မဲဆွယ်ဟောပြောနေသော ဦးမြညိမ်းကို တွေ့ရစဉ် (ဓာတ်ပုံ − စိုင်းဇော်)
လာမည့်ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း၌ အနီရောင်မလွှမ်းဘဲ အစိမ်းရောင်များသာ လွှမ်းရမည် ဖြစ်ပြီး အနီရောင်၏အဓိပ္ပာယ်သည် အာဇာနည်ဗုံးခွဲခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးမြညိမ်းက အောက်တိုဘာ ၁၀ ရက်တွင်ပြုလုပ်သည့် ပြည်ခိုင်ဖြိုးပါတီ၏ မဲဆွယ်စည်းရုံးပွဲ၌ ပြောသည်။‘‘ရန်ကုန်တိုင်းမှာ အနီမလွှမ်းရဘူး။ အစိမ်းတွေပဲ လွှမ်းရမယ်။ အစိမ်းလွှမ်းတဲ့အတွက် အစိမ်းဆို တဲ့သဘာဝသတ္တိက ဘာလဲ၊ နိုင်ငံ တော်ဖွံ့ဖြိုးတယ်၊ သာယာတယ်။ အနီဆိုတာ အာဇာနည်ဗုံးခွဲတာ ကို သွားကြည့်။ ကျွန်တော် Date ပြောမယ်။ ၉ ရက် ၁ လ ၈၃ သီ ချင်းတစ်ပုဒ်ရှိတယ်။ အာဇာနည် ဗုံးခွဲတာ ဇင်မိုတို့လက်ချက်ပါ၊ အာဇာနည်ဗုံးခွဲတာ ဇင်မိုတို့လက် ချက်ပါဆိုပြီး ခွဲသွားတယ်။ ဘာ တွေဖြစ်သွားလဲ၊ ဘာတွေဖြစ်သွားလဲ။ အရောင် အရောင်ကို ပြော တာ။ အရောင် ဘာဖြစ်သွားလဲ ဒါပဲ။ ဒီနေ့အစိမ်းတွေကြည့် အများ ကြီး အင်မတန်အားရှိစရာကောင်း တယ်’’ဟု ဦးမြညိမ်းက ပြောသည်။ နိုင်ငံတော်အလံ၏အရောင် များနှင့်ပတ်သက်၍ အဓိပ္ပာယ်ဖွင့် ဆိုချက်တွင် အနီရောင်သည် ရဲ ရင့်ခြင်းနှင့်ပြတ်သားခြင်း၊ အစိမ်း ရောင်သည် မြေဆီသြဇာကြွယ်ဝ ခြင်း၊ ညီညွတ်မျှတခြင်းနှင့် အေး ချမ်းသာယာပြီး စိမ်းလန်းစိုပြည် သည့်နိုင်ငံဖြစ်သည်ဟူ၍ ဖွင့်ဆို ထားသည်။
ဦးမြညိမ်း၏ပြောစကားကို 7Day News ဂျာနယ်ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ဖော်ပြထားရာ ဝင်ရောက်မှတ်ချက်ပေးသူ သုံး ထောင်ကျော်က ၎င်း၏ပြောစ ကားအပေါ် ပြစ်တင်ပြောဆိုခဲ့ ကြသည်။
‘‘ဒါဆို မြန်မာနိုင်ငံအလံမှာ ပါတဲ့ အနီရောင်က အာဇာနည်ဗုံး ခွဲခြင်းပေါ့။ ငယ်ငယ်တုန်းက ကျောင်းမှာသင်ခဲ့တဲ့ မြန်မာနိုင်ငံ တော် အလံအကြောင်းက အနီ ရောင်က ရဲရင့်ခြင်းကို ကိုယ်စားပြု တယ်ဆိုတာ ပညာရေးဝန်ကြီးဌာ နက မြန်မာနိုင်ငံတစ်နိုင်ငံလုံးက ကလေးငယ်တွေကို လိမ်ညာနေ ပြီး သင်ခဲ့တဲ့ သင်ရိုးညွှန်းတမ်း အကြောင်းလေးရှင်းပြပါ။ အဲဒီ ဖတ်စာအုပ် ဘယ်သူတွေပြဋ္ဌာန်း ထားလဲရှင်းပြပါ’’ဟု ဟန်လေး အမည်ဖြင့် အကောင့်ပိုင်ရှင်က ဝင် ရောက်မှတ်ချက်ပြုထားသည်။
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအ လုပ်အမှုဆောင် ဦးမြညိမ်း၏ပြော စကားသည် ရွေးကောက်ပွဲဥပဒေ နှင့် ညီ၊ မညီဥပဒေအရ စိစစ်ရန် လိုအပ်ကြောင်း အမျိုးသားဒီမိုက ရေစီပါတီသစ်ဥက္ကဋ္ဌ၊ သင်္ဃန်း ကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသိန်း ညွန့်က ပြောသည်။
‘‘ရွေးကောက်ပွဲကြီး နီးလာ လေလေ ကျင့်ဝတ်ထက် အာဏာ အလုအယက်ဖြစ်နေတဲ့သူတွေက ပိုပြီးတော့ မပြောသင့်တဲ့ စကား စည်းကျော်ဘောင်ကျော်ပြောဆို နေတာတွေ တွေ့ရပါတယ်။ ကျွန် တော်တို့က ရွေးကောက်ပွဲဥပဒေ နဲ့ကျင့်ဝတ်အတိုင်း သွားမယ်။ တ ခြားပါတီတွေကလည်း ဘယ်ပါတီပဲဖြစ်ဖြစ် ရွေးကောက်ပွဲဥပဒေနဲ့ ကျင့်ဝတ်ကို ချိုးဖောက်ရင် ရွေး ကောက်ပွဲပြီးတဲ့အခါကျ ရွေး ကောက်ပွဲခုံရုံးမှာ ကျွန်တော်တို့က တရားစွဲဖို့ အဆင်သင့်ပြင်ထားပါ တယ်’’ဟု ဦးသိန်းညွန့်က ပြော သည်။ ပြည်ခိုင်ဖြိုး၏ ရန်ကုန် တိုင်းဒေသကြီးအဆင့် မဲဆွယ် စည်းရုံးပွဲကို သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏမြို့ဦးစေတီအနီး အားက စားကွင်းတွင် ပြုလုပ်ခဲ့ပြီး ပါတီဗဟိုအလုပ်အမှုဆောင် ဦးမြ ညိမ်းနှင့် ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးမြင့်ဆွေတို့ မဲဆွယ်ဟောပြောခဲ့ကာ ပရိသတ် တစ်ထောင်ဝန်းကျင်တက်ရောက်ခဲ့သည်။
‘‘အခုလာမယ့် ၂၀၁၅ နိုဝင် ဘာ ၈ ရက် ရွေးကောက်ပွဲမှာ ကျွန်တော်တို့ပါတီအောင်ပြီဆိုတာနဲ့ ပြီးခဲ့တဲ့ ငါးနှစ်တာကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်ထားတဲ့ ကဏ္ဍအသီးသီးမှ လုပ်ငန်းများကို အခြေအနေနဲ့အညီ အရှိန်အဟုန်မြှင့်ပြုပြင်ဆောင် ရွက်သွားနိုင်မှာဖြစ်ပါတယ်’’ဟု ဦးမြင့်ဆွေက ပြောသည်။
7Day Daily
0 comments:
Post a Comment