Tuesday, October 11, 2022

မြန်မာ လှူဒါန်းသည့် ဆန်မက်ထရစ်တန်ချိန် ၁၀၀၀ သီရိလင်္ကာသို့ ရောက်ရှိ လှူဒါန်း

မြန်မာနိုင်ငံက လှူဒါန်းသည့် ဆန်မက်ထရစ်တန်ချိန် ၁၀၀၀ သီရိလင်္ကာသို့ ရောက်ရှိခဲ့ပြီး လွှဲပြောင်းလှုဒါန်းပေးခဲ့ကြောင်း ​နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာ-သီရိလင်္ကာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး (၇၃)နှစ်မြောက် အထိမ်းအမှတ်အနေဖြင့် မြန်မာနိုင်ငံမှ သီရိလင်္ကာနိုင်ငံသို့ လှူဒါန်းသည့် မြန်မာ့ဆန်ဖြူ (Myanmar White Rice) မက်ထရစ်တန်ချိန် ၁၀၀၀ သည် ကိုလံဘိုမြို့ဆိပ်ကမ်းသို့ ၁၀-၁၀-၂၀၂၂ ရက်နေ့တွင် ရောက်ရှိခဲ့သည်။
အဆိုပါ ဆန်မက်ထရစ်တန်ချိန် ၁၀၀၀ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့ရှိ Colombo International Container Terminals (CICT) တွင် ၁၁-၁၀-၂၀၂၂ ရက် မွန်းလွဲ ၃ နာရီအချိန်၌ ကျင်းပခဲ့ရာ သီရိလင်္ကာနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟန်သူ နှင့် သံရုံးဝန်ထမ်းများ တက်ရောက်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ သီရိလင်္ကာနိုင်ငံ Hon. S. Viyalanderan (State Minister of Trade)၊ ကုန်သွယ်ရေး၊ စီးပွားရေးနှင့် စားနပ်ရိက္ခာဖူလုံရေးဝန်ကြီးဌာန အတွင်းဝန် Mr. S.T. Kodikara နှင့် တာဝန်ရှိသူများ၊ Food Commissioner Department မှ Commissioner နှင့် တာဝန်ရှိ သူများ တက်ရောက်ပြီး လှူဒါန်းသည့် ဆန်တန်ချိန် ၁၀၀၀ အား လက်ခံရယူခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment