Thursday, October 1, 2015

အမေရိကန် ကောလိပ်ကျောင်းအတွင်းပစ်ခတ်မှုဖြစ် ၁၀ဦးသေ


အမေရိကန်နိုင်ငံ အော်ရီဂွန်ပြည်နယ်ရှိ Umpqua ကွန်မြူနတီ ကောလိပ်ကျောင်းဝန်းအတွင်း ပစ်ခတ်မှုဖြစ်ပွား ရာ လူ ၁၀ ဦးသေဆုံးသွားပြီး ၇ဦးဒဏ်ရာရရှိကာ သေနတ်သမားလည်း ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ပွဲချင်းပြီးသေဆုံးသွားကြောင်း CNN သတင်းတွင် ဖော်ပြထားသည်။သေနတ်သမားမှာ ၂၆ နှစ်အရွယ်ရှိ ဟာပါမာဆာ ဆိုသူဖြစ်ပြီး ကျည်ကာအင်္ကျီဝတ်ဆင်ထား ကာ ပစ်ခတ်ဖို့ရန်အတွက် ကျည်ဆံများစွာပါရှိကြောင်း သိရသည်။

ကက်ဆန်ဒရာ ၀ဲလ်ဒင်းဆိုသည့် ကျောင်းသူက “ ပစ်ခတ်ဆူညံသံတွေကြားကတည်း ပုံမှန်မဟုတ်တော့ဘူးဆို တာသိတယ်၊ ဒါကြောင့် ကျောင်းသားအားလုံးက တံခါးတွေပိတ်၊ မီးတွေကို အမှောင်ချပြီး၊ကုလားထိုင်တွေ၊ ခုံတွေနောက်မှာဝပ်နေကြတယ်” ဟုဆိုသည်။

အဲဒီနောက်မှာတော့ ရဲတပ်ဖွဲ့နဲ့ မိဘဆွေမျိုးတွေဆီ ဖုံးဆက်ကြသည်၊ ပစ်ခတ်မှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့စုံစမ်း စစ်ဆေးနေသည်။

ဧရာဝတီ

0 comments:

Post a Comment