မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ရှိ ကြံစိုက်ခင်းများ နှင့် ပတ်သက်၍ မော်လမြိုင်မြို့ နယ် အမျိုးသားလွှတ်တော်ကိုယ် စားလှယ်တစ်ဦးက ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်တွင် ပို့စ်တင် ခြင်းနှင့် ပတ်သက်၍ မွန်ပြည် နယ်ဝန်ကြီးချုပ်က တုံ့ပြန်ပြောဆို ခဲ့သည်။
ကိုယ်စားလှယ်ကိုယ်တိုင် မရောက်ဖူးဘဲ ပို့စ်တင်မှုသည် မသင့်တော်ကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက နိုဝင်ဘာ ၁၉ ရက်တွင် သတင်းမီဒီ ယာများအား ပြောကြားသည်။
‘‘ကိုယ်စားလှယ်အနေနဲ့က သူကိုယ်တိုင်ရောက်ဖူးပါသလား မေးကြည့်လိုက်ပါ။ ကိုယ်တိုင် မရောက်ဖူးဘဲနဲ့ ပို့စ်တင်တာ တော့ မသင့်တော်ပါဘူး။ ကျိုက် မရောမှာ ကြံစိုက်တယ်ဆိုတာက ကျိုက်မရောမြို့နယ်အတွင်းမှာ မြေလွတ်၊ မြေရိုင်းတွေ အများ ကြီးရှိပါတယ်။ အဲဒီမြေတွေပေါ် မှာ စပါးစိုက်ပျိုးမယ်ဆိုရင်လည်း သိပ်မအောင်မြင်နိုင်ဘူး။ အဲဒီ တော့ ကြံစိုက်မယ်ဆိုပြီး အဆိုပြု တာတွေရှိတော့ မြေလွတ်၊ မြေ ရိုင်းအသုံးပြုခွင့် လျှောက်ထား ခွင့်ပြုတာတို့၊ စိုက်ပျိုးခွင့်ကို စီစဉ် ပေးတာတို့ လုပ်ဆောင်ပေးခဲ့ပါ တယ်’’ဟု ဒေါက်တာအေးဇံက ပြောသည်။
ပြည်နယ်အစိုးရက ကြံ စိုက်ပျိုးသူများကို စက်မှုလယ်ယာနှင့် ညှိနှိုင်းပေးပြီး စက်မှုလယ်ယာက တစ်ဧကလျှင် ကျပ်ခြောက်သောင်းဖြင့် မြေများကို ထွန်ယက် ပေးကာ ကုန်ကျစရိတ်ကို တောင် သူက ပေးရပြီး ကြံမျိုးများကို လည်း တောင်သူက ဝယ်ယူ စိုက်ပျိုးရကြောင်း ဒေါက်တာ အေးဇံက ဆိုသည်။
မွန်ပြည်နယ် အမျိုးသား လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) ကိုယ်စားလှယ် ဦးအေးမင်း ဟန်သည် နိုဝင်ဘာ ၁၁ ရက်က ကျိုက်မရောမြို့နယ်အတွင်းရှိ ကြံ စိုက်ခင်းများနှင့် ပတ်သက်၍ ၎င်း ၏ လူမှုကွန်ရက်စာမျက်နှာတွင် မြက်စိုက်တာလား၊ ကြံစိုက်တာ လား၊ မြေအစိုဓာတ်မရှိဘဲ ကြံပင် ဘယ်လိုရှင်သန်ကြီးထွားမှာလဲ၊ သေသေချာချာ သုတေသနပြုပြီး လုပ်ဆောင်ရဲ့လားဟု ရေးသားခဲ့ သည်။
ကျိုက်မရောမြို့နယ်အတွင်း မြေလွတ်၊ မြေရိုင်းဖော်ရန် ဆည် မြောင်းဌာနနှင့် ညှိနှိုင်းပြီး ကြံ စိုက်ပျိုးသည့် တောင်သူများအ တွက် ချောင်း၊ မြောင်းများရှိပါက အစိုးရအနေဖြင့် ပြန်လည်တူးဖော် ပေးကြောင်း၊ လက်ရှိအချိန်တွင် ကြံစိုက်ဧက ၅၀၀ ခန့် စိုက်ပျိုးထားကြောင်း ဒေါက်တာအေးဇံက ဆိုသည်။
မွန်ပြည်နယ် သထုံခရိုင်တွင် ကြံကို စီးပွားဖြစ် စိုက်ပျိုးပြီး ယခုနှစ်၌ ကျိုက်မရောမြို့နယ်တွင် စမ်းသပ်စိုက်ပျိုးခြင်းဖြစ်သည်။
7Day






0 comments:
Post a Comment