Saturday, April 21, 2018

သမ၀ါယမ အသင်းများသည် အစိုးရနှင့် မသက်ဆိုင်တော့ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြော


ဆိုရှယ်လစ်ခေတ်ကကဲ့သို့ သမ၀ါယမအသင်းများသည် အစိုးရနှင့် မသက်ဆိုင်တော့ဘဲ အသင်းအဖွဲ့များထံသို့ပင် လွဲပြောင်းပေးပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောကြားလိုက်သည်။

အဆိုပါ သမ၀ါယမအသင်းများသည် ပုဂ္ဂလိက အသင်းများဖြစ်ပြီး အသင်းများ ပိုင်ဆိုင်သော ဆိုင်ခန်းနှင့် အဆောက်အဦးများအား အသင်းများထံ လွှဲပြောင်းပြီး ဖြစ်ကြောင်း ၀န်ကြီးချုပ် က ဆိုသည်။

’’အသင်းက ပုဂ္ဂလိက ပိုင်ဖြစ်တယ်။ ဦးစီးဌာနကသာ အစိုးရပိုင်ဖြစ်ပါတယ်။ ဒီလိုပြောလို့ သမ၀ါယမအသင်း တွေကိုတော့ စာရင်းစစ်ခွင့် ဦးစီးဌာနက ရှိပါတယ်။ အချို့က သမ၀ါယမအသင်းဆို အစိုးရလို့ ထင်နေတယ်။ မဟုတ်ပါဘူး။ အသင်းတွေက လွှဲပြီးသွားပါပြီ’’ဟု ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

လက်ရှိ တွင် ရန်ကုန်မြို့ရှိ သမ၀ါယမ အသင်းပိုင်ဆိုင်ခန်းနှင့် အဆောက်အအုံများတွင် လူများနေထိုင်လျက်ရှိပြီး အချို့မှာ ပိုင်ဆိုင်မှုများဖြင့် အငြင်းပွားဆဲဖြစ်ကြောင်း သိရသည်။

မင်းသီဟန် (အကုန်သိသတင်းဌာန) 

0 comments:

Post a Comment