက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် အဲဒီ ကုမ္ပဏီရဲ့ ငွေလဲလှယ်ရေးလုပ်ငန်းကို နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၅ (င) အရ လိုင်စင် ဖျက်သိမ်းလိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် တရားဝင် နိုင်ငံခြားသုံးငွေ လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်မရှိဘဲ နိုင်ငံခြားငွေ ရောင်းချဝယ်ယူ လဲလှယ်ရေး ဆောင်ရွက်နေတဲ့ လူမှုကွန်ရက် စာမျက်နှာနှစ်ခုကိုလည်း တရားစွဲဆိုဆောင်ရွက်ထားပြီး တခြားလူမှုကွန်ရက် စာမျက်နှာ ၁၅ ခုကိုလည်း ဆက်လက်တရားစွဲဆိုနိုင်ရေး ဆောင်ရွက်နေတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်ထားပြီးဖြစ်ပါတယ်

One News

0 comments:

Post a Comment