လာမည့်နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ၌ ကြိုတင်မဲပေးရန် နိုင်ငံတကာရှိ မြန်မာသံရုံးများသို့ လျှောက်ထားလာသူ ပြည်ပရောက်မြန်မာနိုင်ငံသား ဦးရေ ၃၀,၀၀၀ကျော်ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ သ တင်းရရှိသည်။ပြည်ပရောက်မြန်မာနိုင်ငံ သားများအနေဖြင့် ကြိုတင်မဲပေး လိုပါက သက်ဆိုင်ရာနိုင်ငံရှိ မြန် မာသံရုံးများတွင် ပုံစံ-၁၅ ဖြင့် လျှောက်ထားရမည်ဖြစ်ကာ လက်ရှိအချိန်ထိ လျှောက်ထားသူသည် ၃၄,၀၀၀ ကျော်ရှိနေသည်ဟု ပြည် ထောင်စုရွေးကောက်ပွဲကော်မ ရှင်အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ပြည်ပရောက်မြန်မာနိုင်ငံ သားများ ကြိုတင်မဲပေးရန် လျှောက်ထားလာမှုတွင် လက်ခံရရှိသော လျှောက်လွှာများ၌ လျှောက်ထား သူသည် မဲပေးပိုင်ခွင့်ရှိသူဟုတ်၊ မဟုတ်စိစစ်ပြီး မဲပေးပိုင်ခွင့်ရှိသူ ဖြစ်ကြောင်း အတည်ပြုနိုင်ပါက မဲလက်မှတ်များကို သက်ဆိုင်ရာ နိုင်ငံရှိ မြန်မာသံရုံးသို့ နိုင်ငံခြား ရေးဝန်ကြီးဌာနမှတစ်ဆင့် ပို့ ဆောင်ပေးမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၊ ရွေး ကောက်ပွဲဌာန ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ပြောသည်။
ကြိုတင်မဲပေးရန် ပုံစံ-၁၅ ဖြင့် လျှောက်ထားလာသည့် ပြည်ပရောက်မြန်မာနိုင်ငံသားများ၏ ကြိုတင်မဲပေးခွင့် လက်မှတ်များကို နိုင်ငံခြားရေးဝန်ကြီးဌာနသို့ အောက်တိုဘာ ၁၀ ရက် နောက်ဆုံးထားကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပေးပို့မည် ဟုဆိုသည်။
7Day Daily
Sunday, October 4, 2015
ပြည်ပရောက်မြန်မာများ ကြိုတင်မဲပေးရန် လျှောက်ထားသူ သုံးသောင်းကျော်ရှိ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment