Tuesday, October 11, 2022

ရခိုင်မှာ ဘီလီယံချီတန်ဖိုးရှိတဲ့ ပိုင်ရှင်မဲ့မူးယစ်ဆေးဝါးတွေ ထပ်မံသိမ်းဆည်းရမိ

ရခိုင်ပြည်၊သံတွဲမြို့နယ်မှာ သန်းချီတဲ့စိတ်ကြွရူး သွပ်ဆေးပြားတွေကို သိမ်းဆည်းရမိခဲ့ပေမယ့် ပိုင်ရှင်ကိုတော့ ဖမ်းဆီးရမိတာမရှိသေးဘူးလို့ ပြည်နယ်စစ်ကောင်စီက ဆိုပါတယ်။
သံတွဲမြို့နယ်၊ငပလီမြို့၊ဂျိတ်တောမှာရှိတဲ့ မဒေးတောင်ဘုရားအနီး အမှိုက်ပုံတစ်ခုကနေ အဲဒီစိတ် ကြွရူးသွပ်ဆေးပြား(WY)တွေကို အောက်တိုဘာ ၁၀ ရက်နေ့က သိမ်းဆည်းရမိခဲ့တာလို့ စစ်ကောင် စီရဲ့ လူမှုကွန်ရက်စာမျက်နှာဖြစ်တဲ့ “ရခိုင်နေ့စဉ်” မှာ ဖော်ပြထားပါတယ်။
အဲဒီဘုရားရဲ့ဂေါပကက ရဲတပ်ဖွဲ့ကို သတင်းပေးလာတဲ့အတွက် သွားရောက်စစ်ဆေးကြည့်တဲ့အ ခါမှာ ပီနံအိတ်နှစ် လုံးနဲ့ ထည့်ထားတဲ့ ဆေးပြားပေါင်းတစ်သန်းကျော်ကို တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
အဲဒီဆေးပြားတွေရဲ့တန်ဖိုးဟာ ကျပ် ၂ ဒသမ ၆၆ ဘီလီယံ တန်ဖိုးရှိတယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“တစ်နေရာကိုပို့ဖို့အတွက် ခဏလာထားထားတာထင်ပါတယ်။ပမာဏက အများကြီးဆိုတော့ နိုင်ငံခြားတွေ၊ဘာတွေကိုပို့ဖို့ ဝှက်ထားတာ ဖြစ်မှာပေ့ါ။”လို့ ငပလီဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီသိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ပတ် သက်လို့ ငပလီမြို့၊ဂျိတ်တောနယ်မြေရဲစခန်းမှာ မူးယစ်ဆေးဝါး အက်ဥပေဒပုဒ်မနဲ့ အမှုဖွင့်ထားပြီး တရားခံဖမ်းဆီးရမိရေးစုံစမ်းနေတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။
ခုလိုမူးယစ်ဆေးဝါးတွေ သိမ်းဆည်းရမိတဲ့ ဂျိတ်တောအပါအဝင် သံတွဲမြို့တို့ဟာ ရခိုင်ပြည်အတွ င်း မူးယစ်ဆေးဝါးတွေ တွင်တွင်ကျယ်ကျယ် ရောင်းချ၊သုံးစွဲနေကြတဲ့ ဒေသခံတွေထဲက တစ်ခုဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
“ကွမ်းယာဆိုင်တွေမှာတောင် ဝယ်လို့ရတဲ့အခြေ အနေပါ။”လို့ သံတွဲမြို့ခံတစ်ဦးက ပြောပါတယ်။
ရခိုင်ပြည်အတွင်း ဘီလီယံချီတန်ဖိုးရိုတဲ့ မူးယစ်ဆေးဝါးဖမ်းဆီးရရှိတာတွေရှိနေပေမယ့် ပိုင်ရှင်ကို ဖမ်းဆီးရမိတာမျိုး မတွေ့ရဘူးလို့ အစိုးရသတင်းထုတ်ပြန်ချက်တွေနဲ့ ဒေသတွင်းလေ့လာ သူတွေက ပြောကြပါတယ်။
ပိုင်ရှင်ဖမ်းဆီးရမိတဲ့အမှုတွေဆိုရင်လည်း ဆေး ပြားပမာဏ လွန်စွာနည်းပါးပြီး ရာဂဏန်းလောက်ပဲ ရှိတယ်လို့ ဆိုကြ ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့ကလည်း ရခိုင်ပြည်၊မြေပုံမြို့အနီးမှာ ကျပ်နှစ်ဘီလီယံခွဲ တန်ဖိုးရှိတဲ့ ICE(ရေခဲ) တစ်တန်(၁၀၀၀ ကီလိုဂရမ်) တင် ဆောင်လာတဲ့ စက်လှေတစ်စီးကို ဖမ်းဆီးရမိခဲ့ပေမယ့် စက်လှမှာပါလာသူတွေကိုတော့ ဖမ်းဆီးရမိတာမရှိဘူးလို့ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။
အဲဒီမူးယစ်ဆေးတွေဟာ ရခိုင်မှတဆင့် မလေးရှားနိုင်ငံကို ပေးပို့မယ့်မူးယစ်ဆေးတွေဖြစ်ပြီး စစ်တွေမြို့၊ပေါက်တောမြို့နဲ့ ပေါက်တောမြို့နယ် ပင်လယ်၀မှာရှိတဲ့ မြေငူကျွန်းကျေးရွာတွေကနေ တင်ဆောင်လာခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။
မြန်မာနိုင်ငံ မြောက်ပိုင်းကနေ အများဆုံးထုတ် လုပ်တဲ့ မူးယစ်ဆေးဝါးတွေဟာ စစ်ဆေးရေးဂိတ်တွေအတန်တန်ဖြတ်ပြီး ရခိုင်ပြည်အတွင်းသို့ ရောက်လာကာ အဲဒီကနေတဆင့် နယ်စပ်ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ပေးပို့ကြသလို မလေးရှားနိုင်ငံသို့လည်း‌ ရေကြောင်းကနေ ပေးပို့ကြရတာရှိတ ယ်လို့ UNODC အပါအဝင် ဒေသတွင်းလေ့လာသူတို့ က ဆိုပါတယ်။

BPA

0 comments:

Post a Comment