Saturday, October 3, 2015

အဂူရို ငါးဂိုးသွင်းပြီး မန်စီးတီးဇယားထိပ်ရောက် မက်ဆီ မပါဝင်သည့် ဘာစီလိုနာ ဆီဗီလာကို ရှုံးနိမ့်


စနေနေ့ည ကစားခဲ့ သော ပရီးမီးယားလိဂ်တွင် မန်စီး တီးက နယူးကာဆယ်ကို အဂူရို ၏ ခြေစွမ်းပြမှုနှင့်အတူ ၆−၁ဂိုး ဖြင့် ဂိုးပြတ်နိုင်ခဲ့သည်။
မန်စီးတီးသည် အိမ်ကွင်းတွင် နယူးကာဆယ်အား ပထမပိုင်းပြီးခါနီးအထိ ဂိုးမသွင်းနိုင်ဘဲ ကီဗင်ဒီဘရိုင်နီတစ်ဂိုးနှင့် အဂူရိုက ငါးဂိုးဆက်တိုက်သွင်းကာ ၆-၁ ဂိုးပြတ်ဖြင့်နိုင်ပြီး ဇယားထိပ်ဆုံးပြန်ရောက်သွားခဲ့သည်။နယူးကာဆယ်က ပွဲအစ ၁၈မိနစ်တွင် ဝင်နယ်ဒမ်ထိုးပေးသည့် ဘောလုံးကို မီထရိုဗစ်က သွင်းကာဦးဆောင်ဂိုးရခဲ့သည်။ သို့သော်မန်စီးတီးအတွက် ပထမချေပဂိုးကို ၄၂ မိနစ်တွင် အဂူရိုက ဖာနန်ဒင်ဟိုခေါင်းတိုက်ချပေးသည့် အလုံးကို အနီးကပ်ကန်သွင်းယူခဲ့ သည်။ ဒုတိယပိုင်းတွင် အဂူရိုက၄၉၊ ၅၀ မိနစ်များ၌ နှစ်ဂိုးဆက် တိုက်သွင်းခဲ့သည်။

ထို့နောက် ဒီဘရိုင်နီက ၅၃ မိနစ်တွင် တစ်ဂိုးထပ်သွင်းခဲ့ပြီး အဂူရိုကပင် ၆၀၊ ၆၂ မိနစ်တို့တွင် နှစ်ဂိုးဆက်သွင်းကာ ၆-၁ ဂိုးဖြင့်အနိုင်ရခဲ့သည်။
စနေညပိုင်းကျန်ပွဲများတွင် ပဲလေ့စ်က ဝက်စ်ဘရွန်းကို ၂-၀ ဂိုးဖြင့် နိုင်ခဲ့ပြီး ဗီလာက စတုတ်ကို အိမ်ကွင်းတွင် ၀-၁ ဂိုးဖြင့် ကပ်ရှုံးခဲ့သည်။ ဆန်းဒါးလန်း-ဝက်စ်ဟမ်းပွဲတွင်လည်း ဂိုးများအပြန်အလှန်သွင်းပြီး ၂-၂ ဂိုးစီ သရေကျခဲ့သည်။

လာလီဂါတွင် ဆီဗီလာနှင့် လက်ရှိချန်ပီယံ ဘာစီလိုနာ ကစားခဲ့ရာ ဘာစီလိုနာ ၂-၁ ဂိုးဖြင့်ရှုံးနိမ့်ခဲ့သည်။ ပွဲတွင် ဘာကာမှ မက်ဆီမပါဝင်နိုင်သော်လည်း ဆွာရက်ဇ်၊ နေမာ၊ ရာမီရက်ဇ်၊ ရာကီတစ်၊ မာရှေယာနိုတို့ဖြင့် ကစားခဲ့ပြီး ဖိကစားနိုင်သော်လည်း ဒုတိယပိုင်း ၅၂ မိနစ်တွင် ခရွန်ဒါလီ၊ ၅၈ မိနစ်တွင် အီဘိုရာတို့ သွင်းသော နှစ်ဂိုးကို ပြန်မချေနိုင်ခဲ့ဘဲ ရှုံးခဲ့ရ ခြင်းဖြစ်သည်။

ဘာကာအတွက် နေမာက၇၄ မိနစ်တွင် ပင်နယ်တီမှတစ်ဆင့်ဂိုးသွင်းယူးပေးသော်လည်း ချေပဂိုးထပ်မရတော့ဘဲ ဖိကစားရင်းဖြင့် ရှုံးခဲ့ရခြင်းဖြစ်သည်။


—Ref:Goal
7Day Daily

0 comments:

Post a Comment