အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီက စနစ်ကို ပြုပြင်ပြောင်း လဲလို၍ အစိုးရဖွဲ့လိုခြင်းသည် အဖွဲ့ အစည်း တစ်ရပ်ရပ် ကိုထိခိုက်စေလို၍ ကြိုးပမ်းဆောင်ရွက်နေခြင်း မဟုတ်ကြောင်း NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကပြောကြားသည်။“ဘယ်သူက ကျွန်မတို့ကို အခု ဘာတွေပဲလုပ်နေလုပ်နေ၊ကျွန်မတို့အလှည့်ကျလို့ရှိရင် ဘယ်လောက် အ တိုင်း အတာ ကျွန်မတို့သဘောထားကြီးနိုင်မလဲဆို တာ ကျွန်မတို့သိက္ခာပဲဖြစ်ပါ တယ်၊အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရဖွဲ့တာကို ဘယ်သူမှကြောက်စရာမလိုပါဘူး။” ဟု ဒေါ်အောင်ဆန်းစုကြည် ကဆိုသည်။
NLD ပါတီ အနေနှင့် မည့်သည့် ပါတီ ကိုမှ အာဃာတတရား နှင့် ဆက်ဆံမည် မဟုတ်ဘဲ ကလှည့်စားချေခြင်းလည်း လုပ်ဆောင်သွားမည် မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
အောက်တိုဘာလ ၁၀ ရက်နေ့ မှော်ဘီမြို့နယ် ကုလားကုန်းကျေးရွာတွင်ပြုလုပ်ခဲ့သော မဲ ဆွယ်စည်းရုံးရေး ဟောပြောပွဲ တွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ စတင်တည်ထောင်ကတည်းကအမျိုးသားပြန်လည်ရင်ကြားစေ့ရေး ၊အာဃာတကင်းစင်ရေး၊သဟဇာတ ဖြစ်ရေး စသည့်အချက်များကို အခြေခံကာ ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ အနိုင်ရရှိသွားပါက အခြားသောပြိုင်ဘက်ပါတီများအပေါ် ဖိနိုပ်သွား မည်မဟုတ်ကြောင်း ၎င်းကဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်သည်စက်တင်ဘာလ ၈ရက်နေ့ မှစတင် ကာ ကချင်ပြည်နယ်၊ကယားပြည်နယ်၊ ဧရာဝတီတိုင်း၊ပဲခူးတိုင်း၊စစ်ကိုင်းတိုင်း အစရှိသည့်မြို့ကြီးများ ကို သွားရောက် မဲဆွယ်ဟောပြောခဲ့သည်။
ထို့နောက် အောက်တိုဘာလ အတွင်းရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်သို့သွားရောက်ကာ မဲဆွယ် စည်းရုံး ဟောပြောပွဲ များ လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ယင်းပါတီထံမှသိရသည်။
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ က ပြည်သူ့လွှတ်တော် ၃၁၉နေရာ၊ အမျိုး သားလွှတ်တော်၁၆၅နေရာ၊ပြည်နယ် နှင့် တိုင်းဒေသကြီးလွှတ်တော် ၆၂၀ နေရာနှင့် တိုင်ရေး သားရေးရာ လွှတ်တော်ကိုယ်စားလှယ် ၂၉ နေရာ ဝင်ရောက် ယှဉ် ပြိုင်သွားမည် ဖြစ်ကြောင်း အဆိုပါ ပါတီ ထံ မှ သိရှိရသည်။
The Voice Weekly
0 comments:
Post a Comment