Thursday, October 1, 2015

နောက်ဆုံးကြေညာသည့် မဲစာရင်းများ မှားယွင်းခြင်းက ဆော့ဖ်ဝဲပြောင်းလဲအသုံးပြုလိုက်ခြင်းကြောင့်ဟု ဦးတင်အေးပြော


စက်တင်ဘာ ၁၄ရက်က နောက်ဆုံးကြေညာခဲ့သော မဲစာရင်း များ မှားယွင်းခြင်းသည် နည်းပညာ ပိုင်းကို တာဝန်ယူလုပ်ကိုင်ပေးသည့် ကုမ္ပဏီမှ ဆော့ဖ်ဝဲပြောင်းလဲအသုံး ပြုလိုက်ခြင်းကြောင့် မဲစာရင်းများမှား ယွင်းခဲ့ခြင်းဖြစ်သည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင် အေးက ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် စက် တင်ဘာ ၂၅ရက်က နေပြည်တော်ရှိ Kempinski Hotel တွင်ပြုလုပ်ခဲ့ သော ရွေးကောက်ပွဲဆိုင်ရာကျင့်ဝတ် ဆွေးနွေးပွဲ၌ အထက်ပါအတိုင်း မီဒီ ယာများကို ပြောကြားခဲ့ခြင်းဖြစ်သည်။

''မဲစာရင်းမှားတယ်ဆိုရင် မှား တယ်ဆိုတဲ့အကြောင်း ပြင်ဆင်ဖြည့် စွက်ပြီးတော့ လျှောက်ပါ။ မှားတယ် ဆိုပြီးတော့ပဲ ပြောနေလို့မရဘူး။ ပူး ပေါင်းလုပ်ဆောင်ကြပါလို့ပဲ ပြောချင် ပါတယ်။ အခု မဲစာရင်းကြေညာတဲ့ အခါမှာ မှားယွင်းတာကလဲ ကျွန်တော် တို့အပ်ထားတဲ့ ကုမ္ပဏီက ဆော့ဖ်ဝဲ ကို ပြောင်းလဲအသုံးပြုလိုက်တာကြောင့် ပါ။ သူတို့ ဆော့ဖ်ဝဲကိုပြောင်းသုံးလိုက် တာကိုလဲ ကျွန်တော် မသိလိုက်ဘူး။ မဲစာရင်းကြေညာပြီးမှ ဒါကိုသိတယ်'' ဟု ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်ဥက္ကဋ္ဌ ဦးတင်အေးကပြောသည်။

၂ဝ၁၅ အထွေထွေရွေးကောက် ပွဲတွင် မဲပေးခွင့်ရှိသူများစာရင်းကို စက် တင်ဘာ ၁၄ ရက်က တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်မှ ကြေညာခဲ့ သည်။

အဆိုပါမဲစာရင်းတွင် တစ်စုံတစ် ရာ မှားယွင်းနေပါက ပြင်ဆင်ဖြည့် စွက်ချက်များကို စက်တင်ဘာ ၂၇ရက် နောက်ဆုံးထား လျှောက်ထားရမည် ဟုလည်း ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က ကြေညာထားသည်။

''စက်တင်ဘာ ၂၇ရက် နောက် ဆုံးထားလျှောက်ရမယ်။ မဲစာရင်းမှား တယ်ဆိုတဲ့သူတွေက ဒါပြီးရင် နောက် ထပ် မဲစာရင်းကြေညာဖို့ မရှိတော့ ဘူး။ ဒါက နောက်ဆုံးကြေညာတာပဲ'' ဟု ဦးတင်အေးက ပြောသည်။

စက်တင်ဘာ ၁၄ ရက်မှ ၂၇ ရက်အထိ တစ်နိုင်ငံလုံးအတိုင်းအ တာနှင့် ကြေညာခဲ့သော မဲစာရင်း တွင် ယခင်မဲစာရင်းကြေညာစဉ်က ပါဝင်ခဲ့သူများ ပါဝင်လာခြင်းမရှိ၊ သေဆုံးသူများ ပါဝင်လာခြင်း၊ မွေး နေ့သက္ကရာဇ်များ မှားယွင်းနေခြင်း၊ အမည်များမှားယွင်းနေခြင်း စသည့် ကိစ္စရပ်များ ကြုံ့တွေနေခြင်းကြောင့် ပြည်သူများသည် မဲမပေးရမည်ကို စိုးရိမ်နေကြသည်။

''ပထမကြေညာတဲ့မဲစာရင်းမှာ ကျွန်မနာမည် ပါတယ်။ အခုနောက် ဆုံးကြေညာတဲ့ စာရင်းမှာကျတော့ မပါလာဘူး။ သွားလျှောက်တော့လဲ အခုထိဘာမှမသိရသေးဘူး''ဟု မန္တ လေးတိုင်းဒေသကြီး ချမ်းမြသာစည် မြို့နယ်မှ မပိုးလေပြေကပြောသည်။

နောက်ဆုံးကြေညာသည့် မဲစာ ရင်းများ မှားယွင်းခြင်းက နည်းပညာ ပိုင်းတာဝန်ယူထားသည့် ကုမ္ပဏီမှ ဆော့ဖ်ဝဲပြောင်းလဲအသုံးပြုလိုက်ခြင်း ကြောင့် မှားယွင်းသွားခြင်းဖြစ်သည် ဟု ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောဆိုခဲ့ သော်လည်း ကုမ္ပဏီနာမည်ကို ထုတ် ဖော်ပြောကြားခဲ့ခြင်း မရှိပေ။

သို့သော် ၂ဝ၁၅ အထွေထွေရွေး ကောက်ပွဲတွင် မဲပေးခွင့်ရှိသူများ မဲ ပေးခွင့် မဆုံးရှုံးရစေရေးအတွက် ရွေး ကောက်ပွဲကျင်းပသည့်နေ့ မရောက်မီ နှစ်ရက်အလိုတွင် မဲပေးခွင့်ရှိကြောင်း သက်သေခံလက်မှတ်များကို ထုတ်ပေး သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့် နိုင်က ပြောသည်။

စက်တင်ဘာ ၁၄ရက်မှ ၂၇ရက် အထိ ကြေညာခဲ့သော မဲစာရင်းကို ရက်ထပ်တိုးကြေညာရန် အစီအစဉ် မရှိသော်လည်း ရေဘေးသင့်ဒေသ များဖြစ်သော တိုင်းဒေသကြီးနှင့်ပြည် နယ်များတွင် စက်တင်ဘာ ၃ဝရက် အထိ ရက်တိုးမြှင့်၍ကြေညာခဲ့ကြောင်း သိရသည်။


‪‎YangonMediaGroup‬

0 comments:

Post a Comment