စက်တင်ဘာသည် အစိုးရနှင့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များအကြား ပြီးခဲ့ သည့် ငါးလတာအတွင်း တိုက်ပွဲ ဖြစ်ပွားမှုအများဆုံး စံချိန်တင်လ ဖြစ်ခဲ့ကြောင်း မြန်မာ့ငြိမ်းချမ်းရေး စောင့်ကြည့်လေ့လာသော Myanmar Peace Monitor မှတ် တမ်း၌ တွေ့ရသည်။
စက်တင်ဘာအတွင်း တိုက်ပွဲပေါင်း ၄၁ ပွဲဖြစ်ပွားခဲ့ပြီး ဩဂုတ်ကထက် ၂၇ ပွဲ ပိုများခဲ့သည်။စက်တင်ဘာအတွင်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်းတို့တွင် အစိုးရတပ်မတော်နှင့် ကချင်လွတ်မြောက် ရေးတပ်မတော် (KIA)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA)၊ တအာင်န်းအမျိုးသားလွတ် မြောက်ရေးတပ်မတော် (TNLA)တို့ကြား ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုတိုက်ပွဲများအတွင်း နှစ်ဖက် စစ်သည်၊ အရာရှိတို့ကျဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှုရှိခဲ့ပြီး အရပ် သားများ သေဆုံးဒဏ်ရာရမှု ဖြစ်ပေါ်စေခဲ့သည်။
ယခု အောက်တိုဘာလဆန်းအထိ ယင်းဒေသများတွင် နှစ်ဖက်ကြား အခြေအနေတင်းမာနေဆဲဖြစ်ပြီး တိုက်ပွဲများဖြစ်ပွား လျက်ရှိသည်။ထို့အပြင် စက်တင်ဘာ နှောင်းပိုင်းက ‘ဝ’ပြည် သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) နှင့် အစိုးရတပ်မတော်တို့ အစည်းအဝေးပြုလုပ်နေစဉ် ကာလအတွင်း နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး နှစ်ဖက်စလုံးမှ ကျဆုံးမှုရှိခဲ့သည်။
ဤအတောအတွင်း စက် တင်ဘာ ၉ ရက်တွင် နေပြည်တော်၌ သမ္မတဦးသိန်းစိန်နှင့် တိုင်းရင်းသားလက်နက်ကိုင် ခေါင်း ဆောင်ကိုးဦးတို့သည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA)အတွက် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ စက်တင်ဘာ ၂၈ ရက်မှ ၃၀ ရက်အထိ ထိုင်းနိုင်ငံ ချင်းမိုင်တွင် တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး ကျင်းပခဲ့ပြီး အဖွဲ့ပေါင်း ၂၁ ဖွဲ့အနက် ခုနစ်ဖွဲ့က အစိုးရနှင့် NCA ရေးထိုးမည်ဟု ထုတ်ပြန်ခဲ့သည်။
တိုက်ပွဲဖြစ်ပွားလျက်ရှိသော အဖွဲ့များ အပါအဝင် ကျန် ၁၄ ဖွဲ့ကမူ NCA ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်လက်မှတ်ထိုးရေး အစိုးရက သဘောမတူညီသေး၍ အပစ်ရပ်စာချုပ် လက်မှတ်မထိုးသေးဟု ဆိုသည်။
7Day Dailya
Sunday, October 4, 2015
ငါးလအတွင်း စက်တင်ဘာသည် တိုက်ပွဲအများဆုံး ဖြစ်ပွားရာလဖြစ်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment