Thursday, October 20, 2022

လက်ရှိပိုးထက် ကူးစက်မှု ပိုမြန်တဲ့ ကိုဗစ် XBBရောဂါပိုး အိမ်နီးချင်းနိုင်ငံတွေမှာ‌တွေ့နေလို့ မြန်မာမှာလည်းသတိပြုဖို့လိုနေ

လက်ရှိပိုးတွေထက် ကူးစက်မှု ပိုမြန်တဲ့ ကိုဗစ်ရောဂါပိုးသည် မျိုးတူဗီဇကွဲ XBBရောဂါပိုး အိမ်နီးချင်းနိုင်ငံတွေမှာ တွေ့ရှိနေလို့ မြန်မာပြည်အနေနဲ့လည်း ရောဂါပိုးဝင်ရောက်လာမှာကိုစိုးရိမ်နေရပြီး သတိပြုဖို့လိုအပ်နေကြောင်း ကျန်းမာရေးပညာရှင်တွေကအသိပေးထားပါတယ်။
အိုမီခရွန်မျိုးတူဗီဇကွဲXBB ရောဂါပိုးဟာ ကူးစက်ပျံ့ပွားနိုင်နှုန်း ၅၅ရာခိုင်နှုန်းရှိနေပြီး မြန်မာနိုင်ငံနဲ့နယ်နိမိတ်ခြင်းထိစပ်ကာ နယ်စပ်အသွားအလာရှိနေတဲ့အိမ်နီးချင်းနိုင်ငံ ဖြစ်တဲ့ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာတွေ့ရှိ နေတာကြောင့် နယ်စပ်လမ်းကြောင်းကတစ်ဆင့် မြန်မာပြည်ကိုရောဂါပိုးဝင်ရောက်လာမှာကို သတိပြုသင့်တယ်လို့ဆိုပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံထဲမှာ အဆိုပါရောဂါပိုးတွေ့ရှိရကြောင်း မကြေညာသေးပေမယ့်အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ စင်္ကာပူ ၊ ထိုင်း၊ ဖိလစ်ပိုင်၊အင်ဒိုနီးရှားနဲ့ဘရူနိုင်းနိုင်ငံတွေမှာလည်း အိုမီခရွန် မျိုးတူဗီဇကွဲ XBBရောဂါပိုးကူးစက်ခံနေရပြီဖြစ်ပါတယ်။
အိုမီခရွန်မျိုးကွဲတွေဟာ ကမ္ဘာမှာ မျိုးဗီဇ၃၀၀ကျော်ရှိနေပြီဖြစ်ပြီး မြန်မာနိုင်ငံမှာတွေ့ရှိထားတဲ့BA 1.2.3.4.5 နဲ့ BA2.7 ရောဂါပိုးတွေအပြင် မြန်မာမှာမတွေ့ရှိရသေးပဲ ကမ္ဘာနိုင်ငံတွေနဲ့အာဆီယံနိုင်ငံတွေမှာတွေ့ရှိရတဲ့ XBB , XBCမျိုးကွဲတွေပါ ထပ်မံရှိလာတာဖြစ်ပြီးအဲ့ဒီ ကိုဗစ်ရောဂါပိုးတွေဟာ ကူးစက်နှုန်းအလွန်လျှင်မြန်တယ်လို့သိရပါတယ်။

MyanmaPlatform

0 comments:

Post a Comment