Saturday, October 3, 2015

အခြေခံဥပဒေအရ သမ္မတမဖြစ်နိုင်သေးသော်လည်း ဒီချုပ်နိုင်လျှင် အစိုးရအဖွဲ့ကို ဦးဆောင်ပဲ့ကိုင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား

ဟိုပင်မြို့တွင် ကြိုဆိုနေကြသော ဒေသခံများအား ကားပေါ်မှ မိန့်ခွန်းပြောကြားနေသော ဒေါ်အောင်ဆန်းစုကြည်ကို အောက်တိုဘာ ၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

ဖွဲ့စည်းပုံအခြေခံဥပ ဒေအရ သမ္မတမဖြစ်နိုင်သေး သော်လည်း ရွေးကောက်ပွဲတွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရှိပါက အစိုးရအဖွဲ့ကို ၎င်းအနေဖြင့် ဦးဆောင်ပဲ့ကိုင် မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က အောက်တိုဘာ ၃ ရက်တွင် မိုးကောင်းမြို့ရှိ လူထု တွေ့ဆုံပွဲ၌ ပြောကြားသည်။‘‘ကျွန်မနှစ်ခုပြောချင်တယ်။ တစ်ခုက ဘာလဲဆိုတော့ တ ကယ်ပဲ ကျွန်မတို့ အပြတ်အသတ် နိုင်မယ်။ ပြည်သူလူထုက ကျွန်မ တို့နောက်မှာ တောင့်တောင့်တင်း တင်းညီညီညွတ်ညွတ်ရှိတယ်ဆို တာ ထင်ရှားလို့ရှိရင် ဥပဒေ ဘောင်ထဲက ဒီပုဒ်မ ၅၉(စ)ကို ပြင်နိုင်မယ်လို့ ကျွန်မမြင်ပါတယ်။ နောက်တစ်ခုက ဒီပုဒ်မကို ချက် ချင်းပြည်သူလူထုလိုလားသလို ချက်ချင်းလက်ငင်း မပြင်နိုင်ရင် တောင်မှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရ တက်လာရင် ကျွန်မပဲ ဦးဆောင်ပြီးတော့ ပဲ့ကိုင် သွားမှာပဲဆိုတာ ပွင့်ပွင့်လင်းလင်း ပြောပါရစေ’’ဟု ဒီချုပ်ဥက္ကဋ္ဌက ပြောသည်။

အဆိုပါ လူထုတွေ့ဆုံပွဲ တွင် ဒေသခံအမျိုးသားတစ်ဦးက၎င်းတို့အနေဖြင့် ဒီချုပ်အနိုင်ရရှိ ပါက ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် ချက်ချင်း တင် မြှောက်လိုသည်ကို နားလည် အောင် ရှင်းလင်းဖြေကြားစေလို ကြောင်း မေးမြန်းမှုကို အထက်ပါအတိုင်း ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခြင်းဖြစ်သည်။

ပုဒ်မ ၅၉(စ)သည်သမိုင်းတစ် လျှောက် အခြေခံဥပဒေများတွင် လုံးဝမပါဝင်ခဲ့သည့် ပုဒ်မဖြစ်ပြီး ၎င်းကို သမ္မတမဖြစ်အောင် ထည့် သွင်းထားသည့် ပုဒ်မတစ်ခုဖြစ် ကြောင်း ပြောသည်။

ယင်းပုဒ်မကို ပြင်ဆင်လိုပါ က တပ်မတော်က သဘောတူမှ ရရှိမည်ဖြစ်သော်လည်း ၎င်းအနေ ဖြင့် စိုးရိမ်ပူပန်ခြင်းမရှိကြောင်း ကိုလည်း ထည့်သွင်းဖြေကြား သည်။

ဒီချုပ်ဥက္ကဋ္ဌက ဆက်လက် ၍ ‘‘သမ္မတဆိုတဲ့ ရာထူးနာမကို ခံယူမှ ဦးဆောင်နိုင်တာ မဟုတ် ပါဘူး။ ပြည်သူသာ လက်ခံရင် ဦးဆောင်သွားလို့ရပါတယ်’’ ဟု ပြောကြားသည်။

၎င်းတို့ အနေဖြင့် အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ကြိုတင်စဉ်း စားထားပြီးဖြစ်၍ စိတ်မပူပန်ကြ ရန်လည်း ဒေါ်အောင်ဆန်းစုကြည် က ရှင်းပြခဲ့သည်။

‘‘ရွေးကောက်ပွဲရလဒ်က ဒီ လိုဖြစ်မယ်ဆိုရင် ကျွန်မတို့က ဘယ်လိုသွားမယ်။ နိုင်ငံအကျိုး ကို ဘယ်လိုပုံစံနဲ့ အထိရောက်ဆုံး ထမ်းဆောင်မယ်ဆိုတာ သေသေ ချာချာ စဉ်းစားထားပြီး လုပ်ထား တာဖြစ်လို့ စိတ်မပူပါနဲ့လို့ ပြော ကြားလိုပါတယ်’’ဟု ဒေါ်အောင် ဆန်းစုကြည်က ဖြေကြားခဲ့သည်။

မိုးကောင်းဟောပြောပွဲတွင် ဒေသခံပြည်သူ ၂,၀၀၀ ကျော် တက် ရောက်ခဲ့ကြပြီး အမေးအဖြေ ပြုလုပ်ရာ၌ ဘာသာရေးအသုံးချ မဲဆွဲမှု၊ ငြိမ်းချမ်းရေး၊ အဂတိတိုက်ဖျက်ရေးနှင့်ပတ်သက်၍ မေးခွန်းများကို ဒီချုပ် ဥက္ကဋ္ဌက ဖြေကြားခဲ့သည်။

‘‘ကျွန်တော်က NLD ကိုပဲ မဲ ပေးမှာ။ ကျွန်တော့်မိသားစုအား လုံးလည်း ဒါပဲ’’ ဟု ဟောပြောပွဲ သို့ လာရောက်နားထောင်သော မိုးကောင်းမြို့ ဒေသခံ အသက် (၆၄) နှစ်အရွယ်ရှိ ဦးစိုးဝင်းကပြောသည်။

အောက်တိုဘာ ၃ ရက်က မိုးညှင်းမြို့သို့ သွားရာလမ်းခရီးရှိ နမ္မတီးမြို့ ဒီချုပ်အဖွဲ့ ရုံးရှေ့ တွင်လည်း မော်တော်ယာဉ်ပေါ်မှ နေ၍ ဒေသခံပြည်သူ ၅၀၀ ခန့် အား မိနစ် ၂၀ ခန့်ဟောပြောခြင်း၊ မေးမြန်းခြင်းများကို ပြန်လည်ဖြေကြားခဲ့သည်။

‘‘ကျွန်မတို့က အမျိုးသားရင် ကြားစေ့ရေးကို အဓိကထား တယ်။ အာဃာတကင်းစင်တယ်။ ဘယ်သူ့ကိုမှလည်း အာဃာတ တွေနဲ့လည်း ကလဲ့စားချေဖို့ နိုင်ငံ ရေးမလုပ်ခဲ့ဘူး။ နောက်လည်း ဆက်ပြီးလုပ်မှာ မဟုတ်ဘူး’’ဟု ဒေါ်အောင်ဆန်းစုကြည်က နမ္မတီးဒေသခံများအား ပြောကြားခဲ့သည်။

နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲတွင် မိုးကောင်းဒေသ၌ ဒီချုပ်နှင့် ပြည်ခိုင်ဖြိုးပါတီတို့ အဓိကယှဉ်ပြိုင်ရဖွယ်ရှိကြောင်း ဒေသခံများက သုံးသပ်သည်။

ဒေါ်အောင်ဆန်းစုကြည် သည် မိုးကောင်းမြို့တွင် လူထုတွေ့ဆုံပွဲများ ပြုလုပ်ခဲ့ပြီးနောက် မိုးညှင်းမြို့သို့ ဆက်လက်ထွက်ခွာခဲ့ရာ ထောင်နှင့်ချီသောဒေသခံပြည်သူများက လမ်းဘေးဝဲယာတစ်လျှောက် ရိုးရာအကများ၊ အောင်နိုင်ရေးသီချင်းများ၊ ကြွေးကြော်သံများဖြင့် စောင့်ဆိုင်းကြိုဆိုခဲ့သည်။

ဟိုပင်မြို့၌လည်း ထောင် နှင့်ချီသော ဒေသခံ ပြည်သူများ စောင့်ကြိုနေမှုကြောင့် ဟိုပင်မြို့ ရှိ လောကမာန်အောင် ရွှေဘုန်း ရောင် စေတီရှေ့တွင် ဒေသခံပြည်သူ ၃,၀၀၀ ကျော်အား အပူချိန် ပြင်းထန်သည့် နေရောင်အောက်၌ ဟောပြောခဲ့သည်။

7Day Daily

0 comments:

Post a Comment