Friday, July 31, 2020

ပါကစ္စတန်မှာ အမှုရင်ဆိုင်နေရတဲ့ အမေရိကန်တစ်ဦး တရားရုံးအတွင်း ပစ်သတ်ခံရ

ပါကစ္စတန်နိုင်ငံ မြောက်ပိုင်း ပက်ရှ်ဝါမြို့မှာ ဘာသာရေးစော်ကားမှုနဲ့ တရားစွဲဆိုခံထားရတဲ့ အမေရိကန်နိုင်ငံသား အမျိုးသားတစ်ဦးဟာ ၎င်းရဲ့ အမှုကြားနာစစ်ဆေးနေတဲ့ တရားရုံးအတွင်း ပစ်သတ်ခံလိုက်ရကြောင်း သိရပါတယ်။

ဓာတ်ခွဲနမူနာ (၅၆၁)ခု အား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် မတွေ့ရှိပါ

၁။ (၃၁-၇-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
- ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၂၀၆) ခု၊
- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ (၁၈၇) ခုနှင့်

ဖာပွန်မြို့နယ်၌ အမျိုးသမီးတစ်ဦးအား ပစ္စည်းလုယက်ပြီး သတ်ဖြတ်မှုကျူးလွန်ခဲ့သည့် စစ်သည်နှစ်ဦးအား စစ်တရားရုံးဖြင့် စစ်ဆေးစီရင်၍ အမြင့်ဆုံး ပြစ်ဒဏ်ချမှတ်

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ပိုလိုထကျေးရွာ၌ အမျိုးသမီးတစ်ဦးအား တပ်မတော်သားနှစ်ဦးက ပစ္စည်းလုယက်၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း၊ ဖြစ်စဉ်ကျူးလွန်ခဲ့သည့် တပ်သား သန်းစိုးလွင် နှင့် ဟိန်းမင်းထက် တို့သည် ဇူလိုင် ၁၇ ရက်တွင် ပြန်လည်အဖမ်းခံခဲ့ကြောင်းနှင့် စစ်စည်းကမ်းအရ ဥပဒေနှင့်အညီ ထိရောက်စွာ စစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်း တပ်မတော် သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။

အွန်လိုင်းသတင်းမီဒီယာ အယ်ဒီတာချုပ်မှာ တရားမဝင် ကြွယ်ဝကြောင်း တွေ့ရှိရသဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က တရားစွဲဆို

အွန်လိုင်းသတင်းမီဒီယာတစ်စောင်ဖြစ်သော bdnews24 ၏ အယ်ဒီတာချုပ်ဖြစ်သူ သိုဖီးမော်ဆီခါလစ်မှာ ဝင်ငွေရင်းမြစ်ကို ကျော်လွန်၍ စည်းစိမ်ဥစ္စာများ လက်ဝယ်တွေ့ရှိမှုဖြင့် ဘင်္ဂလားဒက်ရှ် အဂတိလိုက်စားမှုဥပဒေအရ တရားစွဲဆိုခြင်းခံရသည်ဟု ဘင်္ဂလားအခြေစိုက် Dhaka Tribune က ယနေ့ရေးသားသည်။

ဟင်္သာတမြို့နယ် ဧရာဝတီမြစ်ရေကာတာ ဆိုးရွားစွာပြိုကျနေ၍ တာကျိုးပေါက်မည်ကို ဒေသခံများစိုးရိမ်နေ

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်ရှိ အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာ နေရာရှိ ဧရာဝတီမြစ်ရေကာတာမှာ ဆိုးရွားစွာပြိုကျလျက်ရှိသဖြင့် တာကျိုးပေါက်မည်ကို ဒေသခံများစိုးရိမ်နေကြောင်း သိရသည်။

ပြင်ဦးလွင်မြို့နယ်အတွင်း တရားမဝင်ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၆ ဦးအား ဖမ်းဆီးရမိ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာနယ်မြေအတွင်း လုံခြုံရေးဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် ပြင်ဦးလွင်- မန္တလေးအဆင်းကားလမ်း မိုင်တိုင်(၁၉)အနီးတွင် မသင်္ကာဖွယ် KIA BONGO III အမျိုးအစားအဖြူရောင် မော်တော်ယာဉ်တစ်စီးရပ်တန့်ထားသဖြင့် သွားရောက်စစ်ဆေးရာ ယာဉ်အားထပ်ခိုးပြုလုပ်၍ မိုးကာအစိမ်းအုပ်ကာ တရားမဝင် တင်ဆောင်လာသည့် တရုတ်နိုင်ငံသား ကျား ၅ ဦး၊ မ ၁ ဦးနှင့် ယာဉ်နောက်လိုက် ၂ ဦး တို့အား ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းဖြစ်သူ အောင်မိုး မှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း သိရှိရသည်။

ပြည်သူများ လုံးဝ (လုံးဝ) မပေါ့ဆကြပါရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အသိပေးကြေညာ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ (၃၀-၇-၂၀၂၀) ရက်နေ့၊ မြန်မာစံတော်ချိန် (၂၂:၃၀)နာရီ အချိန်တွင် ထုတ်ပြန်သော သတင်းအချက်အလက်များအရ -

ထိုင်းနိုင်ငံတွင် ဘုရင်စနစ်လိုလားသူများက အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုများအပေါ် တန်ပြန် ဆန္ဒပြ

ထိုင်းနိုင်ငံ ဘန်ကောက်မြိ့တော်မှာ ဘုရင်စနစ်လိုလားသူတွေက အစိုးရဆန့်ကျင်ရေး ဒီမိုကရေစီလှုပ်ရှားမှုအပေါ် စိုးရိမ်မှုကို ပြတဲ့အနေ့နဲ့ တန်ပြန် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရပါတယ်။

အိန္ဒိယမှာ တစ်ရက်အတွင်း ကိုဗစ် ကူးစက်သူ ၅၅၀၀၀ ကျော်ဖြင့် ထပ်မံ စံချိန်တင်ပြီး သေဆုံးသူ စုစုပေါင်း ၃၅၀၀၀ ကျော် ရှိလာ

အိန္ဒိယနိုင်ငံမှာ သောကြာနေ့က ပိုးကူးစက်သူအသစ် ၅၅၀၇၈ ဦး ထပ်တိုးခဲ့ပြီး နေ့အလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသစ် ထပ်မံစံချိန်တင်တွေ့ရှိခဲ့ကာ စုစုပေါင်း ဗိုင်းရပ်စ် ကူးစက်လူနာ ၁.၆၄ သန်းရှိလာခဲ့ကြောင်း သိရပါတယ်။

တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို Online တွင် ကြေညာပြီး နောက်တစ်နေ့မှ အခြေခံပညာကျောင်းများတွင်လည်း ထုတ်ပြန်ကြေညာမည်

၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို သြဂုတ်လ(၉)ရက်နေ့၊ ညသန်းခေါင်(၁၂)နာရီခွဲအချိန်မှစပြီး ပညာရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက် ကနေကြေညာမည်ဖြစ်ပြီး သြဂုတ်လ(၁၀)ရက်နေ့တွင် အခြေခံပညာကျောင်းများ၌ ပုံမှန်အတိုင်း ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း သိရပါသည်။

ဘရာဇီးနိုင်ငံ သမ္မတ၏ ဇနီးပါ COVID-19 ရောဂါ ကူးစက်ခံရ

ဘရာဇီးနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက နိုင်ငံအတွင်း COVID-19 ရောဂါ ကူးစက်ခံရသူ ၂.၆ သန်းကျော် အထိ ရောက်ရှိလာခဲ့ကြောင်း ဇူလိုင် ၃၀ ရက် ၌ ထုတ်ပြန်ကြေညာခဲ့ပြီး ယင်းနေ့တွင် ဘရာဇီးနိုင်ငံ သမ္မတရုံး အနေဖြင့်လည်း သမ္မတ ဇနီး က COVID-19 ရောဂါ ကူးစက်ခံရကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီမှ ဆိုင်းဂီတပညာရှင်များ ထောက်ပံ့ငွေ ပေးအပ်လှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ Covid- 19ကပ်ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း စားဝတ်နေရေး အခက်အခဲရင်ဆိုင်ကြုံတွေ့နေရသည့် ဆိုင်းဂီတပညာရှင်များအား ထောက်ပံ့လှူဒါန်းငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ၁နာရီက မန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီအစည်းအဝေးခန်းမတွင်ကျင်းပရာ ပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်း ဒေသကြီးပါတီနယ်မြေတာဝန်ခံ ဦးဝဏ္ဏမောင်လွင် တက်ရောက်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

စိတ်ကြွရူးသွပ်ဆေးပြား ၄ သန်းအား ထိုင်း - မြန်မာနယ်စပ် မုန်းဖန်မြို့မှ သယ်ဆောင်ခ ဘတ်‌ ၂ သိန်းဖြင့် သယ်ဆောင်လာသောသူအား ဖမ်းဆီး

ဇူလိုင်လ ၃၀ ရက်နေ့မနက် ၀၃:၀၀ ချိန်တွင် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် ချိုင်းပရကန်းမြို့နယ် ဖာဖုန်းစစ်ဆေးရေးဂိတ်သို့ဖြတ်သန်းမောင်းနှင်လာသည့်ယာဉ်တစ်စီးအား ဖာမိန်းစစ်ကြောင်းမှတာဝန်ရှိတပ်ဖွဲ့ဝင်များမှရပ်တန့်စစ်ဆေးရာ ယာဉ်နောက်ခန်းတွင်ပလတ်စတစ်အိပ်အကျား ၄၀ ထုပ်ဖြင့်တင်ဆောင်လာသည့်စိတ်ကြွရူးသွပ်ဆေးပြား ၉၉၉ တံဆိပ်အမှတ်အသားပါ အလုံးပေါင်း ၄၀၀၀၀၀၀ အားယာဉ်မောင်းနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်းသိရသည် ။

တရုတ်နိုင်ငံမှာ တစ်ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၁၂၇ ဦး ထပ်တိုးခဲ့ပြီး ဒုတိယလှိုင်းမှာ အမြင့်ဆုံးကူးစက်မှုဖြစ်လာ

တရုတ်ပြည်မကြီးမှာ ကြာသပတေးနေ့( ဇူလိုင် ၃၀ ရက်) က ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာ ၁၂၇ ဦး ထပ်တိုးလာတယ်လို့ နိုင်ငံကျန်းမာရေး အာဏာပိုင်တွေက သောကြာနေ့ ( ဇူလိုင် ၃၁ ရက်) မှာ ပြောကြားပါတယ်။

ထိုင်းနိုင်ငံသား ၇ ဦးအား ထိုင်းနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မြန်မာနိုင်ငံသို့ တရားဝင်လာရောက်အလုပ်လုပ်ကိုင်လျက်ရှိသော နေရပ်ပြန်လိုသည့် ထိုင်းနိုင်ငံသား အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၅ ဦးစုစုပေါင်း ၇ ဦးတို့ကို ယနေ့ ဇူလိုင်လ ၃၁ ရက်နေ့ နံနက် ၀၉:၃၀ နာရီခွဲအချိန်က မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား(၂)မှ ပြန်လည်လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ပထမဆုံး Covid-19 ကာကွယ်ဆေးကို ရုရှားက သြဂုတ်လ ၁၀ ရက်နေ့မှာ မှတ်ပုံတင်မည်

ရုရှားနိုင်ငံဟာ Covid-19 ကာကွယ်ဆေးရှာဖွေမှုမှာ စမ်းသပ်အောင်မြင်ခဲ့တယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်တွေက ထုတ်ပြန်ကြေညာခဲ့တဲ့အတိုင်း လာမယ့် သြဂုတ်လ ၁၀ ရက်ကနေ ၁၂ ရက်အတွင်း ဒီကာကွယ်ဆေးကို ကမ္ဘာ့ပထမဆုံး Covid-19 ကာကွယ်ဆေးအဖြစ် မှတ်ပုံတင်သွားမယ်လို့ ဆိုပါတယ်။

တပ်မတော်သားများနှင့် မိသားစုဝင်များက မန္တလေးမြို့ အထွေထွေရောဂါကုဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်း

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း ပြည်သူ့ဆေးရုံများတွင် သွေးလိုအပ်မှုမရှိစေရေးအတွက် အလယ်ပိုင်းတိုင်းစစ် ဌာနချုပ်၊ မန္တလေးတပ်နယ်မှ တပ်မတော်သားများနှင့် မိသားစုဝင် စုစုပေါင်း ၆၀ ဦးတို့က ယမန်နေ့နံနက်ပိုင်းတွင် မန္တလေးမြို့ အထွေထွေရောဂါကုဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်းကြပြီး ယခုအကြိမ်သည် ၈ ကြိမ်မြောက်လှူဒါန်းခြင်းဖြစ်ကာ ယခုအကြိမ်အပါအဝင် ၃၁၈ ဦးက စုပေါင်းသွေးလှူဒါန်းပေးနိုင်ခဲ့ကြောင်း တပ်မတော်မှ သတင်း အရသိရှိရသည်။

ကမ္ဘောဒီးယားနိုင်ငံတွင် အခက်အခဲကြုံ‌တွေ့ နေရသော မြန်မာနိုင်ငံသားများအား ကယ်ဆယ်ရေးလေယာဉ်ဖြင့် ဒုတိယအကြိမ် ပြန်လည်ပို့ဆောင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံရုံး၊ ဖနောင်ပင်မြို့နှင့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (Myanmar Airways International) တို့ပူးပေါင်းပြီး ကမ္ဘောဒီးယား နိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေပြီး ကပ်ရောဂါ ကာလတွင်း အခြေအနေများကြောင့် ဆက်လက်နေထိုင်ရန် အခက်အခဲ ရှိသည့် မြန်မာနိုင်ငံသား (၆၅) ဦးနှင့် အရေးပေါ်တာဝန်/ကိစ္စဖြင့် သွားရောက်မည့် နိုင်ငံခြားသား (၅) ဦး၊ စုစုပေါင်း (၇၀) ဦးတို့ အား ဒုတိယအကြိမ်မြောက် ကယ်ဆယ်ရေး လေယာဉ်၊ ပျံသန်းအမှတ် 8M 1106 ဖြင့် ၃၁-၇-၂၀၂၀ ရက်၊ သောကြာ နေ့၊ နံနက်(၀၉:၁၅) နာရီအချိန်တွင် ဖနောင်ပင် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ရန်ကုန်မြို့သို့ ပို့ဆောင်ပေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

နိုင်ငံတော်ထောက်ပံ့ငွေ ကျပ် သိန်း ၅၀ ကျော်ကို ပြည်သူများထံမပေးပဲ အလွဲသုံးစားလုပ်သည့် အုပ်ချုပ်ရေးမှုးအား ဖမ်းဆီးစစ်ဆေးနေ

နိုင်ငံတော်မှပုံမှန်၀င်ငွေ မရှိသည့်အိမ်ထောင်စုများကို ထောက်ပံ့သည့်ငွေကျပ် သိန်း ၅၀ ကျော်ကို ပြည်သူများထံသို့မပေးဘဲ အလွဲသုံးစားပြုလုပ်ခဲ့သည့် မြောင်းမြမြို့နယ်၊ ကံဘဲ့လေး‌ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုးအား မြောင်းမြမြို့မရဲ့စခန်းတွင် ဖမ်းဆီးစစ်ဆေးနေကြောင်း သိရှိရသည်။

ကွတ်ခိုင်တွင် ကလေးများဆော့ကစားရာမှ မိုင်းပေါက်ကွဲ၍ ကလေးငယ် ၁ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ခိုတင်ကျေးရွာတွင် ဇူလိုင်လ ၃၀ ရက်၊ ညနေ ၄ နာရီခန့်က မိုင်းပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦး သေဆုံး၍ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကျောင်းချိန်အတွင်း ကျောင်းသား၊ ကျောင်းသူများနှင့် ပညာရေးဝန်ထမ်းများ ကိုဗစ်ရောဂါ သံသယလက္ခဏာရှိ၊ မရှိ မြို့နယ်ကျန်းမာရေးဌာနသို့ နေ့စဉ်သတင်းပို့ရမည်

ကျောင်းချိန်အတွင်း ကျောင်းသားကျောင်းသူနှင့်ဆရာ ဆရာမ၊ ဝန်ထမ်းများအကြား COVID-19 သံသယလက္ခဏာရှိ၊ မရှိ မြို့နယ်ကျန်းမာရေးဌာနသို့ နေ့စဉ်သတင်းပို့ရန် ပညာရေးဝန် ကြီးဌာနက ညွှန်ကြားထားကြောင်း သိရသည်။

အသက်(၉၇)နှစ်အရွယ်ရှိ ထိုင်ဝမ်သမ္မတဟောင်း ကွယ်လွန်

အသက်(၉၇)နှစ်အရွယ်ရှိ ထိုင်ဝမ်သမ္မတဟောင်း Lee Tenghuai ဟာ အခုလ(၃၀)ရက်နေ့က Taipei Veterans ဗဟိုဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့တယ်လို့ ဆေးရုံတာဝန်ရှိသူတွေက ပြောပါတယ်။

ရပ်မိရပ်ဖနှင့် မြို့နယ်မှရွေးသော လွှတ်တော်ကိုယ်စားလှယ်လောင်းများ မပါဝင်လာသဖြင့် ရှားတောမြို့နယ် NLD ပါတီဥက္ကဋ္ဌ အပါအဝင် အလုပ်အမှုဆောင်အဖွဲ့ဝင်သုံးဦး နုတ်ထွက်စာတင်

ကယားပြည်နယ် ရှားတောမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦး စုစုပေါင်းသုံးဦးသည် ပါတီမှ နုတ်ထွက်စာတင်ထားကြောင်း သိရသည်။

ဗီယက်နမ်တွင် တစ်နေ့တာအတွင်း COVID-19 လူနာသစ် ၄၅ ဦးတွေ့ရှိ

ဗီယက်နမ်နိုင်ငံတွင် ပထမဆုံးသော COVID-19 အတည်ပြုလူနာကို စတင်စစ်ဆေးတွေ့ရှိခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းမှ ယနေ့အထိ အချိန်ကာလအတွင်း နေ့စဉ် ကူးစက်မှုအသစ်တွေ့ရှိမှု အမြင့်မားဆုံးအရေအတွက်ကို ရောက်ရှိနေကြောင်း ဗီယက်နမ် ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

သီဟတင်စိုးအပေါ် လိမ်လည်တိုင်တန်းခဲ့သည့် အိမ်အကူခင်မာမြင့်ကို ထောင်ဒဏ် ၇ နှစ်ချမှတ်

သရုပ်ဆောင်သီဟတင်စိုးက အဓမ္မပြုကျင့်သည်ဟုဆိုကာ လိမ်လည်တိုင်တန်းခဲ့သလို လျော်ကြေး တောင်းခံခဲ့မှုကြောင့် ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုထားသည့် အိမ်အကူခင်မာမြင့်ကို ထောင်ဒဏ် ခုနစ်နှစ်ကျခံရန် သင်္ဃန်းကျွန်းမြို့နယ်တရားရုံးက ယမန်နေ့တွင် အမိန့်ချခဲ့ကြောင်း သိရသည်။

အမေရိကန်က အရှေ့အာရှပင်လယ်ပြင်တွင် ဂျပန်ကို ကူမည်ဟု ပြောကြား

ဂျပန်ရှိ အမေရိကန် ကြည်းရေးလေ တပ်ပေါင်းစု အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ကယ်ဗင် ရှနိုက်ဒါ သည် အရှေ့တရုတ်ပင်လယ်ပြင်အတွင်း တရုတ် ရေယာဉ်များ ကျုးကျော်လာမှုကို ရင်ဆိုင်ရန် မဟာမိတ် ဂျပန်ကို ကူညီသွားမည်ဟု ကြုံးဝါးလိုက်ကြောင်း သိရသည်။

သားဖြစ်သူရဲ့မင်္ဂလာဆောင်အတွက် ဗြိတိန်မင်းသားဟယ်ရီ နဲ့ဇနီးဖြစ်သူကို ဦးစားပေးဖိတ်ခဲ့တဲ့ ဒေးဗစ်ဘက်ခမ်း

ဗြိတိန်နာမည်ကြီးသတင်းစာ Daily Mail ရဲ့အဆိုအရ အင်္ဂလန် နဲ့မန်ချက်စတာယူနိုက်တက်အသင်းခေါင်း ဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်းဟာ လာမယ်နှစ်မှာကျင်းပမယ့် သားဖြစ်သူ ဘရွတ်ကလင်းရဲ့မင်္ဂလာဆောင်အတွက် ဗြိတိန်မင်းသားဟယ်ရီ နဲ့ဇနီဖြစ်သူ ဂန်မာဂယ်လ်တို့ကို ဦးစားပေးဖိတ်ကြားပေးခဲ့တယ်လို့သိရပါတယ် ။

ဧရာဝတီမြစ်ရေဝင်ရောက်ခဲ့သည့် ပန်းတောင်းမြို့နယ်၊ ပဲကြီးအင်းကျေးရွာရှိ ရေဘေးသင့် ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ တောင်ဘွေကျေးရွာအုပ်စု၊ ပဲကြီးအင်းကျေးရွာသို့ ဇူလိုင်လ (၃၀) ရက်နေ့ မွန်းလွဲပိုင်းတွင် မြစ်ရေဝင်ရောက်မှု ဖြစ်ပေါ်ခဲ့သဖြင့် ရေဘေးသင့်ပြည်သူ အိမ်ထောင်စု ၁၀ စု၊ လူဦးရေ ၄၆ ဦးတို့ကို ရေလွတ်ရာ နေရာများသို့ တောင်ပိုင်းတိုင်းစစ်ဌာန ချုပ်၊ ပန်းတောင်းတပ်နယ်မှ တပ်မတော်သားများက ကူညီရွှေပြောင်းပေးပြီး စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။

ကိုးရီးယားတွင် ရေကြီးရေလျှံမှုကြောင့် လူတစ်ဦးသေဆုံး ၊ မော်တော်ကားများ ရာချီနစ်မြုပ်

တောင်ကိုရီးယားနိုင်ငံအလယ်ပိုင်းရှိ Daejeon ( ဒယ်ဂျွန်း ) မြို့နှင့်ခရိုင်ချင်းဆက်ဒေသများတွင် ဇူလိုင် ၃၀ ရက်နေ့မနက် ၀၁:၀၀ ချိန်မှစ၍ နံနက် ၀၄:၀၀ ချိန်အထိမိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်ပေါ်ကာလူတစ်ဦးသေဆုံးပြီး ရာနှင့်ချီသောအိမ်များနှင့်ကားများနစ်မြုပ်ခဲ့သည်ဟုသိရသည်။

ဂမ်ဘီယာနိုင်ငံ ဒုတိယ သမ္မတတွင် COVID-19 ပိုး စစ်ဆေးတွေ့ရှိ၊ သမ္မတလည်း သီးသန့်ခွဲခြားနေထိုင်

ဂမ်ဘီယာနိုင်ငံ ဒုတိယ သမ္မတ ဒေါက်တာ အီဆာတော် တော်ရေးတွင် COVID-19 ကူးစက်နေကြောင်း စစ် ဆေးတွေ့ရှိပြီးနောက်တွင် သမ္မတ အဒမ ဘားရိုးသည်လည်း သီးသန့်ခွဲခြားနေထိုင်လျှက်ရှိကြောင်း ယင်းနိုင်ငံ သမ္မတရုံးမှ သတင်းထုတ်ပြန်သည်။

ကားတစ်စီးအရွယ်ရှိ အမေရိကန်ရဲ့ အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးယာဉ် လွှတ်တင်

အမေရိကန် အာကာသအေဂျင်စီ NASA ရဲ့ အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးယာဥ်ကို ဖလော်ရီဒါပြည်နယ် Capee Canaveral အာကာသယာဥ်လွှတ်တင်စခန်းက‌နေ လွှတ်တင်လိုက်ပြီ ဖြစ်ပါတယ်။

ဒုတိယအသုတ် ဓာတ်ခွဲနမူနာ (၉၂) ခုအား စစ်ဆေးရာ COVID-19 ထပ်တိုးလူနာမရှိကြောင်း သတင်းထုတ်ပြန်

၁။ (၃၀-၇-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၉၂)ခု အားစစ်ဆေးပြီးစီးခဲ့ရာ -

မြန်မာနိုင်ငံတွင် Covid-19 အတည်ပြုလူနာ (၃၅၃) ဦးရှိနေပြီး တစ်ကမ္ဘာလုံးတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၆.၇ သိန်းကျော်နှင့် ရောဂါကူးစက်ခံရသူ ၁၇.၄ သန်းကျော်အထိ မြင့်တက်နေ

တစ်ကမ္ဘာလုံးတွင် ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်မှာ ဇူလိုင်လ ၃၁ ရက်နေ့ နံနက် ၇:၃၀ အချိန်အထိ သေဆုံးသူ စုစုပေါင်း (၆၇၅, ၇၆၀) ဦးရှိလာပြီး ရောဂါကူးစက်ခံရသူ အရေအတွက်မှာလည်း စုစုပေါင်း (၁၇,၄၅၃,၂၀၁) ဦး ရှိကြောင်း တရုတ်ဆေးဘက်ဆိုင်ရာ အရာရှိများ၏ သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။

Thursday, July 30, 2020

ကျောက်ဆည် ရွှေသာလျောင်းတောင်ပေါ်မှ အမျိုးသားတစ်ဦး ခုန်ချ သတ်သေ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ရွေသာလျောင်းတောင်ပေါ်မှ အမျိုးသားတစ်ဦး ခုန်ချသေဆုံးမှူု ယနေ့ ဇူလိုင်(၃၀)ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း ကျောက်ဆည်မြို့နယ် မီးသတ်ဦးစီးဌာနမှ သတင်း ရရှိသည်။

ဝေးလန်တဲ့ဒေသကကျောင်းတွေကို သွားရောက်စစ်ဆေးဖို့အခက်အခဲရှိတာကြောင့် ကိုဗစ်စည်းကမ်းချက်နဲ့ညီ၊ မညီ မစစ်ဆေးနိုင်တော့ပဲ ဖွင့်လှစ်ပေးသွားမည်ဖြစ်

ရခိုင်ပြည်နယ်မြောက်ပိုင်းက အခြေခံပညာကျောင်းတချို့၊ ချင်းပြည်နယ် ပလက်ဝမြို့က အခြေခံပညာကျောင်းတစ်ချို့နဲ့ ကချင်ပြည်နယ်အတွင်းက သွားလာရခက်ခဲပြီး ဝေးလံခေါင်ဖျားတဲ့ ဒေသတွေက အခြေခံပညာကျောင်းတစ်ချို့ စုစုပေါင်း ကျောင်းပေါင်း ၁၀၀ ကျော်ကို ကိုဗစ်ကာကွယ်ရေး စည်းကမ်းချက်နဲ့ ညီ၊မညီ မစစ်ဆေးနိုင်တော့ဘဲ ဖွင့်လှစ်သွားတော့မယ်လို့ သိရပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအဝင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ

၂၀၂၀ ပြည့်နှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) အနော်ရထာခန်းမ၌ကျင်းပပြုလုပ်ရာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညိုပြီး ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းထိ ကျယ်ကျယ်ပြန့်ပြန့်ရနိုင်ဖွယ်မရှိသေး

ယနေ့ ကမ္ဘာတဝှမ်းက ဆေးသိပ္ပံအဖွဲ့အစည်းတွေအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို အပြိုင်အဆိုင် စမ်းသပ်ဖော်ထုတ်နေကြပေမယ့် လာမယ့် ၂၀၂၁ ခုနှစ်၊ နှစ်လယ်ပိုင်းမတိုင်မီအထိ ‌ပေါပေါများများ ဖြန့်ဖြူးနိုင်ဖွယ်မရှိသေးကြောင်း ဂျာမနီအစိုးရဝန်ကြီးတစ်ဦးက ခန့်မှန်းပြောကြားလိုက်ပါတယ်။

စစ်ကိုင်းမြို့အတွင်း ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ဒေသခံ ၆၅၀၀ကျော် ယာယီပြောင်းရွှေ့

စစ်ကိုင်းမြို့နယ်အတွင်းမှာ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ရပ်ကွက် ၅ခုနဲ့ ကျေးရွာ ၆ခုမှ ဒေသခံ ၆၅၁၆ဦးကို ရေဘေးလွတ်ရာနေရာများသို့ ပြောင်းရွှေ့ထားကြောင်း မြို့နယ်ပြန်/ဆက်ရဲ့ သတင်းထုတ်ပြန်ချက်များအရ သိရပါတယ်။

ဝိုင်းမော်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများပိုင် လယ်ယာမြေရိုင်းများအား မိုင်းရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်


ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နန်ဆန်ယန်ကျေးရွာရှိ တိုက်ပွဲရှောင် အိမ်ထောင်စု ၉၈ စု၊ တိုက်ပွဲရှောင်ကာလ ၈ နှစ်ကျော်အတွင်း စွန့်ပစ်ခဲ့သော ကျေးရွာအနီး ၎င်းတို့ပိုင်ဆိုင်သည့် လယ်ယာမြေရိုင်း ၁၀၀ ဧကခန့်အား ၎င်းတို့ရေရှည် အသက်မွေးဝမ်းကြောင်းအတွက် ပြန်လည်ဖော်ထုတ်ရန် မိုင်းရှင်းလင်းပေးစေလိုကြောင်း တင်ပြလာသဖြင့် ဇူလိုင် ၂ ရက်မှ စတင်၍ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ ဇူလိုင် ၂၈ ရက်အထိ မြေယာ ၁၀၀ ဧက ကို ရှင်းလင်းပေးနိုင်ခဲ့ပြီး မိုင်းမျိုးစုံ ၁၀ လုံး၊ ဗုံးသီးမျိုးစုံ ၃ လုံးနှင့် လက်ပစ်ဗုံး ၄ လုံးတို့အား ရှင်းလင်းဖော်ထုတ်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

မင်းဘူးမြို့တွင် ဧရာဝတီမြစ်ရေအမှတ် ၁၅၈၅ စင်တီမီတာသို့ ရောက်ရှိပြီး မြေနိမ့်ပိုင်းနေရာများ မြစ်ရေ စတင်ဝင်ရောက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဧရာဝတီမြစ်သည် ရေအမှတ် ၁၅၈၅ စင်တီမီတာသို့ ရောက်ရှိနေပြီး မြေနိမ့်ပိုင်းနေရာများတွင် မြစ်ရေစတင်ဝင်ရောက်လျက်ရှိကြောင်း မင်းဘူးမြို့နယ် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ပထမအသုတ် ဓာတ်ခွဲနမူနာ စုစုပေါင်း (၇၅၅)ခုအား စစ်ဆေးရာ COVID-19 ထပ်တိုးလူနာမရှိကြောင်း သတင်းထုတ်ပြန်

၁။ (၃၀-၇-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၂၆၅)ခု၊
- ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၁၂၅) ခု၊

NATO အဖွဲ့၏ စစ်ရေးလေ့ကျင့်မှုများပြီးနောက် ရုရှားနိုင်ငံသည် ပင်လယ်နက်အတွင်း စစ်ရေးလေ့ကျင့်မှုလုပ်ဆောင်

ပင်လယ်နက်အတွင်း အမေရိကန်နိုင်ငံမှဦးဆောင်သောစစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်ခဲ့ပြီးနောက်မကြာမီတွင် ရုရှားမှ စစ်သ‌ေင်္ဘာများဖြင့် ပင်လယ်နက်အတွင်း အကြီးစားစစ်ရေးလေ့ကျင့်မှုများစတင်နေပြီဖြစ်ကြောင်း ရုရှားနိုင်ငံကာကွယ်ရေး ဝန်ကြီးဌာနမှ ဇူလိုင်လ ၂၉ ရက်နေ့တွင်ပြောကြားခဲ့ပါသည်။

အီဂျစ်မှာ Tik Tok ဗွီဒီယိုနဲ့ မိသားစုရဲ့ ဂုဏ်သိက္ခာတန်ဖိုးကို ကျဆင်းစေခဲ့တဲ့ အီဂျစ်အမျိုးသမီးငါးဦး ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရ

အီဂျစ်နိုင်ငံမှာ Mawada Eladhm ( အသက်၂၂ နှစ် ) နဲ့ Haneen Hossam ( ၂၀ နှစ် ) အပါအဝင် အမျိုးသ မီး ၅ ဦးဟာ Tik Tok မှာ သရုပ်ပျက် ကပြထားတဲ့ ဗွီဒီယိုတွေ တင်ခဲ့ခြင်းကြောင့် အီဂျစ်မိသားစု စည်မျည်းစည်းကမ်းနဲ့ ဂုဏ်သိက္ခာတန်ဖိုးကို ချိုးဖောက်ရာကျခဲ့ပြီး ဒဏ်ငွေ ပေါင် ၃၀၀၀၀၀ ( အမေရိကန်ဒေါ်လာ ၁၈၇၈၀ ) နဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရတယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်ရဲစခန်းဗုံးပေါက်ကွဲမှု သူတို့လက်ချက်ဟု အိုင်အက်စ်အဖွဲ့ထုတ်ပြော

ဗုဒ္ဓဟူးနေ့က ဘင်္ဂလားဒေ့ရှ်မြို့တော်ဒါကာရှိ ပယ်လာဗီရဲစခန်းမှ ဗုံးပေါက်ကွဲမှုသည် သူတို့လက်ချက်ဟု အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့အိုင်အက်စ်က ဝန်ခံသည်။

ကမ်းခြေလာလည်တဲ့ သူတွေကို တိုင်းအစိုးရက ကူးစက်ဥပဒေနဲ့အရေးယူမည်

ချောင်းသာနဲ့ငွေဆောင်အပါအဝင် ဧရာဝတီတိုင်းမှာရှိတဲ့ကမ်းခြေတွေဆီ လာရောက်လည်ပတ်သူအားလုံးကို ကူးစက်ရောဂါကာကွယ်နှိမ်နှင်းရေးဥပဒေနဲ့ အရေးယူသွားမယ်လို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စည် ပင်ဝန်ကြီး ဦးကျော်မြင့်က ပြောပါတယ်။

ဘရာဇီးနိုင်ငံမှ Huawei 5G အား ရွေးချယ်ခဲ့မည်ဆိုလျှင် နောက်ဆက်တွဲရလဒ်များ ရှိလာနိုင်ကြောင်း အမေရိကန်နိုင်ငံမှ သတိပေးပြောကြား

ဘရာဇီးနိုင်ငံအနေဖြင့် ၎င်း၏ 5G network ဖွံ့ဖြိုးတိုးတက်ရန်အတွက် တရုတ် ဆက်သွယ်ရေးကုမ္ပဏီ Huawei အား ရွေးချယ်ခဲ့မည်ဆိုလျှင် နောက်ဆက်တွဲရလဒ်များ ရှိလာမည်ဖြစ်ကြောင်း ဘရာဇီးနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်မှ ဇူလိုင်လ ၂၉ ရက် နေ့ကပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် သတိပေးပြောကြားခဲ့ပါသည်။