ရဲတပ်ရင်းများနှင့်ရဲစခန်း ဧရိယာများအတွင်း သီးသန့်မဲရုံ ဖွင့်လှစ်ခွင့်မပြုသဖြင့် ရဲတပ်ဖွဲ့ ဝင်များနှင့် ၎င်းတို့၏မိသားစုများ နီးစပ်ရာ ရပ်ကွက်၊ ကျေးရွာအ တွင်းရှိ မဲရုံများ၌သာ မဲပေးရမည် ဖြစ်ကြောင်း သတင်းရရှိသည်။‘‘ပြည်သူတွေ အထင်အမြင် လွဲမှာစိုးတဲ့အတွက် သူတို့က (ရဲ တပ်ဖွဲ့)သူတို့ဧရိယာအတွင်းမှာ မဲရုံဆောက်ခွင့်မပေးဘူး။ မဲရုံ ဆောက်ဖို့ လက်မခံဘူး။ အဲဒီအ တွက်ကြောင့် နီးစပ်ရာရပ်ကွက်၊ ကျေးရွာတွေထဲမှာရှိတဲ့ မဲရုံတွေ ထဲမှာ မဲပေးရမှာဖြစ်ပါတယ်’’ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး ညွှန်ကြားရေးမှူး ဦးသိန်းဦးက ပြောသည်။
ရွေးကောက်ပွဲတွင် မဲပေး မည့်သူများသည် မဲစာရင်း၌ အ မည်ပါရှိရန် လိုအပ်ပြီး နိုင်ငံ့ဝန် ထမ်းများ မဲစာရင်းတွင် အမည် ပါရှိရေး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ကော်မရှင်အဖွဲ့ခွဲများက ဆောင်ရွက်ပေးထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထား သည်။
‘‘ကျွန်တော်တို့က ရပ်ကွက် ထဲမှာပဲ မဲပေးမှာပါ။ ကျန်တဲ့ မဲရုံ ဖွင့်ခွင့်ကိစ္စတွေ ဘာတွေတော့ မသိပါဘူး။ ဒီကိစ္စက ကော်မရှင်နဲ့ ဆိုင်ပါတယ်။ မဲရုံ သီးသန့်ဖွင့် လောက်အောင်လည်း ကျွန်တော် တို့မှာ အင်အားမရှိပါဘူး’’ဟု ရန် ကုန်တိုင်းဒေသကြီး အရှေ့ပိုင်း ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်ထွေးက ပြောသည်။
လက်ရှိထုတ်ပြန်ထားသော စာရင်းများအရ မြန်မာနိုင်ငံရဲတပ် ဖွဲ့တွင် တပ်ရင်းရဲ၊ စခန်းရဲအပါ အဝင် တပ်ဖွဲ့ဝင်အင်အား ရှစ် သောင်းခန့်ရှိသည်။
7Day Daily
Saturday, October 3, 2015
ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများ နီးစပ်ရာမဲရုံများတွင်သာ မဲပေးမည်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment