Thursday, October 20, 2022

အကြမ်းဖက်စစ်ကောင်စီရဲ့ ရွေးကော် ကို ဖိတ်ကြားမှု NUG ကန့်ကွက်

အကြမ်းဖက်စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ကို ကမ္ဘာ့ရွေးကောက်ပွဲများဆိုင်ရာအဖွဲ့အစည်း (AWEB) က အထွေထွေညီလာခံ တက်ရောက်ဖို့ ဖိတ်ကြားထားတဲ့ ကိစ္စကို NUG အစိုးရက ကန့်ကွက်လိုက်ပါတယ်။
အဲဒီညီလာခံဟာ အောက်တိုဘာ (၁၉) ရက်က တောင်အာဖရိက မှာ ပြုလုပ်နေတာဖြစ်ပါတယ်။ (AWEB) ညီလာခံကို တက်ရောက်ဖို့ အကြမ်းဖက်စစ်ကောင်စီ ရဲ့ ရွေးကော် ဥက္ကဌ ဟာ အောက်တိုဘာ (၁၆) ရက်က မြန်မာနိုင်ငံကနေ ထွက်ခွာလာပြီဖြစ်ပါတယ်။
NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကတော့ AWEB ဆီကို စာရေးသားကန့်ကွက်ထားပါတယ်။ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီ ရဲ့ ရွေးကောက်ပွဲကော်မရှင် ကို ဖိတ်ကြားချက် ကိုကန့်ကွက်ရတာဟာ
အကြမ်းဖက် စကစ ဟာ လူထုရွေးကောက်တင်မြှောက်တဲ့ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ပြီး အရပ်သားအစိုးရ ကို ဖြုတ်ချအာဏာသိမ်းခဲ့တာကြောင့် ဖြစ်ပြီး အခြားသော ရာဇဝတ်မှုတွေဖြစ်တဲ့လူသားမျိုးနွယ်စုတွေ အပေါ်မှာ ကျူးလွန်ထားတဲ့ ကိစ္စတွေရှိနေတာကြောင့် ကန့်ကွက်ရတာဖြစ်တယ်လို့သိရပါတယ်။
ဒါကြောင့် အကြမ်းဖက် စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင် AWED မှာပါဝင်ပတ်သက်နေမှုကို ထုတ်ပယ်ပေးဖို့ NUG အစိုးရက ဘက်ကတောင်းဆို ခဲ့တာဖြစ်ပါတယ်။




ဓာတ်ပုံ - အကြမ်းဖက်ရွေးကော် ဝက်ဘ်ပေ့| အကြမ်းဖက်ရွေးကော်ဥက္ကဌ AWEB ညီလာခံတက်ရောက်ရန်ထွက်ခွာနေပုံ။

0 comments:

Post a Comment