Tuesday, November 20, 2018

ထားဝယ်အသံထွက်ဖြင့် မရေးသားရန် ညွှန်ကြားချက်ကို တစ်ဦးတည်းဆန္ဒဖြင့် ထုတ်ပြန်ခဲ့၍ တနင်္သာရီအစိုးရအဖွဲ့ညွှန်မှူးတောင်းပန်

ထားဝယ်တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်ပွဲ ၌ ရပ်ကွက်၊ ကျေးရွာအမည်များ ပြည်ထဲရေးအမည်ပေါက်အတိုင်း ရေးသားရန်ဟူသော ညွှန်ကြား ချက်ကို ၎င်းတစ်ဦးတည်း၏ သဘောဆန္ဒအရ မှားယွင်းစွာ ထုတ်ပြန်ခဲ့သဖြင့် တောင်းပန်ကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမိုးဇော်လတ်က ပြောသည်။ 

နိုဝင်ဘာ ၂၀ ရက်က ထား ဝယ်မြို့ရှိ တိုင်းအစိုးရအဖွဲ့ရုံး အ စည်းအဝေးခန်းမ၌ အဆိုပါ ညွှန် ကြားချက် ထုတ်ပြန်ခြင်းနှင့် ပတ် သက်၍ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဦးမိုးဇော်လတ်က တောင်းပန်စကား ပြောသည်။ 

‘‘ဒီစာထုတ်တာ အစိုးရအဖွဲ့ ရဲ့ အာဘော်လည်းမဟုတ်ပါဘူး။ နောက် NLD ပါတီရဲ့ အာဘော် လည်းမဟုတ်ပါဘူး။ ရုံးလုပ်ငန်း အနေနဲ့ ကျွန်တော့်ဟာကျွန်တော် ထုတ်တဲ့စာဖြစ်ပါတယ်။ ဒီအ တွက် ထားဝယ်လိုရေးသားတာကို ကန့်ကွက်သလို ဖြစ်သွားတဲ့အ တွက် ထားဝယ်မြို့သူ၊ မြို့သားများကို တောင်းပန်ပါတယ်’’ဟု ဦးမိုးဇော်လတ်က ဆိုသည်။ 

နိုဝင်ဘာ ၁၄ ရက်စွဲဖြင့် ထုတ်ပြန်သည့် တိုင်းအစိုးရအဖွဲ့၏ ညွှန်ကြားစာတွင် နှစ်ကျိပ်ရှစ် ဆူဘုရားပွဲ၌ ရပ်ကွက်၊ ကျေး ရွာအမည်များကို ပြည်ထဲရေးအမည်ပေါက်အတိုင်း လိုက်နာရေးသားရန် သက်ဆိုင်ရာ ခရိုင်၊ မြို့ နယ်အုပ်ချုပ်ရေးမှူးတို့က ရပ်၊ ကျေးအုပ်ချုပ်ရေးမှူးအားလုံးထံ အသိပေးရန် ဖော်ပြထားသည်။ 

တိုင်းအစိုးရအဖွဲ့၏ အဆိုပါ ညွှန်ကြားချက်ကို ပြန် လည်ရုပ်သိမ်းမည်ဖြစ်ပြီး နှစ်ကျိပ် ရှစ်ဆုဘုရား လှည့်လည်ပူဇော်ပွဲ တွင် ပါဝင်သော ရပ်ကွက်၊ ကျေး ရွာများအနေဖြင့် ၎င်းတို့၏ ရပ် ကွက်၊ ကျေးရွာအမည်များကို မိမိ တို့၏ သဘောဆန္ဒအလျောက် ထားဝယ်အသံထွက်အတိုင်း လွတ်လပ်စွာ ရေးသားဖော်ပြနိုင် ကြောင်း ဦးမိုးဇော်လတ်က ပြောသည်။

7Day

0 comments:

Post a Comment