Friday, October 2, 2015

သမ္မတဦးသိန်းစိန်အား အမေရိကန်တရားရုံးက သမ္မန်စာဆင့်ခေါ်ခြင်းမှာ ရွေးကောက်ပွဲနီးကပ်ချိန် နိုင်ငံရေးတည်ငြိမ်မှုပျက်ပြားစေရန်နှင့် ပဋိပက္ခများ ပြန်ဖြစ်စေရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သမ္မတရုံးတုံ့ပြန်

မြန်မာသမ္မတဦးသိန်း စိန်နှင့် ၀န်ကြီးအချို့ကို ဘင်္ဂါလီ အရေးနှင့် ပတ်သက်၍ လူ့အခွင့် အရေးချိုးဖောက်မှုစွပ်စွဲချက်ဖြင့် အမေရိကန်ဖက်ဒရယ်တရားရုံး တစ်ခုက သမ္မန်စာဆင့်ခေါ်လိုက် ပြီး ရွေးကောက်ပွဲနီးကပ်ချိန်တွင် ယခုကဲ့သို့ တရားစွဲဆိုမှုပြုလုပ် ခြင်းမှာ နိုင်ငံရေးတည်ငြိမ်မှုကို ပျက်ပြားစေရန်နှင့် ငြိမ်သက်နေ သည့် ပဋိပက္ခများကို ပြန်လည် ပေါ်ပေါက်စေရန် အချိန်ကိုက် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သမ္မတရုံးက တုံ့ပြန်ပြောကြားသည်။သမ္မတဦးသိန်းစိန်အား အ မေရိကန်ပြည်ထောင်စု နယူး ယောက်မြို့ရှိ အမေရိကန်ဖက်ဒ ရယ်တရားရုံးက အောက်တိုဘာ ၁ ရက်စွဲဖြင့် သမ္မန်စာထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်ရောက် မွတ်စလင်အဖွဲ့အစည်း ၁၉ ခု ပူးပေါင်းဖွဲ့စည်းထားသည့် Burma Task Force USA (BTF) ၏ တရားဝင်ဝက်ဘ်ဆိုက်တွင် သတင်းထုတ်ပြန်ထားသည်။

‘‘နယူးယောက်မင်ဟက်တန် တရားရုံးကနေ သမ္မတကြီးနဲ့ မြန် မာအစိုးရအဖွဲ့ဝင်တွေကို ဆင့် ခေါ်တဲ့ သမ္မန်စာထုတ်တယ်လို့ ကြားရပါတယ်။ နံပါတ် (၁) အ ချက်ကတော့ မြန်မာနိုင်ငံဟာ အ ချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်ပါ တယ်။ သမ္မတကြီးနဲ့ အစိုးရအဖွဲ့ ၀င်တွေဟာ အခြေခံဥပဒေနဲ့အညီ အုပ်ချုပ်ရေးအာဏာကို ကျင့်သုံး နေပါတယ်။ ဒီအတွက် တခြားနိုင် ငံက တရားရုံးတွေမှာ ဖြေရှင်းစရာအကြောင်းလုံးဝမရှိဘူးဆိုတာ ပြောချင်ပါတယ်။ သူတို့စွဲချက်ထဲ ကလို ဘာမှလုပ်ထားတာ မဟုတ် တဲ့အတွက် ဂရုစိုက်စရာလည်း မလိုဘူးဆိုတာ ပြောချင်ပါတယ်’’ ဟု သမ္မတရုံးညွှန်ကြားရေးမှူး ဦး ဇော်ဌေးက ပြောသည်။

သမ္မတဦးသိန်းစိန်ကို မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလာသည့် မွတ်စလင်ဒုက္ခသည်သုံးဦးကိုယ်စားအဆိုပါအဖွဲ့က တရားစွဲဆိုခဲ့သောကြောင့် အမေရိကန်ဖက် ဒရယ်တရားရုံးက သမ္မန်စာဖြင့် ဆင့်ခေါ်ခဲ့ခြင်း ဖြစ်သည်။

‘‘ဒီလိုအချိန်အခါမျိုးမှာ ရို ဟင်ဂျာတက်ကြွလှုပ်ရှားအဖွဲ့အ စည်းတွေအနေနဲ့ ဒီလိုမျိုးလုပ်ရပ် တွေလုပ်ခြင်းအားဖြင့် ဘင်္ဂါလီပြဿနာပြေလည်ရေးထက် ပိုပြီး ရှုပ်ထွေး၊ ပိုပြီးခက်ခဲလာအောင် လုပ်ဆောင်နေတာနဲ့ တူနေပါ တယ်။ အထူးသဖြင့် ရွေးကောက် ပွဲမတိုင်မီ နိုင်ငံရေးတည်ငြိမ်မှု ပျက်ပြားလာအောင် ငြိမ်သက်နေ တဲ့ ပဋိပက္ခတွေ ပြန်လည်ဖြစ်ပေါ် လာအောင် အချိန်ကိုက်လုပ်လာ တာလား သံသယဖြစ်မိပါတယ်။ ဒီလိုမျိုး ပြည်ပမှာရှိတဲ့ ဘင်္ဂါလီ တွေအနေနဲ့ ပြည်တွင်းမှာ ပဋိပက္ခတွေ ထပ်မံဖြစ်ပေါ်လာအောင် မလုပ်ကြဖို့ အထူးအရေးကြီးပါတယ်’’ဟု ဦးဇော်ဌေးက ပြောသည်။

သမ္မတအား စွပ်စွဲထားချက် များတွင် သုံးနှုန်းထားသည့် ရိုဟင် ဂျာအသုံးအနှုန်း၊ လူမျိုးတုံးသတ် ဖြတ်မှု၊ လှေစီးဒုက္ခသည်အရေး စသည့် အခြေအမြစ်မရှိသည့် အ ချက်များကို ကုလသမဂ္ဂအပါအ ၀င် မည်သည့်အဖွဲ့အစည်း၏ စွပ်စွဲချက်များကိုမဆို ပြတ်ပြတ်သားသားပယ်ချကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

‘‘Burma Task Force USA ဟာ ၂၀၁၃ ထဲမှာ ဖွဲ့စည်းခဲ့ပါတယ်။ အမေရိကန်ရောက် မြန်မာမွတ်စလင်တွေလို့ သူတို့ကိုယ်သူတို့ ဆိုထားပါတယ်။ သူတို့အဖွဲ့မှာ အများဆုံးလူ ၁၀ ဦးလောက် ၀န်ထမ်းခန့်ထားတယ်လို့ သိရပါ တယ်။ စွဲချက်တွေထဲမှာ ရိုဟင်ဂျာဆိုတာပါပါတယ်။ ဒါကတော့ ရှင်းပါတယ်။ အစိုးရအနေနဲ့ ဒီဝေါဟာရကို လက်မခံနိုင်ဘူးဆိုတာကို ကမ္ဘာကြီးတစ်ခုလုံးကို ကြေညာ ထားပြီးသားပါ။ ဒါဟာ မြန်မာနိုင် ငံရဲ့ အချုပ်အခြာအာဏာနဲ့ တိုက် ရိုက်သက်ဆိုင်ပါတယ်။ ဒုတိယစွဲ ချက်ကတော့ လူမျိုးတုံးသတ်ဖြတ် တယ်ဆိုတဲ့ ကိစ္စ။ ဒါကလည်း အ ခြေအမြစ်မရှိတဲ့ စွဲချက်တွေပါပဲ။ သူတို့က ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်းရဲ့ ပြောကြားချက်တွေကို ညွှန်းထား တယ်။ အဲဒီမှာ လူမျိုးတုံးဆိုတာ လုံးဝမပါပါဘူး’’ဟု ဦးဇော်ဌေးက ဆက်လက်ပြောကြားသည်။

ယင်းအဖွဲ့၏ ထုတ်ပြန်ချက် တွင် မြန်မာနိုင်ငံ၌ လူနည်းစု ရိုဟင်ဂျာများသည် လွတ်လပ်စွာ ခရီးသွားလာခွင့်၊ ပညာသင်ကြား ခွင့်နှင့် ထိမ်းမြားလက်ထပ်ခွင့်တို့ ဆုံးရှုံးနေပြီး ၎င်းတို့၏ အခြေအနေ မှာ ဆိုးရွားလွန်းနေကြောင်း ရေး သားထားသည်။ ထို့ပြင် ရိုဟင်ဂျာ တစ်သန်းခန့်မှာ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွင် မဲပေးခွင့် အခွင့်အရေးကိုလည်း ဆုံးရှုံးနေရကြောင်းနှင့် လွှတ်တော်က ပြဋ္ဌာန်းလိုက် သည့် မျိုးစောင့်ဥပဒေများဖြင့် လူမျိုးရေးအရ ခွဲခြားခြင်းခံနေရ ကြောင်း ပါရှိသည်။

‘‘မီဒီယာအများစုဟာ ဆီးရီး ယားက ရွှေ့ပြောင်းဒုက္ခသည်တွေအကြောင်းပဲ ဖော်ပြနေကြတယ်။ မြန်မာနိုင်ငံမှာ မလုံခြုံမှုကြောင့် ထွက်ပြေးလာရတဲ့ ရိုဟင်ဂျာဒုက္ခ သည်တွေ ဘယ်နှသိန်းလောက် တောင်ရှိနေပြီလဲ’’ဟု BTF အဖွဲ့ ကို ထောက်ခံသည့် မွတ်စလင် ငြိမ်းချမ်းရေးညွန့်ပေါင်းအဖွဲ့မှ Shaik Ubaid က ပြောသည်။

လှေစီးဒုက္ခသည်အရေးမှာ မြန်မာအစိုးရက နိုင်ငံတကာနှင့် ပူးပေါင်းဖြေရှင်းနေပြီး ဒုက္ခသည် ၈၀ ရာခိုင်နှုန်းသည် ဘင်္ဂလားဒေ့ရှ် မှဖြစ်သည့်အတွက် ဘင်္ဂလားဒေ့ရှ်နှင့် ညှိနှိုင်းပြီး ပြန်လည်ပို့ဆောင် နေကြောင်းနှင့် ယင်းပြဿနာမှာ လူမှောင်ခိုအဖွဲ့များ၏ လူကုန်ကူး ဆောင်ရွက်ချက်များသာ ဖြစ် ကြောင်း ဦးဇော်ဌေးက ဆက်လက်ပြောကြားသည်။

‘‘ကုလသမဂ္ဂအစီရင်ခံစာပါ စွဲချက်အတော်များများကို မြန်မာ နိုင်ငံက ဘယ်တုံးကမှ လက်မခံ ဘဲ ပယ်ချထားပြီးသား ဖြစ်ပါ တယ်’’ဟု ၎င်းက ပြောသည်။

အဆိုပါသမ္မန်စာကို လက် ရှိအချိန်အထိ လက်ခံရရှိခြင်းမရှိ သေးဘဲ အွန်လိုင်းသတင်းများ အရသာသိရှိနေရကြောင်း သမ္မတရုံးက ပြောသည်။

7Day Daily

0 comments:

Post a Comment