Tuesday, November 20, 2018

၂၁ ပင်လုံ အသွင်တူငြိမ်းချမ်းရေးညီလာခံကို ကျောင်းသား၊ ကျောင်းသူများ ဦးဆောင်ကျင်းပ

ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ - ၂၁ ရာစု ပင်လုံကို ပုံစံယူကျင်းပသည့် ငြိမ်းချမ်းရေးဆိုင်ရာ ညီလာခံတစ်ရပ်ကို တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ ဦးဆောင်၍ ရန်ကုန်မြို့၌ နိုဝင်ဘာ ၁၉ ရက်က စတင်ပြု လုပ်နေသည်။ 
ငါးရက်ကြာ ပြုလုပ်မည့် ယင်းညီလာခံသည် မြန်မာနိုင်ငံ၏ ပထမဆုံး အသွင်တူညီလာခံတစ် ရပ်ဟု ပွဲကျင်းပရေးကော်မတီက ညွှန်းဆိုကာ မြန်မာနိုင်ငံသား လူ ငယ်လူရွယ်များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် နားလည်သိရှိ မှုကို မြှင့်တင်ပေးရန် ရည်ရွယ် ကြောင်း ညီလာခံဖြစ်မြောက်ရေး ကော်မတီက ဆိုသည်။ 

‘‘ရွေးချယ်ခံရတဲ့ လူငယ်တွေ ကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ဖက်ဒရယ်ဆိုင်ရာ သင်တန်းတွေ၊ ပဋိပက္ခဖြေရှင်းရေးနဲ့ ဆွေးနွေးညှိ နှိုင်းခြင်းဆိုင်ရာ သင်တန်းပေးမှာ ပါ။ ဒီသင်တန်းအပြီးမှာ ငြိမ်းချမ်း ရေးဖြစ်စဉ်မှာ၊ ဆွေးနွေးပွဲတွေမှာ အဖြေရှာနေတဲ့အထဲကမှ မြေ ယာစီမံခန့်ခွဲမှုတွေ၊ တိုင်းရင်းသား တန်းတူအခွင့်အရေးနဲ့ တိုင်းရင်း သားဘာသာစကား သင်ကြားရေး ဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးအ ဖြေရှာကြမှာပါ’’ဟု ကော်မတီ ပြောရေးဆိုခွင့်ရှိသူ ကိုရောင်ခြည် စိုးနိုင်က ပြောသည်။ 

အဆိုပါ ညီလာခံတွင် ကြီး ကြပ်ရေးကော်မတီက ရွေးချယ် သည့် မြန်မာနိုင်ငံ တက္ကသိုလ်၊ ကောလိပ်အသီးသီး၌ တက် ရောက်နေသည့် အသက် (၁၇) နှစ်မှ (၂၄)နှစ်အတွင်းရှိ ကျောင်း သား၊ ကျောင်းသူ ၈၀ ဦးက အစု အဖွဲ့လိုက် ဆွေးနွေးမည်ဖြစ် ကြောင်း ၎င်းက ပြောသည်။ 

လူငယ်လူရွယ်များအနေ ဖြင့် ညှိနှိုင်းရေးလုပ်ငန်းစဉ်များ တွင် ပါဝင်သည့် အဖွဲ့အစည်း များ၊ လူပုဂ္ဂိုလ်များ၏ မတူကွဲပြား သော ရပ်တည်ချက်များ၊ အကျိုး စီးပွားမျှော်မှန်းချက်များ၊ လိုအပ် ချက်များကို ပိုမိုသိမြင်နားလည် လာစေရန် ရည်ရွယ်သည့်အပြင် မြန်မာနိုင်ငံ ဒေသအသီးသီးမှ မတူကွဲပြားသော ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအသီးသီးကို ကျင့် သုံးသည့် တိုင်းရင်းသား လူငယ် လူရွယ်များအကြား ချစ်ကြည်ရင်း နှီးမှုနှင့် အပြန်အလှန်နားလည်မှု မြင့်မားလာစေရန်လည်း မျှော်မှန်း ထားကြောင်း ကျင်းပရေးကော် မတီက သတင်းထုတ်ပြန်သည်။ 

‘‘အခုလို ပြည်ထောင်စုငြိမ်း ချမ်းရေးရဲ့ အသွင်တူတဲ့ ပုံစံတစ် ခုကိုလုပ်ပြီး လူငယ်တွေကို ဆောင်ရွက်နေတဲ့ အခြေအနေ တွေကို အသိပညာနဲ့အတူ နောင် မျိုးဆက်ကို ရှင်းပြပေးတာမျိုး ဖြစ်လာမယ်ဆိုရင် အလွန်ကောင်းမွန်တဲ့ စေတနာနဲ့ ဆောင်ရွက်တစ် ချက်ဖြစ်ပါတယ်။ အခုဆောင် ရွက်မှုဟာ နောင်မျိုးဆက်အတွက် အကောင်းဆုံးပြင်ဆင်မှုတစ်ရပ် ဖြစ်ပါတယ်’’ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ညီလာခံဖွင့်ပွဲတွင် အမှာစကားပြောကြားသည်။

7Day

0 comments:

Post a Comment