Tuesday, October 11, 2022

Facebook အသုံးပြုသူတွေရဲ့ Follower တွေကျ ဖေ့ဘုတ်တည်ထောင်သူ မက်ဇူကာဘတ် တောင် Follower ၉၀၀၀ ကျော်ပဲရှိတော့


တစ်ကမ္ဘာလုံးက Facebook အသုံးပြုသူတွေရဲ့ Follower များ လျော့ကျသွားပြီး ဖေ့ဘုတ်တည်ထောင်သူ မက်ဇူကာဘတ် တောင် Follower ၉၀၀၀ ကျော်ပဲ တွေ့ရပါတယ်။
ယနေ့ အောက်တိုဘာ ၁၂ ရက်နေ့ နံနက်ပိုင်းကပြီးတော့ ကမ္ဘာတစ်ဝန်းက Facebook အသုံးပြုသူတွေရဲ့ ယခင်ကရှိခဲ့သည့် Follower အရေအတွက်ဟာ ရုတ်တရုတ် လျော့ကျသွားတာ ဖြစ်ပါတယ်။
တနင်္လာနေ့နှင့် အင်္ဂါနေ့များတွင် Facebook follower အရေအတွက် ရုတ်တရက် ကျဆင်းသွားပြီး New York Times၊ Washington Post၊ Huffington Post၊ The Hill၊ USA Today၊ New York Post နှင့် Newsweek သတင်းဌာနတွေရဲ့ Follower တွေလည်း ရုတ်တရက် ကျဆင်းသွားတယ်လို့ Newsweek သတင်းမှာ ဖော်ပြထားပါတယ်။
Facebook ရဲ့ Transparency Center ကတော့ “ Facebook ပေါ်ရှိ အကောင့်အတုများကို တတ်နိုင်သမျှ ဖယ်ရှားလိုက်တာလို့ ဆိုတယ်။ Facebook ရဲ့ မူဝါဒတွေကို ချိုးဖောက်တဲ့အကောင့်တုတွေကိုဖယ်ရှားလိုက်တာ” လို့ အဆိုပါသတင်းမှာ ဖော်ပြထားပါတယ်။
ယနေ့ အောက်တိုဘာ ၁၂ နံနက်ပိုင်းတွင် Facebook တည်ထောင်သူ Mark Zuckerberg ၏ လူမှုကွန်ရက်စာမျက်နှာတွင်ပင် ယခင်က ဖော်လိုဝါ သန်းနဲ့ချီ ရှိခဲ့ရာကနေ ယခုအခါ Follower ၉၀၀၀ကျော် သာ ရှိတော့တာကို တွေ့မြင်ရပါတယ်။
လက်ရှိတွင် Facebook အသုံးပြုသူတွေရဲ့ Follower အရေအတွက်လျော့နည်းသွားသည်ကိုပြသနေသော်လည်း မိမိ၏လူမှုကွန်ရက်စာမျက်နှာ (သို့)လူမှုကွန်ယက် Page ၏ Setting မှတဆင့်ကြည့်ရှုပါက ယခင်ရရှိထားသည့် အရေ အတွက်အားတွေ့ရှိရပါတယ်။

Myanma Platform

0 comments:

Post a Comment