တာချီလိတ်မြို့တွင် တ ရားဝင်ဇနီးမယားနှင့် ကွာရှင်းခြင်း မပြုသေးဘဲ အမျိုးသမီးတစ်ဦးနှင့် အတူနေထိုင်နေသော အမျိုးသားကို တစ်လင်တစ်မယားဥပဒေဖြင့် ဖမ်ဆီးထိန်းသိမ်းထားသည်။
တာချီလိတ်မြို့နယ် ကျောက်တောင်ပုန်းတွန်ရပ်ကွက် တွင်နေထိုင်သူ အောင်ကျော်မြသည် လွန်ခဲ့သည့် နှစ်လခန့်က ဇနီးဖြစ်သူခင်စုလှိုင်နှင့် စကားများရန်ဖြစ်ခဲ့ပြီးနောက် တောင်ကြီးမှ အမျိုးသမီးတစ်ဦးကို ခေါ်လာကာ နေအိမ်တွင် အတူနေထိုင်သည့်အတွက် ဇနီးမခင်စုလှိုင်က တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း တာချီလိတ်မြို့မရဲစခန်းမှ ဒုရဲမှူးကျော်သန်းက ပြောသည်။‘‘တရားဝင်ကွာရှင်းထားတာ မဟုတ်သေးဘဲ နောက်တစ် ယောက်ထပ်ယူဖို့ လုပ်တဲ့အတွက် လက်ရှိ ဇနီးကနေပြီးအမှုလာဖွင့် တယ်။ ဒီအမှုကလည်း အာမခံပေး လို့မရပါဘူး။ နှစ်ယောက်ဖမ်းဆီး ထားပြီး အမှုကို ဆက်လက်စစ် ဆေးနေပါတယ်’’ဟုဒုရဲမှူးကျော်သန်းက ပြောသည်။
အောက်တိုဘာ ၁၂ရက် ညနေတွင် တာချီလိတ်ရဲစခန်းသို့ တရားဝင်ဇနီးက လာရောက်တိုင်ကြားခဲ့ခြင်းဖြစ်ပြီး ဥပဒေပြဋ္ဌာန်းပြီးနောက် အမှန်တကယ် အရေးယူဆောင်ရွက်နေ၍ အိမ်ထောင် ရှင်များ ဥပဒေလေးစားလိုက်နာသင့်ကြောင်း ဒုရဲမှူးကျော်သန်းက ပြောသည်။
ဖမ်းဆီးထိန်းသိမ်းခံထားရသော အောင်ကျော်မြတွင် တရားဝင်ဇနီးဖြင့် သားတစ်ဦး၊ သမီးတစ်ဦးရှိပြီး ၎င်းဇနီးနှင့် တရားဝင်ကွာရှင်းပြတ်စဲထားခြင်းမရှိကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် တာချီလိတ်မြို့မရဲစခန်း၌ (ပ)၂၀၈/၂၀၁၅ တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဥပဒေပုဒ်မ (၁၃)ဖြင့် အမှုဖွင့်ထားကြောင်း တာချီလိတ်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြော သည်။
တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေကို ၂၀၁၅ သြဂုတ် ၃၁ရက်က အတည်ပြုပြဋ္ဌာန်းခဲ့ပြီးနောက် ဥပဒေအရအရေးယူထားမှုများရှိခဲ့ကာ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် အမှုများဖြစ်ပွားခဲ့ပြီး ယင်းဥပဒေအရ ထောင်ဒဏ်ခုနစ်နှစ်အထိကျခံနိုင်ကြောင်း သိရသည်။
7Day Daily
Sunday, October 4, 2015
တာချီလိတ်ရှိ အမျိုးသားတစ်ဦးကို တစ်လင်တစ်မယားဥပဒေဖြင့် အရေးယူ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment