Thursday, November 1, 2018

မငြိမ်သက်မှုဖြစ်စေရန် ဖန်တီးမှုကို ခွင့်ပြုမည်မဟုတ်ဟု ပါကစ္စတန်ဝန်ကြီးချုပ် သတိပေး



အစ္စလာမ်ဘာသာကိုစော်ကားတာနဲ့ ပတ်သက်ပြီး မငြိမ်သက်မှုဖြစ်အောင် ဖန်တီးတာကို ခွင့်ပြုမှာ မဟုတ်ဘူးလို့ ပါကစ္စတန်ဝန်ကြီးချုပ် အီမရမ် ခန်းက အောက်တိုဘာ ၃၁ ရက်နေ့မှာ သတိပေးလိုက်ပါတယ်။
အစ္စလာမ်ဘာသာကို စော်ကားမှုနဲ့ သေဒဏ်ချမှတ်ခံရသူ ခရစ်ယာန်အမျိုးသမီးကို တရားရုံး က လွှတ်မိန့်ချမှတ်လိုက်တဲ့အပေါ် မြို့ကြီးတချို့မှာ ဒေါသတကြီး ဆန္ဒပြမှုတွေနဲ့ လမ်းပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ကြတာပါ။

ဒီလိုလုပ်ဆောင်တာတွေနဲ့ ပတ်သက်ပြီး ပါကစ္စတန်ဝန်ကြီးချုပ် အီမရမ် ခန်းက နိုင်ငံရေး အမြတ်ထုတ်လိုသူတွေရဲ့ ဆန္ဒမဲရလိုမှုကြောင့် အခုလိုလုပ်ဆောင်တာကို နားမယောင်ကြဖို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်က “တကယ်လို့ အဲဒီလိုလုပ်ဆောင်မယ်ဆိုရင် အစိုးရအနေနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့ လုပ်ဆောင်စရာရှိတာ လုပ်သွားမယ်။ မဖြစ်မနေ အရေးယူဆောင်ရွက်မှုတွေ မလုပ်ရစေဖို့ အစိုးရအပေါ် ဖိအားပေးမှုတွေမလုပ်ဖို့ မေတ္တာရပ်ခံ ပါတယ်” လို့လည်း ပြောကြားခဲ့ပါတယ်။




0 comments:

Post a Comment