Monday, October 17, 2022

ပြင်ဦးလွင်ပန်းပွဲတော်ကို ဒီဇင်ဘာလမှာ ပြန်ကျင်းပမယ်

ကိုဗစ်ကြောင့် ၂နှစ်ကြာ မကျင်းပနိုင်ခဲ့တဲ့ ပြင်ဦးလွင်ပန်းပွဲတော်ကို လာမယ့် ဒီဇင်ဘာလအတွင်း စည်ကားသိုက်မြိုက်စွာ ပြန်ကျင်းပသွားမှာဖြစ်တယ်လို့  အမျိုးသားကန်တော်ကြီးဥယျာဉ် အုပ်ချုပ်ရေးအဖွဲ့မှ သိရပါတယ်။

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ်မှာ နှစ်စဉ် ပန်းပွဲတော်ကို ကျင်းပခဲ့ပေမယ့် ပြည်တွင်းမှာကိုဗစ် ကူးစက်မှုတွေကြောင့် ၂၀၁၉ ခုနှစ်က နောက်ဆုံးကျင်းပခဲ့ပြီး ၂၀၂၀ ပြည့်နှစ်နဲ့ ၂၀၂၁ ခုနှစ်တို့မှာ မကျင်းပနိုင်ခဲ့ဘူးလို့ သိရပါတယ်။

လက်ရှိ ၂၀၂၂ခုနှစ်မှာ ၁၅ ကြိမ်မြောက်ပြင်ဦးလွင်ပန်းပွဲတော်ကို လာမယ့် ဒီဇင်ဘာ ၁၅ ရက်မှ ဇန်နဝါရီ ၁၅ ရက်အထိ တစ်လကြာ ကျင်းပသွားမှာဖြစ်ပြီး ပန်းပွဲတော်နဲ့အတူ ဖျော်ဖြေရေးအစီအစဉ်တွေ၊ ဈေးရောင်းပွဲတော်တွေကို ထည့်သွင်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အခုနှစ်မှာ ကျင်းပပြုလုပ်မယ့် ပြင်ဦးလွင် ပန်းပွဲတော်ကို ဒေသထွက်ကုန်တွေ၊ ဆွယ်တာအထည်တွေ၊ လက်မှုပစ္စည်းတွေ၊ အမှတ်တရပစ္စည်းတွေ ပါဝင်ရောင်းချနိုင်ဖို့အတွက် ဆိုင်ခန်းတွေကို အရောင်းပြခန်းကဏ္ဍတစ်ရပ်အနေနဲ့ ထည့်သွင်းစီစဉ်သွားမယ်လို့ သိရပါတယ်။


Myanma Platform

0 comments:

Post a Comment