Wednesday, October 14, 2015

'ပြောင်းလဲချိန်တန်ပြီ' ဇာတ်လမ်းတွင်ပါဝင်ရိုက်ကူးခြင်းကြောင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ခံဝန်လက်မှတ်ထိုးခိုင်းသည် ဆိုသည့်သတင်းအား သရုပ်ဆောင်လူမင်းငြင်းဆို


NLD ပါတီအောင်နိုင်ရေးအဖြစ် ရိုက်ကူး သော'ပြောင်းလဲချိန်တန်ပြီ' ဇာတ် လမ်းတွင် ပါဝင်ရိုက်ကူးခြင်းကြောင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ သရုပ်ဆောင် လူမင်းအား ခံဝန်လက် မှတ်ထိုးခိုင်းသည်ဆိုသည့် သတင်း မှာမဟုတ်မှန်ကြောင်း ကာယကံရှင် လူမင်းမှ ငြင်းဆိုလိုက်သည်။''အခု အင်တာနက်စာမျက်နှာ ပေါ်တွေမှာ ပျံ့နေတဲ့ကျွန်တော်နဲ့ ပတ်သက်တဲ့သတင်းက မှားနေပါ တယ်။ ကျွန်တော် NLD ပါတီ အောင်နိုင်ရေးအဖြစ် ရိုက်ကူးသော 'ပြောင်းလဲချိန်တန်ပြီ' ဇာတ်လမ်းမှာ ပါဝင်တဲ့အတွက် အစည်းအရုံးက လက်မှတ်ရေးထိုးခိုင်းတယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ ဘယ်လိုကနေ ဘယ်လိုသတင်းတွေပျံ့သွားတယ် ဆိုတာကို ကျွန်တော်မသိပါဘူး''ဟု ယင်းကဆိုသည်။

လတ်တလောတွင် လူမှုကွန် ရက်စာမျက်နှာများပေါ်၌ ပျံ့နှံ့ လျက်ရှိသော NLD ပါတီအောင် နိုင်ရေးအဖြစ် ရိုက်ကူးသော'ပြောင်း လဲချိန်တန်ပြီ'ဇာတ်လမ်းတွင် ပါဝင် သရုပ်ဆောင်ခဲ့သည့် သရုပ်ဆောင် လူမင်းကို ယင်းကဲ့သို့သော ဇာတ် လမ်းမျိုး ထပ်မံရိုက်ကူးခြင်းမပြုရန် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ခံ

ဝန်ရေးထိုးခိုင်းသည်ဆိုသည့်သတင်း များမှာ လူမှုကွန်ရက်စာမျက်နှာ အချို့တွင် ပျံ့နှံ့လျက်ရှိကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန် ရှိသူတစ်ဦးက ''အန်ကယ်လေးက ရုပ်ရှင်အစည်းအရုံးမှာ ဥက္ကဋ္ဌတာ ဝန်ယူထားတဲ့သူတစ်ဦးပါ။ ဥက္ကဋ္ဌ တစ်ဦးကို ကျွန်တော်တို့လို အမှုဆောင် တွေက ဘယ်လိုလုပ်ပြီးတော့ ခံဝန် ကတိထိုးခိုင်းလို့ရမှာလဲ။ အဲဒီသတင်း က အမှားကြီးပါ''ဟုဆိုသည်။

လက်ရှိတွင် သရုပ်ဆောင် လူ မင်းသည် မြန်မာနိုင်ငံရုပ်ရှင်အ စည်းအရုံးတွင် ဥက္ကဋ္ဌတာဝန်ယူထား သူတစ်ဦးဖြစ်သည်။

NLD ပါတီအောင်နိုင်ရေး အဖြစ်ရိုက်ကူးသော'ပြောင်းလဲချိန် တန်ပြီ' ဇာတ်လမ်းသည် ယခုနှစ် အတွင်းပြုလုပ်မည့် ရွေးကောက်ပွဲ နှင့်ပတ်သက်၍ NLD ပါတီအောင် နိုင်ရေးအတွက် အနုပညာရှင်များမှ ပါဝင်ကာ NLD ပါတီနှင့် ပတ်သက် သော အချက်အလက်များကို ထည့် သွင်းရိုက်ကူးထားသော ဇာတ်လမ်း ဖြစ်ပြီး ယင်းဇာတ်လမ်းကို ဒါရိုက် တာ မိုက်တီးနှင့်ဝိုင်းတို့မှ ပူးပေါင်း ရိုက်ကူးပုံဖော်ထားခြင်းဖြစ်ကာ သရုပ်ဆောင်များအဖြစ် လူမင်း၊ ခန့်စည်သူ၊ မိုးယံဇွန်၊ ထွန်းအိန္ဒြာ ဗို၊ ခိုင်သင်းကြည်၊ သင်ဇာဝင့်ကျော်၊ ချစ်သုဝေနှင့် အနုပညာရှင်များမှ ပါဝင်သရုပ်ဆောင်ထားကြောင်း သိရသည်။


‪‎DemocracyToday‬

0 comments:

Post a Comment