မူဆယ်မြို့နယ် မိုင်းဖန်ကျေးရွာတွင် အောက်တို ဘာ ၂ ရက်က မိုင်းပေါက်ကွဲမှုဖြစ် ပွားခဲ့၍ အသက် (၁၀) နှစ်မှ (၁၂)နှစ်အရွယ် ကလေးသုံးဦး ဒဏ်ရာပြင်းထန်စွာရရှိပြီး မူဆယ်မြို့နယ်ဆေးရုံ၌ ဆေးကုသမှုခံယူနေကြောင်း သတင်းရရှိသည်။‘‘တရုတ်စာသင်ကျောင်းကို သွားကြတာ။ ကလေးတစ် ယောက် ဆီးသွားချင်တယ်ဆိုပြီး လမ်းဘေးက ချုံထဲဝင်လိုက်တာ မှာ ချုံထဲက မိုင်းပေါက်ကွဲတာ။ သုံးယောက်စလုံး ဒဏ်ရာပြင်း ထန်တယ်’’ဟု အဆိုပါ ကလေး ငယ်များကို သွားရောက်ကြည့်ရှုခဲ့ သူ မူဆယ်မြို့ဒေသခံတစ်ဦးက ပြောသည်။
ကလေးသုံးဦး၏ မျက်နှာနှင့် ကိုယ်ခန္ဓာတွင် ဒဏ်ရာအပြင်း အထန်ရရှိခဲ့ခြင်းဖြစ်သည်ဟု မူဆယ်မြို့မရဲစခန်းက ပြောသည်။
မိုင်းပေါက်ကွဲသည့်နေရာ မှာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်န်း အမျိုးသားလွတ် မြောက်ရေးတပ်မတော် (TNLA) နှင့် ကေအိုင်အေအခြေစိုက်ရာ ဒေသဖြစ်ပြီး အစိုးရတပ်မတော် နှင့်လည်း တိုက်ပွဲများ ဖြစ်ပွားလေ့ ရှိသည့်နေရာဖြစ်သည်။ ယခုမိုင်း ပေါက်ကွဲမှုသည် မည်သည့်လက် နက်ကိုင်အဖွဲ့၏ လက်ချက်ဖြစ် သည်ဟု အတည်မပြုနိုင်သေး ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
ရှမ်းပြည်မြောက်ပိုင်း ကွတ် ခိုင်မြို့နယ်တွင် အောက်တိုဘာ ၂ ရက်ညက ကုန်တင်ယာဉ်တစ်စီး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ ယာဉ် မောင်းသေဆုံးသွားပြီး ယာဉ်နောက်လိုက်မှာ ကားနှင့်အတူ ထွက်ပြေးလွတ် မြောက်လာသည်ဟု ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ သ တင်းရရှိသည်။
7Day Daily
Saturday, October 3, 2015
မူဆယ်တွင် မိုင်းပေါက်ကွဲ၍ ကလေးသုံးဦး ဒဏ်ရာအပြင်းအထန်ရရှိ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment