မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းမြှင့်တင်နိုင်ရန် ပြည်တွင်းခရီးသွားကုမ္ပဏီတစ်ခုနှင့် ဂျာမနီနိုင်ငံ ရုပ်သံဌာနတို့ပူးပေါင်း၍ မန္တလေး-သီပေါ-လားရှိုးရထားလမ်းခရီးစဉ်ကို ခရီးသွားရုပ်သံမှတ်တမ်း ရိုက်ကူးခဲ့ကြောင်း မန္တလေးတိုင်းဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။မန္တလေးတိုင်းအတွင်းနှင့် မန္တလေး-သီပေါ-လားရှိုးရထား လမ်းပိုင်းခရီးစဉ်များကို ဂျာမနီ နိုင်ငံ ARTE TV Channel နှင့် French German Culture Channel တို့တွင် ပြသရန် ပြည် တွင်းရှိ Yadanabon Kingdom ခရီးသွားကုမ္ပဏီနှင့် ပူးပေါင်းစီ စဉ်ခြင်းဖြစ်ကြောင်း မန္တလေး တိုင်းဟိုတယ်နှင့် ခရီးသွားလာ ရေးဝန်ကြီးဌာနမှ သိရသည်။
‘‘အဓိကက နာမည်ကြီးတဲ့ ဂုတ်ထိပ်ရထားခရီးစဉ်ပေါ့။ မြန် မာနိုင်ငံခရီးသွားလာရေးလုပ်ငန်း မြှင့်တင်ဖို့အတွက် ဒီမီးရထား လမ်းတစ်လျှောက်ကို ရိုက်ကူး သွားတာပါ။ သူတို့ဂျာမနီနိုင်ငံ ရုပ်သံဌာနမှာ မိနစ်ငါးဆယ်စာ ရိုက်ကူးတင်ပြဖို့အတွက် အချိန် ယူပြီး ရိုက်ကူးသွားတာပါ။ အစ်မ တို့က နိုင်ငံခြားသားတွေ လာ ရောက်ရိုက်ကူးတဲ့အတွက် ဌာန က လိုက်ပါကြီးကြပ်ပေးတဲ့ သ ဘောပါ’’ဟု မြန်မာခရီးသွားလာ ရေးလုပ်ငန်းဝန်ကြီးဌာန တာဝန် ရှိသူ ဒေါ်သင်းသင်းနွယ်က ပြော သည်။
ရှမ်းပြည်နယ် မြောက်ပိုင်း မန္တလေး-သီပေါ-လားရှိုး ရထား လမ်းပိုင်း မီးရထားခရီးစဉ်တစ် လျှောက်ရှိ ဘူတာများဖြစ်သော မန္တလေးဘူတာကြီး၊ လေးလွန်း ထိုး၊ ဇီးပင်ကြီး၊ ပြင်ဦးလွင်၊ နောင်ချို၊ ဂုတ်ထိပ်၊ နောင်ပိန်၊ ကျောက်မဲ၊ သီပေါဘူတာတို့အပါအ၀င် ပြင်ဦးလွင်မြို့ အလှအပရှုခင်း များ၊ ဈေးနှင့် သာသနိကအ ဆောက်အအုံများ၊ မန္တလေးမြို့ရှိ မဟာမြတ်မုနိဘုရားကြီး၊ ကုသိုလ်တော်ဘုရားနှင့် မဟာဂန္ဓာရုံဘုန်း ကြီးကျောင်းတိုက်တို့ကိုပါ ခရီး သွားမှတ်တမ်းရိုက်ကူးခဲ့ကြောင်း သိရသည်။
‘‘ဂုတ်ထိပ်တံတားတစ် လျှောက်ကို ရထားနဲ့ပဲ သွားရတာ ဆိုတော့ ရထားလမ်းတစ် လျှောက်မှာရှိတဲ့ ဘူတာတွေ၊ ရထား စတင်ထွက်ခွာပုံတွေနဲ့ လမ်းတစ်လျှောက် သဘာဝရှုခင်း တွေရယ်၊ မြန်မာ့ရိုးရာအစားအ သောက်တွေနဲ့ သဘာဝသစ်ဥသစ် ဖုတွေက ရတဲ့ ဆေးစွမ်းကောင်း တွေ တူးဖော်တာတွေ၊ ခရီးစဉ် တစ်လျှောက် မီးရထားလမ်းပိုင်း ဆောင်ရွက်တာတွေကို အဓိက ရိုက်ကူးသွားတာပါ’’ဟု ခရီးသွား မှတ်တမ်းရိုက်ကူးရာတွင် လိုက်ပါ ဆောင်ရွက်သည့် ဒေါ်သင်းသင်းနွယ်က ပြောသည်။
မြန်မာနိုင်ငံခရီးသွားမှတ် တမ်းရုပ်သံရိုက်ကူးရန် ဂျာမနီ နိုင်ငံ Medien Kontor ရုပ်သံဌာန မှ ဂျာမန်လူမျိုးဒါရိုက်တာ Mr. Martin Sehacht နှင့် အဖွဲ့ဝင် နှစ်ဦးတို့ ပါဝင်သော ရိုက်ကူးရေး အဖွဲ့သည် စက်တင်ဘာ ၁၄ ရက်မှ ၃၀ ရက်အထိ ရိုက်ကူးခဲ့ သည်။
7Day Daily
Friday, October 9, 2015
ဂုတ်ထိပ်တံတားခရီးစဉ်ကို ဂျာမနီနိုင်ငံ ရုပ်သံမှ လာရောက်ရိုက်ကူး
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment