အမျိုးသားလုံခြုံရေးဉပဒေကြောင့် ဟောင်ကောင်ရှိ လူဦးရေး ၃ သန်းခန့်ကို နိုင်ငံသားဖြစ်ခွင့်အတွက် လမ်း ကြောင်းဖွင့်ပေးမည်ဟု ဗြိတိန်အစိုးရမှ ထုတ်ပြန်ခဲ့ပြီး တစ်ရက်အကြာတွင် ဟောင်ကောင်ပြည်သူများအား အင်္ဂလန်နိုင်ငံသားအဖြစ်ခံယူရန် ကမ်းလှမ်းနေသည့်အင်္ဂလန်နိုင်ငံအား တရုတ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြစ်တင်ဝေဖန်ခဲ့ပါသည်။
ဗြိတိန်နိုင်ငံအနေဖြင့် အခြေခံစံနှုန်းနှင့် နိုင်ငံတကာ၏စံချိန်စံနှုန်းများ၊ ကတိက ဝတ်များကို ချိုးဖောက်ရာကျနေပြီး တရုတ်နိုင်ငံအနေဖြင့် ၎င်းကို ဆန့်ကျင်ကန့်ကွက် ကြောင်း အရေးယူဆောင်ရွက်ရန်အခွင့်အာဏာရှိသည့် ဝန်ကြီးဌာန၏ပြောခွင့်ရပုဂ္ဂိုလ် Zhao Lijian မှ နေ့စဉ်ပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့ပါသည်။
ဗြိတိန်အမျိုးသားနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသည့် ဟောင်ကောင် ပြည်သူတို့သည်တရုတ်လူမျိုးများဖြစ်သကဲ့သို့ ဟောင်ကောင်ရှိ ပြည်သူများအားလုံး သည်လည်း တရုတ်လူမျိုးများသာဖြစ်ကြောင်း ၎င်းမှ ပြောကြားခဲ့ပါသည်။
ဟောင်ကောင်အရေးသည် တရုတ်ပြည်တွင်းရေးကိစ္စသာဖြစ်ပြီး ပြည်ပနိုင်ငံများ အနေဖြင့် တရုတ်၏ ပြည် တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် အခွင့်အရေမရှိကြောင်း ၎င်းမှ ဆက်လက်ပြောကြားခဲ့ပါသည်။
"One Country, Two Systems" သည် တရုတ်နိုင်ငံ၏ စည်းမျဉ်းဖြစ်ပြီး ဟောင်ကောင်အတွက် ချမှတ်လိုက်သော အမျိုးသားလုံခြုံရေးဉပဒေသည်လည်း ဟောင်ကောင်၏ တည်ငြိမ်အေးချမ်းမှုနှင့် စဉ်ဆက်မ ပြတ် အကောင်ထည်ဖော် ဆောင်ရွက်မှုကို သေချာအောင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း Zhao မှပြောကြား ခဲ့ပါသည်။
တရုတ်နိုင်ငံ၏ corresponding measures တွင် မည်သည့်အချက်များပါဝင် ကြောင်း၊တရုတ်နိုင်ငံအနေ ဖြင့် အရေယူမှုများကိုမည်သည့်အချိန်တွင် ဆောင်ရွက်မည ဖြစ်ကြောင်းတို့နှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကိုဖြေကြားရန် ငြင်းဆန်ခဲ့ပါသည်။ ဇူလိုင်လ ၁ ရက်နေ့တွင် ဗြိတိန်နိုင်ငံဆိုင်ရာတရုတ်သံအမတ် Liu Xiaoming သည် လန်ဒန်ရှိ နိုင်ငံခြားရေးနှင့် ဓနသဟာယရုံး၏ အမြဲတမ်းလက်ထောက်အတွင်းရေးမှုး Simon McDonald, တို့ တွေ့ဆုံခဲ့ကြပါသည်။
တွေ့ဆုံမှုအပြီးတွင် Liu သည် ဟောင်ကောင်၏ အမျိုးသားလုံခြုံရေးဉပဒေ နှင့်ပတ်သက်၍ UK အစိုးရ၏ စွပ်စွဲချက်များသည် အကျိုးအကြောင်းဆီလျော်မှု မရှိကြောင်းနှင့် တာဝန်သိတတ်မှုမရှိကြောင်းကို ပြောကြားကာ တရုတ်နိုင်ငံ၏ သဘောထားများကို အလေးနက်ထားဖော်ပြသည့်ထုတ်ပြန်ချက် တစ်စောင်ကို ထုတ်ပြန်ခဲ့ပါသည်။
Source - CGTN #Myanmar_Online_News
0 comments:
Post a Comment