Tuesday, June 5, 2018

ရန်ကုန်တိုင်းအစိုးရက လှူဒါန်းသည့် ကျောင်းစာသင်ခုံတချို့ ခိုင်ခံ့မှုမရှိဘဲကျိုးကျ


မြောက်ဥက္ကလာပ  အ.ထ.က ၆ ကျောင်းမှာ ရန်ကုန်တိုင်းအစိုးရအဖွဲ့ကနေ လှူဒါန်းထားတဲ့ ကျောင်းစာသင်ခုံတွေကို စတင်အသုံးပြုတဲ့ နေ့မှာပဲ ထိုင်ခုံတချို့ကျိုးသွားလို့ မသုံးဘဲ ဖယ်ထားရတယ်လို့  အထက်တန်းပြ ကျောင်းဆရာမတယောက်က ပြောပါတယ်။

ဆရာမတယောက်က “ကျမတို့ ကျောင်းက ၂ ချိန်ကျောင်း။ မနက်ပိုင်းမှာ အဲဒီ ခုံအသစ်တွေနဲ့ ၉ တန်းကျောင်းသူတွေ ထိုင်ကြတယ်။ ကျောင်းမဆင်းခင်မှာပဲ တခုံကျိုး သွားတယ်။ ညနေပိုင်းမှာ ၇  တန်းကျောင်းသူတွေ ထိုင်တော့လည်း တခုံထပ်ကျိုးတယ်။ အခုတော့ အဲဒီခုံတွေကို ဖယ်ထားလိုက်ပြီ” လို့ ပြောပါတယ်။

ထိုင်ခုံတွေပြုလုပ်ရာမှာ အဓိက ဘောင်တန်းနဲ့ ခြေချုပ်တန်းတွေကို အဆက်တွေနဲ့ ပြုလုပ်ထားတာကို တွေ့ရပါတယ်။

“ဘယ်သူ့ကိုမှ မထိခိုက်စေချင်ဘူး။ လှူတဲ့ အစိုးရကိုလည်း ကျေးဇူးတင်တယ်။ ဒါပေမယ့် ဒီလိုတော့ မလုပ်သင့်ဘူးလေ။ စေတနာနဲ့ လုပ်သင့်တယ်။ ငွေတွေ ဘယ်လောက်ကုန်သွားလဲ။ တခြားကျောင်းတွေမှာရော ဘယ်လောက် ရောက်နေပြီလဲ” အဲဒီကျောင်းက ဆရာမ တယောက်က ပြောပါတယ်။


DVB

0 comments:

Post a Comment