Monday, October 17, 2022

သီလဝါတွင် စက်သုံးဆီ ဂါလန် ၆ သန်းနီးပါး ဆီချ

ရန်ကုန်တိုင်း၊ သီလဝါဆိပ်ကမ်းမှာ စက်သုံးဆီတင်ဆောင်လာတဲ့ သင်္ဘောတွေက စက်သုံးဆီဂါလန် ၆ သန်း နီးပါးကို ဆီချလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ စက်သုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်း ကြီးကြပ်ရေး ကော်မတီက သိရပါတယ်။
ပြည်တွင်း စက်သုံးဆီ ဖူလုံမှု ရှိစေရေးအတွက် ပုံမှန်စိစစ်တင်သွင်းနေရာ အောက်တိုဘာ ၁၇ ရက်က သီလဝါ ဆိပ်ကမ်း Terminal တွေမှာ စက်သုံးဆီ တင်ဆောင်လာတဲ့ သင်္ဘောနှစ်စင်းက ဓာတ်ဆီ ဂါလန် ၀ ဒဿမ ၄၄ သန်း နဲ့ ဒီဇယ် ဂါလန် ၅ ဒဿမ ၅ သန်းကျော် စုစုပေါင်း စက်သုံးဆီ ဂါလန် ၆ သန်းနီးပါး ဆီချခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲဒါကြောင့် အောက်တိုဘာ ၁၆ ရက်ထိ ရန်ကုန်သီလဝါ ဆီလှောင်ကန် လက်ကျန်တွေ၊ စက်သုံးဆီ အရောင်း ဆိုင်တွေ နဲ့ ဖြန့်ဖြူးမှု လက်ကျန်အခြေအနေတွေအရ စက်သုံးဆီ ဖူလုံမှု ရှိနေတာကို တွေ့ရပြီး အခုအပတ် အတွင်း စက်သုံးဆီဈေးတွေကတော့ ကမ္ဘာ့စက်သုံးဆီဈေး အနည်းငယ် ကျဆင်းလာပြီး ပြည်တွင်း စက်သုံးဆီဈေး တည်ငြိမ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၁၈ ရက်အတွက် စက်သုံးဆီဈေးနှုန်းတွေကတော့ ရန်ကုန်မှာ အောက်တိန်း 92 တစ်လီ တာကို ၁၉၅၅ ကျပ်၊ အောက်တိန်း 95 တစ်လီတာကို ၂၀၂၅ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာကို ၂၆၇၅ ကျပ်နဲ့ ပရီမီယံ ဒီဇယ်တစ်လီတာကို ၂၇၆၀ ကျပ် ရှိနေတယ်လို့ သိရပါတယ်။

One News

0 comments:

Post a Comment