Thursday, October 1, 2015

"ဗိုလ်ချုပ်နှစ်တစ်ရာပြည့်မှာ မပြသနိင်ခဲ့တဲ့အောင်ဆန်း ရုပ်ရှင် ကို ဒီကနေ့အထိ မရိုက်ကူးနိင်သေးတာ ဘာကြောင့်လဲ"


ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့နှင့် Synthesis Production House
အဖွဲ့တို့ အောင်ဆန်း ရုပ်ရှင်ဇာတ်ကားတွင် အသုံးပြုမည့် ခန့်မှန်း ကုန်ကျစရိတ်တွက်ချက် အတည်ပြုရန် အတွက်ပြီးခဲ့တဲ့သြဂုတ်လ (၅) ရက်နေ့က ဖြစ်မြောက်ရေး ရုံးခန်းမှာ တွေဆုံခဲ့ပေမယ့်လည်း
ယနေ့ ထိ ခန့်မှန်းကုန်ကျ စရိတ်ကို အတိအကျ မတွက် ချက်နိုင်သေးကြောင်း သိရပါတယ်။
အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒါရိုက်တာ အိအိခိုင် က "ဘတ်ဂျက်မလုံလောက်သည့်အတွက်၎င်းဇာတ်ကား ကိုစတင်ရိုက်ကူးဖို့ အချိန်ကိုလည်း အတိအကျ မခန့်မှန်းနိုင်သေးပါဘူး"လို့ပြောပြခဲ့ပါတယ်။
အဆိုပါ "အောင်ဆန်း” ရုပ်ရှင်ကို ၂ဝ၁၅ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက် နေ့တွင် ကျရောက်မည့် ဗိုလ်ချုပ်နှစ်တစ်ရာပြည့်ပွဲ ပြသနိုင်ရန်လွန်ခဲ့ သည့် သုံးနှစ်ကတည်းက အဖွဲ့ဝင်များ ကြိုတင် ပြင်ဆင်ခဲ့သော်လည်း ၄င်းနေ့တွင် ရုံတင်ပြသနိုင်ခဲ့ခြင်းမရှိသေးပါ။
ဇာဂနာကတော့ "ဗိုလ်ချုပ် ရုပ်ရှင် ရဲ့ဘတ်ဂျက် က အများကြီး ရှိတယ် လို့ ပြည်သူတွေ သိထားတာကတစ်မျိုး။ ဒါပေမဲ့ အခုဘတ်ဂျက်
ကမရှိဘူးမဟုတ်ဘူး အားနည်းတယ် ဆိုတော့ ဘယ်လိုဖြစ်တာလဲ ဆိုတာ ရှင်းပြချင်တယ်။ ပြည်သူတွေ ထင်သလို သိန်းသောင်းချီမရှိဘူး။ ရွှေစင် စင်္ကြာ ကပေးလှူတာနဲ့ အလှူရှင်တွေစုစုပေါင်းလှူတာသိန်း တစ်ထောင့်နှစ်ရာလောက် ပဲရှိပါတယ်။ ဗိုလ်ချုပ်နှစ်တစ်ရာပြည့် မှာစမ်းသပ် (Teaser) အနေနဲ့ပဲ ရိုက်ပြီးပြ သနိုင်တာ ကျွန်တော်တို့လည်းတာဝန်မကျေပါဘူး။ ဒီနှစ် ၂ဝ၁၅ မှာ ရွေးကောက်ပွဲလည်း ရှိတဲ့ အတွက်ကြောင့် ရုံတင်ပြသ ဖို့ အခက် အခဲဖြစ်နေတာလည်းမဟုတ်ဘူး။ ဒီကားနဲ့ ပတ်သက်ပြီးသမ္မတကြီး ကိုယ်တိုင် အားပေးတယ်။
၂ဝ၁၅ နဲ့ လုံးဝ မပတ်သက်မသက် ဆိုင်ပါဘူး။ အဓိက က ငွေကြေး အခက် အခဲကြောင့်ပါ"လို့၎င်းကဆိုပါတယ်။
ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့နဲ့ Synthesis Production House အဖွဲ့တို့ အသုံးပြုမယ့် ခန့်မှန်းကုန်ကျစရိတ် တွက်ချက် အတည်ပြုဖို့ အတွက်တွေ့ဆုံ တဲ့နေ့တွင် အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ဝင်များဖြစ်ကြတဲ့ မင်းထင်ကိုကိုကြီး ၊ ဒါရိုက်တာ ၀ိုင်း ၊ သူရကျော် ၊ အိအိခိုင် ၊ ထွန်းအိန္ဒြာဗို နှင့် Synthesis Production House မှ ဆွေဇင်ထိုက် ၊ စိုးသီဟ
တို့ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

ထူးထူး
Popular News Journal

0 comments:

Post a Comment