Saturday, April 21, 2018

တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံ ခေါင်းဆောင်များအကြား hotline ဖွင့်လှစ်


တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံ ခေါင်းဆောင်ကြီးများအကြား ဆက်သွယ်နိုင်မည့် hotline တစ်ခုကို ဧပြီ ၂၀ ရက်က စတင်ဖွင့်လိုက်ပြီဖြစ်ကြောင်း သိရသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနှင့် တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းတို့ မကြာမီ စစ်မဲ့ဇုန်၌ တွေ့ဆုံမည့် ထိပ်သီးအစည်းအဝေးမတိုင်မီ ယခုကဲ့သို့ နှစ်ဘက်ခေါင်းဆောင်များအကြား အရေးတကြီး ဆက်သွယ်နိုင်မည့် hotline ကို စဖွင့်လိုက်ခြင်း ဖြစ်သည်။

အဆိုပါ hotline ဆက်သွယ်ရေးလိုင်းမှာ ဆိုးလ်မြို့ သမ္မတ အိမ်ပြာတော် နှင့် ကင်မ်ဂျုံအန်း ရုံးထိုင်သည့် ပြုံယမ်း ရုံးတို့အကြား ချိတ်ဆက် ဆက်သွယ်ထားမည်ဖြစ်သည်။

" ကိုရီးယား နှစ်နိုင်ငံ ခေါင်းဆောင်ကြီးတွေအကြား သမိုင်းဝင် ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုကို ခုပဲ စဖွင့်လှစ်လိုက်ပါပြီ" ဆိုပြီး အိမ်ပြာတော် အဆင့်မြင့်အရာရှိ ယွန် ကွန်ယန်းက ပြောသည်။

Hotline ဖွင့်လှစ်ရာတွင် နှစ်ဘက် တာဝန်ရှိသူများအကြား ၄ မိနစ်နှင့် ၁၉ စက္ကန့် စမ်းသပ် ပြောဆိုမှုတစ်ခုလည်း လုပ်ဆောင်ခဲ့ပြီး အဆင်ပြေချောမွေ့ခဲ့ကြောင်း သိရသည်။

Mizzima - News in Burmese
Saturday, April 21, 2018

0 comments:

Post a Comment