Wednesday, October 14, 2015

တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် လက်မှတ်ထိုးပြီးလျှင် နယ်ခြားစောင့်တပ်၊ ပြည်သူ့ရဲဝန်ထမ်းအဖြစ် အသွင်ပြောင်းခြင်းလက်မခံဟု KNLA ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)တပ်ဖွဲ့ဝင်များကို ၂၀၁၄ နှစ်ဆန်းက လော်ခီးလာထိပ်သီးညီလာခံတွင် တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးလက် မှတ် (NCA) မရေးထိုးမီတစ်ရက် အလိုတွင် ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်(KNLA)က အပစ်ရပ်လက်မှတ်ရေးထိုးပြီး ပါက နယ်ခြားစောင့်တပ်ဖြစ်စေ၊ ပြည်သူ့ရဲဝန်ထမ်းဖြစ်စေ အသွင် ပြောင်းခြင်းကို လုံးဝလက်ခံမည် မဟုတ်ဘဲ လက်ရှိ ကရင်အမျိုး သား လွတ်မြောက်ရေးတပ်မ တော်အနေဖြင့်သာ ဆက်လက် ရပ်တည်မည်ဟု အတိအလင်း ထုတ်ပြန်ကြောင်း ကြေညာလိုက်သည်။KNLA ဗဟိုစစ်ဦးစီးဌာနချုပ် က အပစ်အခတ်ရပ်စဲရေးနှင့်ပတ် သက်သည့် ရပ်တည်ချက်အဖြစ် ထုတ်ပြန်သော ယင်းကြေညာ ချက်တွင် KNLA သည် ကရင်အ မျိုးသားလွတ်မြောက်ရေးနှင့် ကာ ကွယ်ရေးအတွက် ကရင်အမျိုး သားအစည်းအရုံး(KNU)က ဖွဲ့ စည်းသည့် ကရင်အမျိုးသားတော် လှန်ရေး တပ်မတော်တစ်ရပ် ဖြစ်သည်ဟု အစချီကာ ဆုံးဖြတ်ချက် ခြောက်ချက်ပါဝင်သည်။

အဆိုပါထုတ်ပြန်ချက် ထုတ်ပြန်ချိန်တွင် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူတူးဆေးဖိုးနှင့် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီတို့မှာ နေပြည်တော်တွင် NCA လက်မှတ်ထိုးရန်ရောက်နေသည်။

KNLA နယ်မြေများအတွင်း မြန်မာ့တပ်မတော်မှ တပ်အင်အားတိုးချဲ့ခြင်း၊ လက်နက်ခဲယမ်းများ ဖြည့်ဆည်းတိုးချဲ့ပို့ဆောင်ခြင်း များ မပြုလုပ်ရန်နှင့် မြန်မာ့တပ် မတော် ရှေ့တန်းစခန်း အချို့ကို ရုပ်သိမ်းပေးရန် ထုတ်ပြန်ချက် တွင် တောင်းဆိုထားသည်။

နှစ်ဖက် တိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် KNU/KNLA နယ်မြေအတွင်း ၎င်းတို့သတ်မှတ် ထားသည့်လမ်းကြောင်းအတိုင်း မြန်မာ့တပ်မတော်က သွားလာ လှုပ်ရှားရန် အကြောင်းတစ်စုံတစ် ရာဖြင့် ဝင်ရောက်ဖြတ်သန်းသွား လာရန် လိုအပ်ပါက ကြိုတင်အ ကြောင်းကြားရမည်ဟု KNLA က ဆိုသည်။

KNU အုပ်ချုပ်ရေးနယ်မြေ အတွင်း KNLA တပ်များသွားလာ လှုပ်ရှားစည်းရုံးမှုကို မြန်မာ့တပ်မ တော်နှင့် အစိုးရအာဏာပိုင်များက တားဆီးကန့်သတ်နှောင့်ယှက် ခြင်းမပြုရန်နှင့် ငြိမ်းချမ်းရေးလုပ် ငန်းစဉ် မထိခိုက်စေရန် KNU အုပ်ချုပ်ရေးနယ်မြေအတွင်း အစိုးရ ဘက်မှ အုပ်ချုပ်ရေး လုပ်ငန်း၊ တရားစီရင်ရေး လုပ်ငန်းများကို ဝင်ရောက်လုပ်ဆောင်ခြင်းမပြု လုပ်ရန် KNLA ကတောင်းဆိုထား သည်။ ယင်းထုတ်ပြန်ချက်နှင့်စပ် လျဉ်း၍ KNLA တွဲဖက်စစ်ရေး ချုပ် ဗိုလ်မှူးချုပ် မန်းရှာထုဝေါ်က ‘‘တကယ်လို့ Nation Wide Cease Fire ထိုးပြီးရင် တချို့က သို့လော သို့လော ရှိနေတယ်၊ နယ်ခြားစောင့်တပ်၊ ရဲတပ်ဖွဲ့အ သွင်ပြောင်းရမယ်လို့ ကောလာဟ လထွက်နေတယ်။အစိုးရဘက်ကဖိအားပေးလာလို့ရှိရင် ကျွန်တော် တို့ လုံးဝလက်မခံဘဲ KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ် မတော် အနေအထား အတိုင်းပဲ ဆက်လက်ရပ်တည်သွားမယ်ဆို တာ ကျွန်တော်တို့ တပ်တွေ၊ တပ် မှူးတွေ အားလုံးသိအောင် ထုတ် ပြန်တာပါ’’ဟု ပြောသည်။

ယင်းဆုံးဖြတ်ချက်များသည် ခြောက်လပတ် တပ်မှူးများ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ပြီးသားဖြစ်ပြီး ယခုအခါ ပြည်သူလူထုကိုပါ ထပ်လောင်းအသိပေးခြင်းဖြစ် ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြောသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘော တူညီချက်စာချုပ် (NCA) ကို ယနေ့တွင် နေပြည်တော်၌ အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ လက်မှတ်ရေးထိုးမည်ဖြစ်သည်။

အပစ်ရပ်စဲရေး လက်မှတ် ရေးထိုးရာတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး မပါ ဝင်သောကြောင့် ဝေဖန်မှုများ လည်း ရှိနေသည်။ လက်ရှိအချိန် တွင်လည်း မြန်မာ့တပ်မတော်နှင့် ရှမ်းပြည်တပ်မတော်မြောက်ပိုင်း (SSPP/SSA)တို့ ကျေးသီးမြို့နယ် အတွင်း တိုက်ပွဲများဖြစ်ပွားနေပြီး တပ်မတော်နှင့် ကေအိုင်အေတို့ ကြား ဖားကန့်နှင့်မန်စီဒေသအ တွင်း စစ်ရေးတင်းမာမှုများဖြစ် ပွားနေသည်။

လက်မှတ်ရေးထိုးမည့် အဖွဲ့ ရှစ်ဖွဲ့အနက် KNU နှင့် RCSS သည်အင်အားအကြီးမားဆုံးဖြစ်ပြီး ခန့် မှန်းတပ်အင်အား ငါးထောင်အ ထက်စီ ရှိသည်။

KNLA ၏ထုတ်ပြန်ချက်နှင့် ပတ်သက်၍ လက်မှတ်ရေးထိုး ခြင်း အခမ်းအနား တက်ရောက်ရန် နေပြည်တော်သို့ ရောက်ရှိနေ သော KNU အထွေထွေအတွင်း ရေးမှူး ဖဒိုစောကွယ်ထူးဝင်းအားဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းစက် ပိတ်ထားသောကြောင့် ဆက်သွယ်၍ မရခဲ့ပေ။

7Day Daily

0 comments:

Post a Comment