Tuesday, October 13, 2015

ကမ္ဘာ့လူကောင် အထွားဆုံးလူသား


André the Giant လို့အမည်ရတဲ့ ပုဂ္ဂိုလ်ဟာ သမိုင်းမှာ ကမ္ဘာ့လူကောင် အထွားဆုံး မှတ်တမ်းအတင်ခံခဲ့ရဖူး ပါတယ်။ May 19, 1946 မှ မွေးဖွားပြီး January 27, 1993 မှာ ကွယ်လွန်တာကြောင့် အသက် ၄၇ နှစ်အထိ နေခဲ့ ပါတယ်။ သူဟာ 1970 ကျော်တုန်းကလည်း ကမ္ဘာ့ ဝင်ငွေအများဆုံး နပန်းသမား အဖြစ်လည်း ဂင်းနစ်စာအုပ်ထဲမှာ မှတ်တမ်းဝင်ခဲ့ ပါသေးတယ်။ အဲ့တုန်းက တစ်နှစ်ကို သူ့ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၄သိန်းရှိပြီး သူ့ခေတ် သူ့ခါမှာ အများဆုံး ဖြစ်ပါတယ်။ ၆ နာရီအတွင်း ဘီယာ အဗူး ၁၁၉ ဗူး သောက်ပြီးတော့လည်း ကမ္ဘာ့ ဘီယာ အသောက်နိုင်ဆုံးလူသားအဖြစ်လည်း စံချိန်တင်ပါသေးတယ်။ လီတာအားဖြင့် တွက်ရင် ၄၁ လီတာကို တစ်ထိုင်တည်း သောက်ခြင်း ဖြစ်ပါတယ်။ သူဟာ ငယ်စဉ်ကတည်းက သူ့ရဲ့ ကြီးထွားမှုဟိုမုန်းဟာ သာမန်လူများထက် ထူးခြားခဲ့ပြီး အသက် ၁၂ နှစ်ကနေစလို့ အင်မတန် ကြီးထွားလာခြင်း ဖြစ်ပါတယ်။ အသက် ၁၂ တုန်းက အရပ် ၆ပေကျော်ရှိပြီး ၁၈ ကျော်တဲ့ အခါ အရပ် ၇ပေ၅လက်မ အထိ ရှိသွား ပါတယ်။ အလေးချိန်ဟာလည်း ၅၅၀ ပေါင် ရှိပါတယ်။ သူဟာ ပြင်သစ်နိုင်ငံဖွားဖြစ်ပြီး ပြင်သစ်နိုင်ငံမှာတင်မက အမေရိကန်နိုင်ငံအထိမှာပါ အောင်မြင်တဲ့ နပန်းသတ် ချန်ပီယံတစ်ဦး ဖြစ်လာခဲ့ ပါတယ်။

ဒါ့အပြင် ရုပ်ရှင်ပေါင်းများစွာများလည်း ပါဝင် ရိုက်ကူးပြီး နာမည်ကြီး ရုပ်ရှင် အတော်များများမှာ ဗီလိန် အဖြစ် ပါဝင်ခဲ့ ပါတယ်။ သူဟာ အမေရိကန် နပန်းသမိုင်းမှာ The undertaker ပြီးရင် greatest big man in wrestling history အဖြစ် စံချိန်တင်ခဲ့ ပါတယ်။

Ref: wiki
အောင်ခမ်း (ရိုးရာလေး)
aungkham_yyl
knowledge_yyl
www.yoyarlay.com

0 comments:

Post a Comment