Wednesday, April 25, 2018

မန္တ​လေး ချမ်းမြသာစည်​မြို့နယ်​ရှိ ကျူးကျော်များကို ဖယ်ရှားရှင်းလင်း


မန္တ​လေး ချမ်းမြသာစည်​မြို့နယ်​ သံလျှက်​​မော်​​တောင်​ရပ်​ကွက်​ မြို့ပတ်​လမ်း လမ်းလယ်​ကျွန်းမှာ နေထိုင်တဲ့ ကျူး​ကျော်​​နေထိုင်​သူတွေကို ဧပြီ ၂၅ ရက်​ မနက်​မှာ အာဏာပိုင်တွေက ရှင်းလင်းခဲ့ပါတယ်။

မြို့​တော်​စည်​ပင်​သာယာ​ရေး​ကော်​မတီဝင်​တွေ၊ ပြည်​သူ့ ရဲတပ်​ဖွဲ့ဝင်​တွေ၊ စည်​ပင်​ရဲတပ်​ဖွဲ့ဝင်​တွေက လူဦး​ရေ ၂၁၆ ဦး ​ကျောင်းသားဦး​ရေ ၅၅ ဦး ​နေထိုင်​​တဲ့ ကျူးတဲအိမ် ​၅၈ လုံးကို ရှင်းလင်းဖယ်ရှားခဲ့တာပါ။

ကျူးတဲမှာ နှစ်​​ပေါင်း ၂၀ ​ကျော်​ကြာ​နေခဲ့တဲ့ မ​မော်​​မော်​က​ “ကျ​မတို့ တာ​ဘောင်​မှာ​ နေထိုင်​ခဲ့တာ အနှစ် ​၂၀ ​ကျော်​ရှိပါပြီ။ ကျူးတွေကို တိုက်​ခန်း​ပေးမယ်လို့ ဆိုပြီး စာရင်းကောက်​ ခဲ့ပါတယ်​။ ဒါ​ပေမယ့် အိမ်​​ထောင်​စုဇယားမရှိလို့ မှတ်​ပုံတင် ​မရှိလို့ဆိုကာ တိုက်​ခန်းတွေ၊ မရခဲ့ပါဘူး။ စတင်​​ကောက်​ထားတဲ့လူကြီးကို သွား​ပြော​တော့ ​ရေထဲပါသွားပြီ။ လက်​ခံမရှိဘူးလို့​ ပြောပါတယ်​။ အခုလို အခက်​အခဲဖြစ်​တဲ့ မိသားစုဝင်​​တွေကို သက်​ဆိုင်​ရာတာဝန်​ရှိသူများက ကူညီ​ဆောင်​ရွက်​​ပေးနိုင်​ပါ​စေလို့ ဆု​တောင်းလိုက်​ပါတယ်”​လို့ ပြောပါတယ်​။

အမရပူရမြို့်​ပြစီမံကိန်း ထိစပ်​​နေ​တဲ့ မြို့ပတ် ​၆ လမ်းသွား စီမံကိန်း​ဆောင်ရွက်​မယ့် ​ပေ​ပေါင်း ၃၂၀၀ အတွင်းရှိ ကျူး​ကျော်​တဲ ၃၅၆ လုံးကိုရှင်းလင်းခဲ့ရာကျန်​ရှိ​နေတဲ့ကျူး​ကျော်​တဲ ၇၈ လူဦး​ရေ ၂၇၅ ဦးကို ဧပြီလ ၂၄ ရက်​​နေ့​ နောက်​ဆုံးထားဖယ်​ရှား​ပေးဖို့ ကြိုတင်​အသိ​ပေး အ​ကြောင်းကြားထားပြီးသားလည်း ဖြစ်​ပါတယ်​။







DVB

0 comments:

Post a Comment