ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းရှိ ကူမတ်မိုတာ နှင့် ကာဂိုရှီမာ စီရင်စုများတွင် မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုများကြောင့် လူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း နှင့် ယနေ့ ဇူလိုင် ၅ ရက်တွင် ၄ ဦးပျောက်ဆုံးလျက်ရှိကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြခဲ့သည်။
ဂျပန်နိုင်ငံ မိုးလေဝသအေဂျင်စီ(JMA)က အဆိုပါ စီရင်စုများအတွင်းရှိ ဒေသအများအပြားတွင် မိုးပိုမိုများပြားလာနိုင်ကြောင်း ဇူလိုင် ၄ ရက်က သတိပေးချက်ထုတ်ပြန်ခဲ့ပြီး ယင်းမှာ အဆိုပါ စီရင်စု နှစ်ခုတွင် ပထမဆုံးအကြိမ်အဖြစ် အမြင့်ဆုံးတပ်လှန့်မှုဖြစ်ကြောင်း သိရသည်။
ကူမတ်မိုတို စီရင်စုရှိ Amakusa တွင် မိုရွာသွန်းမှုသည် စံချိန်တင်ပမာဏအဖြစ် တစ်နာရီ ၉၈ မီလီမီတာထိ အမြင့်ဆုံးရောက်ရှိခဲ့ကြောင်း အေဂျင်စီ၏ ထုတ်ပြန်ချက်အရသိရသည်။
အဆိုပါ ဂျပန်နိုင်ငံတောင်ပိုင်း ကျူးရှူးကျွန်းမှာ မိုးကြီးလို့ ရေဘေးသင့် ရေမျက်နှာပြင် မြင့်တက်လာ တဲ့အတွက် လူတွေကို ဘေးကင်းရာ ကယ်ထုတ်ဖို့ ဇူလိုင်လ ၄ ရက်က စစ်တပ်ကို စေလွှတ်ထားကြောင်းသိရှိရပါတယ်။
လက်ရှိ ဂျပန်တွင် မကြုံစဖူး သည်းထန်တဲ့မိုးကြောင့် ရေကြီးမြေပြိုမှုကြောင့် လူ ၁၅ ယောက် သေဆုံးပြီး ၉ ယောက်လည်း ပျောက်ဆုံးနေကြောင်း နိုင်ငံပိုင်သတင်း NHK၏ သတင်းဖော်ပြချက်များအရ သိရှိရပါတယ်။
Crd : Xinhua
0 comments:
Post a Comment