Wednesday, October 14, 2015

အောက်တိုဘာ ဒုတိယပတ်ရေဘေးကြောင့် ၄၃ ဦးသေဆုံး ခြောက်ဦးပျောက်ဆုံး

အောက်တိုဘာ ဒုတိယ ပတ်တွင် ကြုံတွေ့ခဲ့သော ရေဘေး ကြောင့် လေးရက်အတွင်း သေ ဆုံးသူ ၄၃ ဦးရှိပြီး ပျောက်ဆုံးနေသူ ခြောက်ဦးရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကယားပြည်နယ်တို့တွင် အောက် တိုဘာ ၈ မှ ၁၂ ရက်အတွင်း မိုး သည်းထန်စွာ ရွာသွန်းပြီး ရေဘေးအန္တရာယ်ရင်ဆိုင်ရကာ လူသေဆုံးမှုများပြားခဲ့ခြင်း ဖြစ် သည်။ ကယားပြည်နယ် မော်ချီး ဒေသတွင် အောက်တိုဘာ ၁၁ ရက်က ရေဘေးကြောင့် ၁၇ ဦးသေဆုံးကာ ခြောက်ဦးပျောက်ဆုံး နေဆဲဖြစ်သည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးအောင်က ပြောသည်။

စစ်ကိုင်းတိုင်း ဒေသကြီး ကလေးဝမြို့နယ်၊ ကျောက်ကြီး ကျေးရွာတွင် တောင်ကျရေ ကြောင့် လူ ၁၄ ဦးသေဆုံးခဲ့ပြီး မော်လိုက်မြို့တွင် လေးဦးနှင့် ပင်လည်ဘူးမြို့တွင် တစ်ဦး သေ ဆုံးကာ စစ်ကိုင်းတိုင်းဒေသကြီး တစ်ခုတည်းမှာပင် ၁၉ ဦး သေဆုံးခဲ့သည်ဟု ဦးစိုးအောင်က ပြော သည်။ မကွေးတိုင်းဒေသကြီး မင်းလှမြို့ ငနောင်မုန်းကျေးရွာ တွင်လည်း တောင်ကျရေကြောင့် လူခုနစ်ဦးမျောပါ သေဆုံးခဲ့သည်။ ရေဘေးကြောင့် ပျက်စီးဆုံးရှုံးမှု စာရင်းကို စိစစ်နေဆဲဖြစ်ပြီး လက်ရှိအချိန်တွင် ကယ်ဆယ်ရေးပိုင်းကို ဦးစားပေးလုပ်ဆောင်နေသည်ဟု ဦးစိုးအောင် က ပြောသည်။

မိုးလွန်ကာလ ဖြစ်သည့် အောက်တိုဘာနှင့် နိုဝင်ဘာအ တွင်း နေရာကွက်မိုးကြီးနိုင်သေး ကာ ရေလွှမ်းမိုးမှု အန္တရာယ်ရှိနေ နိုင်သေးသည်ဟု မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင်နှင့် မိုး/ဇလဌာနက သတိပေးထားဆဲ ဖြစ်သည်။ သစ်တော ပညာရှင်ဦးမောင်မောင်သန်းကလည်း ဇူလိုင်၊ သြဂုတ်လများက ရေကြီးခဲ့သည့် ဒေသများမှ မြစ်၊ ချောင်းများမှာ နုန်းများနေသလို ဆည်များမှာလည်း ရေများနေသောကြောင့် မိုးသည်းထန်စွာ ရွာသွန်းသည်နှင့် တစ်ပြိုင်နက် ရေကြီးနိုင်သည်ဟု သတိပေးထားသည်။

7Day Daily

0 comments:

Post a Comment