လာမယ့် အောက်တိုဘာလ(၄) ရက်မှာ စင်ကာပူကို သွားရောက် ဖျော်ဖြေမယ့် မေမြတ်နိုးကတော့ အနုပညာကို ချစ်မြတ်နိုးလို့ အရာအားလုံးကို စိတ်နှစ်ပြီး လုပ်ကိုင်သွားမယ်လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ “မြတ်နိုးကတော့ အနုပညာနဲ့ ပတ်သက်တာတွေကို အများကြီး လေ့လာနေပါတယ်။ မြတ်နိုး ဒီလောကကို စရောက်ကတည်းကကို လေ့လာခဲ့တာပါပဲ။ ဒါပေမဲ့လည်း မြတ်နိုးအတွက် ကတော့ ရိုက်ကွင်းမှာ ပိုသင်ရတာ အဆင်ပြေတယ်။ မင်းသား၊ မင်းသမီး ကင်မရာမင်းန်ကအစ သင်ပေးတာ ဆိုတော့လေ။ ပိုပြီးတော့ အဆင်ပြေပါတယ်။ ကာရိုက်တာ ပေါင်းစုံကို အများကြီးလည်း
သင်ယူနေရပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။ မြတ်နိုးတို့ လောကမှာ အဓိက ကတော့ လူမှုဆက်ဆံရေးပါ။ အားလုံးနဲ့ အဆင်ပြေအောင် နေမယ်။ မြတ်နိုးက အနုပညာကို ချစ်တယ်။ အရမ်းကိုလည်း ၀ါသနာပါတော့ ဒီအရာကိုပဲ စိတ်ထဲမှာ နှစ်ပြီးတော့ လုပ်သွားမှာပါ။ မြတ်နိုးကလည်း ဒီထက်မက အနုပညာလမ်းမှာ ဆက်ပြီးတော့ လျှောက်ချင်တယ်။ ဒီထက်မကလည်း အောင်မြင်ချင်တယ်”လို့ ပြောသွားခဲ့ တာပါ။ မေမြတ်နိုးကတော့ လတ်တလောမှာ ပြက္ခဒိန်လေးတွေ ရိုက်နေပြီး ပရဟိတ အလုပ်တွေကိုလည်း လုပ်ဖြစ်တယ်လို့ ဆိုပါတယ်။
Messenger News Journal
0 comments:
Post a Comment