Wednesday, April 25, 2018

သမ္မတဦးဝင်းမြင့်နှင့် တရုတ်ကွန်မြူနစ်ပါတီ၊ နိုင်ငံတကာရေးရာဌာန ၀န်ကြီးတို့ တွေ့ဆုံ


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ထံသို့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ကွန်မြူနစ်ပါတီ၊ နိုင်ငံတကာရေးရာဌာန ၊ ၀န်ကြီး H.E.Mr.Song Tao ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့မှ လာရောက် တွေ့ဆုံ ရ၀ပြုသည့် အခမ်းအနားကို ယနေ့ ဧပြီလ ၂၅ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် ကျင်းပပြုလုပ်ခဲ့သည်။

နိုင်ငံတော် သမ္မတနှင့် အတူ အတိုင်ပင်ခံရုံူး ၀န်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် နှင့် သမ္မတရုံးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးမင်းသူနှင့် သံတမန်ရေးရာ ဦးစီးဌာန ညွှန်ချုပ် ဦးသန့်စင်၊ နိုင်ငံရေးရာ ညွှန်ကြားရေးမှူးချုပ် ဦးစိုးဟန် တို့ တက်ရောက်ခဲ့ကြသည်။









ဓာတ်ပုံ-အောင်မြတ်သူ
Mizzima - News in Burmese

0 comments:

Post a Comment