Monday, October 12, 2015

ကေအင်န်ယူတပ်မဟာ (၅) တပ်သားသစ် စုဆောင်းမှုကြောင့် ဒေသခံနှစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်ဟု ပြည်နယ်အစိုးရအဖွဲ့ ပြော

ကေအင်န်ယူတပ်မဟာ (၅)၏ တပ်သားသစ်စုဆောင်းမှု ကြောင့် ဖာပွန်မြို့နယ်ရှိ ကျေးရွာအချို့မှ ဒေသခံ နှစ်ထောင်ကျော်မြိုင်ကြီးငူဒေသသို့ ထွက်ပြေးတိမ်းရှောင်လာရသည်ဟု ကရင်ပြည်နယ် အစိုးရအဖွဲ့မှ သတင်းရရှိ သည်။ဖာပွန်မြို့နယ် ဟတ်ကြီး၊ ပိုင်လာ၊ ၀ါမုလောနှင့် မယ်ညော ကျေးရွာများအပါအ၀င် ကျေးရွာ စုစုပေါင်း ၁၇ ရွာမှ ဒေသခံ ၂,၅၀၀ ခန့် မြိုင်ကြီးငူဒေသသို့ တိမ်းရှောင်လာခြင်းဖြစ်ပြီး ၎င်းတို့အား အစိုးရအဖွဲ့နှင့် ဒေသတွင်းလူမှု ရေး အဖွဲ့အစည်းများက ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးနေသည်ဟု ကရင်ပြည်နယ် ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဦးစီးဌာန တာဝန်ရှိ သူတစ်ဦးက ပြောသည်။

‘‘တပ်မတော် (၅) ကနေ လူ သစ်စုလို့ဆိုပြီး ရွာသားတွေ တိမ်း ရှောင်လာတယ်လို့တော့ ကြားတယ်။ ဒါပေမဲ့ မြေပြင်အခြေ အနေမှန်ကို ကျွန်တော်တို့ စုံစမ်း နေပါတယ်။ ဒီလိုတွေ ဘာကြောင့်ဖြစ်သလဲဆိုတာ’’ဟု ကရင်အမျိုး သားအစည်းအရုံး(ကေအင်န်ယူ) မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

ဖာပွန်မြို့နယ်အတွင်း ကေ အင်န်ယူတပ်မဟာ (၅) နှင့် တပ် မဟာ (၁)တို့ အခြေချနေပြီး တပ်မ ဟာ (၅) သည် အစိုးရနှင့် ကေအင်န် ယူဗဟို၏ တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးမည့်အစီအစဉ်ကို လက်မခံသေးပေ။ ဒေသခံရွာ

သား တစ်ဦးကို ရိုက်နှက်သတ်ဖြတ်မှုဖြင့် ကေအင်န်ယူတပ်မဟာ (၅)မှ ဗိုလ်အဆင့်ရှိသူတစ်ဦးနှင့် တပ်ဖွဲ့ဝင်ဦးရေ ၃၀ ကို ကရင်ပြည်နယ် ရဲတပ်ဖွဲ့က အမှုဖွင့်ထားပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်လမ်းကြောင်းမှ ရဟတ်ယာဉ်တစ်စီးကိုလည်း ဖာပွန်မြို့ နယ်အတွင်း လက်နက်ငယ်ဖြင့် ပစ်ခတ်မှု တစ်ခု အောက်တိုဘာ ၆ ရက်က ဖြစ်ပွားခဲ့သည်။

7Day Daily

0 comments:

Post a Comment