Friday, April 20, 2018

အမြန်လမ်းမကြီးတွင် ယာဉ်တိမ်းမှောက်မှုကြောင့် သံဃာ ၂ ပါး ပျံလွန်၊ ၇ ဦး ဒဏ်ရာရ


ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၁၀၃ အနီးမှာ ယာဉ်တိမ်းမှောက်မှုကြောင့် သံဃာ ၂ ပါး ပျံလွန်တော်မူခဲ့ပြီး လူ ၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၀၃ အနီးမှာ ဒီနေ့မနက် ၅ နာရီခွဲလောက်က ထန်းတပင်မြို့နယ်၊ သီတာအေးရွာ ဓမ္မပါလကျောင်းတိုက်က ဥူးအိန္ဒာဓုဓ မောင်းနှင်ပြီး အခြားသံဃာတော်တပါးအပါဝင် အမျိုးသမီး ၇ ဦးတို့ လိုက်ပါလာတဲ့ HILUXTOYOTA ယာဉ်ဟာ ရှေ့ဘီးပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့တာလို့ မြို့ချောင်းအမြန်လမ်းမကြီး ရဲတပ်ဖွဲစခန်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ကားက ရန်ကုန်ဘက်ကလာတာပါ။ ရှေ့ဘီးပေါက်ပြီးမှောက်တာ၊ သံဃာ၂ ပါးနဲ့ အမျိုးသမီး ၇ ဦး ပါပါတယ်။ သံဃာနှစ်ပါးကတော့ အခင်းဖြစ်နေမှာပဲ ပျံလွန်တော်မူသွားတယ်။”

ဒဏ်ရာရရှိသူတွေကို မြို့ချောင်းဆေးရုံနဲ့ ပဲခူးပြည်သူ့ဆေးရုံတွေကို ပိုဆောင်ကုသထားတယ်လို့ သိရပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး လူထိခိုက်ဒဏ်ရာရရှိ သေဆုံးမှု ဖြစ်ပွားအောင် ယာဉ်အား မဆင်မခြင် မောင်းနှင်သူယာဉ်မောင်းသူကို မြို့ချောင်းအမြန်လမ်းမကြီရဲတပ်ဖွဲ့စခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ တို့နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

သတင်း ကျော်အောင်(ကညွတ်ကွင်း)
DVB

0 comments:

Post a Comment