Tuesday, April 24, 2018

မန္တလေးသင်္ကြန် ဓာတ်ပုံဆုနှင့် ကူညီသူများကို ဝန်ကြီးချုပ် ဂုဏ်ပြုချီးမြှင့်


၂၀၁၈ ခုနှစ် မန္တလေးမြို့တော် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဓာတ်ပုံဆုချီးမြှင့်ပွဲနဲ့ သင်္ကြန်ပွဲတော်အတွက် ကူညီပေးခဲ့သူတွေကို ဂုဏ်ပြုပွဲကို ဧပြီ ၂၄ ရက်က မန္တလေးမြို့တော်ခန်းမမှာ ကျင်းပပါတယ်။

ပျော်ရွှင်ဆင်နွှဲမန်းသင်္ကြန်ပွဲ ပညာရှင်လက်ရာ ဓာတ်ပုံပြိုင်ပွဲဆုတွေကို ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ အထူးဆု (၁)၊ အထူးဆု (၂)၊ အထူးဆု (၃)နဲ့  လျှပ်တစ်ပြက်လက်ရာ ဓာတ်ပုံပြိုင်ပွဲ ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ အထူးဆု (၁)၊ အထူးဆု (၂)၊ အထူးဆု (၃) ဆုရသူတွေကို ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မြို့တော်ဝန် ဒေါက်တာရဲလွင်နဲ့ တိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်းတို့က Canon Camera ဆုတွေ ပေးအပ်ခဲ့ပါတယ်။

အခမ်းအနားမှာ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က “မန္တလေးရိုးရာယဉ်ကျေးမှု သင်္ကြန်ပုံရိပ်တွေကို သမိုင်းမှတ်တမ်းကျန်စေဖို့နဲ့ သင်္ကြန်တွင်း ဈေးရောင်းချသူတွေကို မောင်းမထုတ်ဖို့နဲ့ နောင်နှစ်သင်္ကြန်မှာ လမ်းဘေးဈေးသည်တွေကို စနစ်တကျ ဈေးရောင်းချဖို့ကိုလည်း စီစဉ်ဆောင်ရွက်ပေးဖို့ ဒီနှစ် မန္တလေးသင်္ကြန်မှာ မှုခင်းဖြစ်ပွားတာ အရင်နှစ်တွေကထက် နည်းပါးကျဆင်းခဲ့တယ်”လို့ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် သင်္ကြန်မုခ်ဦးတီထွင်သူ ဓာတ်ပုံပညာရှင်နဲ့ မြန်မာနိုင်ငံ ကာတွန်းဆရာများ အသင်းက လမ်းလျှောက်သင်္ကြန်မှာ ရေစိုခံ ကာတွန်းများပြသနိုင်ဖို့ ကုန်ကျစရိတ် ပံ့ပိုးကူညီသူတွေကိုလည်း  ဝန်ကြီးချုပ်က ဂုဏ်ပြုခဲ့ပါတယ်၊။

DVB

0 comments:

Post a Comment