Friday, October 2, 2015

မြန်မာနိုင်ငံတွင် ကမ္ဘာ့တိရစ္ဆာန်များနေ့ ပထမအကြိမ်ကျင်းပမည်


မြို့ပေါင်း ၁၄၀ တွင်ကျင်းပပြုလုပ်မည့် ကမ္ဘာ့တိရစ္ဆာန်များနေ့ အထိမ်းအမှတ်အခမ်းအ နားကို မြန်မာနိုင်ငံက ပထမဆုံး အကြိမ် ပါဝင်ကျင်းပမည်ဟု သတင်းရရှိသည်။

အောက်တိုဘာ ၄ ရက်တွင် ကျရောက်သည့် ကမ္ဘာ့တိရစ္ဆာန် များနေ့ကို နိုင်ငံအနှံ့အပြား၌ နှစ်စဉ်ပြုလုပ်လျက်ရှိရာ ထိုင်း နိုင်ငံအခြေစိုက် ဆင်ထိန်းသိမ်း ရေးအဖွဲ့အစည်း (Save Elephant Foundation) ၏ ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံ ပါဝင်ကျင်းပမည်ဟု ယင်းဖောင်ဒေးရှင်းသံတမန် မစံပယ်က ပြောသည်။ကမ္ဘာ့တိရစ္ဆာန်များနေ့တွင် ဆင်နှင့်ပတ်သက်သည့် လှုပ်ရှား မှုကို အဓိကထားပြုလုပ်မည်ဖြစ်၍ မြန်မာ့ဆင်များ ထိန်းသိမ်း စောင့်ရှောက်ရေးဖောင်ဒေးရှင်း (Save Elephant Foundation -Myanmar) မှ ဆင်စွယ်ပစ္စည်းများ မသုံးစွဲရေး၊ ဆင်များသတ် ဖြတ်ခြင်း မပြုရေးတို့အတွက် ပညာပေးလှုပ်ရှားမှုများကို အဓိကထား ပြုလုပ်မည်ဟု ၎င်းကပြော သည်။

ထို့အပြင် တိရစ္ဆာန်ချစ်သူ များ စုပေါင်း၍ လမ်းလျှောက် ခြင်း၊ ကျောက်ဆည်ဆင်အက၊ ရုပ်သေးပြပွဲများ၊ ပျော်ပွဲရွှင်ပွဲ များ ထည့်သွင်း၍ ကလေးများအ တွက် ဆင်နှင့်ပတ်သက်သည့် ပညာပေးရေးအစီအစဉ်များ ပြု လုပ်မည် ဖြစ်သည်။

ကမ္ဘာ့တိရစ္ဆာန်များနေ့ကို Save Elephant Foundation ဦး ဆောင်မှုဖြင့် ၂၀၁၃ တွင် စတင် ကျင်းပခဲ့ရာ ယင်းအချိန်က မြို့ ပေါင်း ၄၀ ကျော်၌ ပြုလုပ်ခဲ့ကြပြီး ယခုနှစ်တွင် မြို့ပေါင်း ၁၄၀ ၌ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ကမ္ဘာ့တိရစ္ဆာန်များနေ့ အ ခမ်းအနားကို အောက်တိုဘာ ၃ ရက်တွင် ကန်တော်ကြီးမျှော်စင်ကျွန်း၌ နံနက် ၈ နာရီခွဲမှ စတင်ပြုလုပ်မည်ဖြစ်၍ မည်သူမဆို ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။

7Day Daily

0 comments:

Post a Comment