နေအပူကို အန်တုနေသူများ(ဓာတ်ပုံ-နစ်ကီ)
ရာသီဥတုပြောင်းလဲ လာမှုနှင့်အတူ အပူချိန်များမြင့် တက်လာသဖြင့် မြန်မာနိုင်ငံရှိ အပူပိုင်းဒေသများတွင် ပျက်စီး ဆုံးရှုံးမှုကြီးမားနိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးပြောကြားသည်။
ရာသီဥတုပြောင်းလဲမှုဖြစ် စဉ်ကြောင့် ရာစုနှစ်အကုန်တွင် မြန်မာနိုင်ငံ၏ အပူချိန်သည် ပုံမှန် အထက် ၅ ဒီဂရီမြင့်တက်မည်ဟု ခန့်မှန်းထားကြောင်း၊ မုတ်သုံမိုး ၃၀ ရာခိုင်နှုန်းလျော့နည်းလာခြင်း နှင့်အတူ ရေအရင်းအမြစ်များ ကျ ဆင်းလာခြင်းကြောင့် အပူပိုင်း ဒေသဖြစ်သော စစ်ကိုင်းတိုင်း အောက်ပိုင်း၊ မန္တလေးတိုင်း၊ ပဲခူး တိုင်းတို့တွင် ရေရှားပါးမှုပြဿနာ များ ဖြစ်ပေါ်လာနိုင်ကြောင်း ၎င်းက ပြောသည်။‘‘မန္တလေးတိုင်းရဲ့ သဘာဝ ကိုက မိုးအရနည်းတဲ့ဒေသ။ မိုးရေချိန် ၅ လက်မလောက် လျော့ပါး သွားရင် ဒေသတစ်ခုလုံး စီးပွား ရေးအများကြီးထိခိုက်ပါတယ်။ သိပ်ထိခိုက်လွယ်တဲ့ ဒေသပေါ့။ မန္တလေးက လူတွေသိထားရမှာ တစ်ခုရှိတယ်။ မန္တလေးတင် မဟုတ်ပါဘူး။ အပူပိုင်းဒေသ (စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေး တိုင်း၊ ပဲခူးတိုင်း) ဒီဒေသတွေမှာ က မိုးပေါ်က ရွာချတဲ့ရေနဲ့၊ ပူလို့ မြေပြင်က အငွေ့ပြန်တဲ့ရေက ဒီ ဒေသက အငွေ့ပြန်တဲ့ရေက ပိုများတယ်။ ဒါကြောင့် ဒီဒေသဟာ ရွှေ ကို မလို၊ ငွေကိုမလို၊ ရေကိုသာ လိုတယ်လို့ ပြောရတဲ့ဒေသ။ အဲဒီတော့ ရေရှားလိမ့်မယ်။ အဲဒါ သတိထားဖို့လိုပါတယ်’’ဟု မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောသည်။
ကမ္ဘာကြီးပူနွေးလာမှု ကြောင့် မြန်မာနိုင်ငံ၏ ရေအရင်း အမြစ်သုံးခုဖြစ်သည့် ဟိမဝန္တာ တောင်ခြေမှ ရေခဲမြစ်သည် ပြီးခဲ့ သည့် နှစ်အနည်းငယ်အတွင်း ပျောက်ဆုံးသွားပြီဖြစ်ပြီး မြေ အောက်ရေမှာလည်း အပူချိန်မြင့် တက်လာခြင်းနှင့်အတူ သစ်တော ပြုန်းတီးမှုများကြောင့် လျော့နည်း နေပြီဖြစ်ကြောင်း၊ မုတ်သုံမိုးမှာ လည်း လွန်ခဲ့တဲ့နှစ်များအတွင်း ၃၀ ရာခိုင်နှုန်းလျော့နည်းလာခဲ့ သောကြောင့် ရေအရင်းအမြစ် များ လျော့နည်းလာကြောင်း ဆိုသည်။
ရာသီဥတုဖောက်ပြန်လာ ခြင်း၏ ဆိုးကျိုးများကို အခြေခံ လူတန်းစားများဖြစ်သော တောင် သူများ အဓိကခံစားကြရမည်ဖြစ် ပြီး ရာသီဥတုပြောင်းလဲမှုနှင့်ပတ် သက်၍ လူတိုင်းအသိပညာဗဟု သုတရှိရန် အရေးကြီးကြောင်း ဒေါက်တာထွန်းလွင်က အကြံ ပြုတိုက်တွန်းသည်။
7Day Daily
0 comments:
Post a Comment