Thursday, October 1, 2015

TNLA အဖွဲ့က အကြောင်းမဲ့ပစ်ခတ်ခြင်းကြောင့် အရပ်သားတစ်ဦး သေဆုံး၊ ခုနစ်ဦး ဒဏ်ရာရရှိ




ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ္မတူမြို့နယ် အတွင်းရှိ မန်တုံ-နမ္မတူသွား ကားလမ်းရှိ နမ့်ပေါင် ရွာတစ်ဝိုက်တွင် လမ်းခင်းရန်အတွက် ဘော်တွင်းမှ ထွက်ခွာလာသော ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း အထူးအဖွဲ့(၆)မှ Tipper ယာဉ်အား TNLA အဖွဲ့များက စက်တင်ဘာ ၃ဝ ရက် နံနက် ၈ နာရီ ၅ဝ မိနစ်ခန့်တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့သည်။ ထိုသို့ TNLA အဖွဲ့၏ အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသော အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အမျိုးသားငါးဦး၊ အမျိုးသမီး နှစ်ဦး စုစုပေါင်း ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိကာ မော်တော်ယာဉ် အစိတ်အပိုင်းအချို့ ပျက်စီးခဲ့သည်။ဖြစ်စဉ်နေရာ ဝန်းကျင်တစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းလျက်ရှိကြောင်းနှင့် ဒဏ်ရာရရှိသူများအား နမ္မတူဆေးရုံသို့ ပို့ဆောင်၍ ဆေးဝါးများကုသပေးပြီး လိုအပ်သည့် ထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

မြ၀တီ

0 comments:

Post a Comment