Monday, October 12, 2015

ရွေးကောက်ပွဲမတိုင်မီနှစ်ရက်အလိုတွင် ကြိုတင်မဲ ပေးနိုင်မည် လေ့လာစောင့်ကြည့်သူများနှင့် မီဒီယာများ ကြည့်ရှုလေ့လာခွင့်ရမည်ဟုဆို

ကော်မရှင်က စီစဉ်ပြသထားသော မဲပေးရမည့်ပုံစံ၊ ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)

အရေးပေါ်အကြောင်း ကိစ္စကြောင့် မဲဆန္ဒနယ်အတွင်းမှ ပင် ကြိုတင်မဲပေးလိုသူများသည် ရွေးကောက်ပွဲမတိုင်မီနှစ်ရက်အ လို(နိုဝင်ဘာ ၆ရက်)တွင် ရပ်ကွက် ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ သွားရောက်မဲပေး နိုင်ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်မှ သတင်း ရရှိသည်။‘‘မဲဆန္ဒရှင်တစ်ဦးဦးဟာရွေး ကောက်ပွဲကျင်းပတဲ့နေ့မှာ သာ ရေးနာရေးကိစ္စနဲ့ ခရီးဝေးသွားဖို့ ရှိရင် ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲကို အထောက်အထားခိုင်လုံစွာတင်ပြပြီး ကြိုတင်မဲပေးခွင့်ရှိပါတယ်’’ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် တစ်ဦးကပြောသည်။

ထိုသို့ ခွင့်ပြုခြင်းသည် အ ရေးပေါ်လိုအပ်သည့် တစ်ဦးတစ် ယောက်ချင်း၊ မိသားစုတစ်စုချင်း အတွက်သာ ခွင့်ပြုခြင်းဖြစ်ပြီး လုပ်ငန်းအကြောင်းပြချက်ဖြင့်လူ ဦးရေဆယ်ဂဏန်းနှင့်အထက်က ကြိုတင်မဲပေးရန် တောင်းဆိုလာပါက ခွင့်ပြုပေးမည်မဟုတ်ကြောင်း ၎င်းကပြောသည်။


‘‘တံဆိပ်တုံးနဲ့ ဆန္ဒပြုပြီးစာ အိတ်ထဲကိုထည့်။ စာအိတ်ကို သေချာပိတ်ပြီးမဲပုံးထဲကို ကိုယ် တိုင်ထည့်ရမှာပါ’’ဟု ၎င်းကပြော သည်။

ထို့အပြင်ရွေးကောက်ပွဲ ကျင်းပသည့်နေ့တွင် ရွေးကောက် ပွဲတာဝန်ဖြင့် ခရီးသွားရမည့် ကော်မရှင်ဝန်ထမ်းအဆင့်ဆင့်၊ မဲရုံမှူးနှင့် မဲရုံဝန်ထမ်းများ၊ မဲရုံလုံခြုံရေးတာဝန်ကျသော တပ်မတော်သားများနှင့် ရဲများ၊ ကိုယ် စားလှယ်လောင်းများနှင့် ၎င်းတို့၏ ကိုယ်စားလှယ်များ၊ အခြားဒေသသို့ တာဝန်ဖြင့်မဖြစ်မနေသွားရောက်ရမည့် အစိုးရ၀န်ထမ်းများလည်း ကြိုတင်မဲပေးခွင့်ရှိမည်ဖြစ်သည်။

‘‘သူတို့အတွက်ကအောက် တိုဘာ ၂၉ရက်ကနေ နိုဝင်ဘာ ၆ ရက်အတွင်း ကြိုတင်မဲပေးခွင့်ရ မှာပါ’’ဟု ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်အဖွဲ့ဝင်တစ်ဦးကပြောသည်။

မဲဆန္ဒနယ်အတွင်းမှ ကြို တင်မဲပေးခွင့်ရှိသူများထဲတွင် အ နာကြီးရောဂါစွဲကပ်နေသူများ၊ ရောဂါဝေဒနာပြင်းထန်စွာခံစား နေရသူများ၊ နေအိမ်တွင် မီးဖွား နေသူများ၊ အသက်အရွယ်ကြီး ရင့်နေရသူများ၊ မသန်စွမ်းများ၊ ဆေးရုံ၌ အတွင်းလူနာအဖြစ်ကု သခံနေသူများ၊ ရဲစခန်းနှင့် အ ကျဉ်းစခန်းများတွင် အချုပ်ကျခံ နေရသူများလည်းပါဝင်သည်။ မ သန်စွမ်းသူများ၊ ဝေဒနာပြင်းထန် စွာခံစားနေရသူများ အနာကြီးရောဂါစွဲကပ်ခံနေရသူများ၊ မီးဖွား နေသူများနှင့်အသက်အရွယ်ကြီး ရင့်နေသူများမဲရုံသို့ သွားရောက် မဲမပေးနိုင်ပါက နေအိမ်မှပင်ကြို တင်မဲပေးနိုင်ရန် ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ သ တင်းရရှိသည်။

၂၀၁၀ အထွေထွေရွေး ကောက်ပွဲသည် ကြိုတင်မဲကြောင့် တရားမျှတမှုမရှိသော ရွေးကောက်ပွဲအဖြစ် နာမည်ပျက်ခဲ့သည်။

‘‘လာမယ့်ရွေးကောက်ပွဲ မှာတော့ ကြိုတင်မဲကြောင့်နာမည်မပျက်အောင်သေချာဆောင်ရွက် ထားပါတယ်။ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှာ ကြိုတင်မဲပေးမှုအားလုံးကို မဲရုံကိုယ်စားလှယ်တွေ၊ လေ့လာ စောင့်ကြည့်သူတွေနဲ့ မီဒီယာတွေ ကို ကြည့်ရှုလေ့လာခွင့်ပေးပါ မယ်’’ဟု အထက်ပါပုဂ္ဂိုလ်ကပြော သည်။

ရွေးကောက်ပွဲကျင်းပမည့် နေ့တွင် ရပ်ကွက်၊ကျေးရွာကော် မရှင်သည် ကြိုတင်မဲပုံးကို ကြို တင်မဲပေးထားသူများ၏ အမည် စာရင်းနှင့်တကွ မဲရုံမဖွင့်မီ မဲရုံမှူး ထံ အပ်နှံရမည်ဖြစ်သည်။ အဆိုပါ စာရင်းကို မဲရုံမှူးက အများပြည် သူကြည့်ရှုနိုင်ရန် မဲရုံရှေ့တွင်ကပ် ထားရမည်ဖြစ်သည်။ ကြိုတင်မဲ များကို မဲရုံပိတ်ပြီးချိန်တွင် မဲရုံ ကိုယ်စားလှယ်များ၊ လေ့လာ စောင့်ကြည့်သူများနှင့် မီဒီယာများ ရှေ့တွင် ရေတွက်ရမည်ဖြစ်ပြီး ကြိုတင်မဲရလဒ်များကို မဲရုံသို့မဲ လာပေးသော မဲရလဒ်များနှင့်အ တူ အများပြည်သူကြည့်ရှုနိုင်ရန် မဲရုံရှေ့ ကပ်ထားရမည်ဖြစ်ကြောင်း ရွေးကောက်ပွဲ ဥပဒေများတွင် ပြဋ္ဌာန်းထားသည်။

မဲစာရင်းကိုအခြေခံပြုလုပ် ထားသည့် မဲဆန္ဒရှင်သက်သေခံ လက်မှတ်များကို အောက်မြန်မာ နိုင်ငံရှိ မဲဆန္ဒနယ်များအတွက် ရန်ကုန်မြို့မှလည်းကောင်း၊ အ ထက်မြန်မာနိုင်ငံရှိ မဲဆန္ဒနယ်များ အတွက် နေပြည်တော်မှလည်း ကောင်း အောက်တိုဘာ ဒုတိယ ပတ်မှ စတင်ဖြန့်ဝေလျက်ရှိ ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှသိရသည်။

7Day Daily

0 comments:

Post a Comment