Friday, July 3, 2020

ဇူလိုင် ၁၃ ရက်မှ ၁၇ ရက်အထိ အထက်တန်းအဆင့်စနစ်သစ် Grade 10 နှင့် စနစ်ဟောင်း Grade 11 ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းအပ်လက်ခံမည်ဖြစ်ပြီး အတန်းငယ်များ မသိရသေး

ဇူလိုင် ၁၃ ရက်မှ ၁၇ ရက်အထိ အထက်တန်းအဆင့်စနစ်သစ် Grade10 နှင့် စနစ်ဟောင်း Grade 11 ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းအပ်လက်ခံမည်ဖြစ်ပြီး အတန်းငယ်များမသိရသေးကြောင်း အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းကပြောသည်။
အခြေခံပညာကျောင်းများဖွင့်လှစ်၍ ကျောင်းအပ်လက်ခံမည့်ကိစ္စနှင့်ပတ်သက်၍ ဇူလိုင် ၃ ရက်နေ့တွင် ပညာရေးဝန်ကြီးဌာနအခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါက်တာတင်မောင်ဝင်းကပြောသည်။
“ဇူလိုင် ၁၃ ရက်ကနေ ၁၇ ရက်အထိ အဲဒီ ၅ ရက်ကတော့ အထက်တန်းအဆင့်စနစ်သစ် Grade 10 နဲ့ စနစ် ဟောင်း Grade 11 ကျောင်းအပ်နှံ့ရေးသီတင်းပတ်။ အဲဒီမှာ သက်ဆိုင်ရာကျောင်းတွေမှာ သွားပြီးအပ်ရမယ်။ ကျောင်းသားတွေကို။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ၁၂ သိန်းလောက်ရှိတယ်။ အဲဒီ ၅ ရက်အတွင်းမှာ အပ်ရပါ မယ်။ အပ်တဲ့အခါမှာ ကျောင်းရောက်တာနဲ့ ပုံမှန်ထောက်ပံ့နေကျပုံနှိပ်စာအုပ်အခမဲ့ပေးမယ်။ ဒီနှစ်ထူးပြီးတော့ ဗလာစာအုပ်တစ်ဒါဇင်နဲ့ ခဲတံနှစ်ချောင်းဘောလ်ပင်နှစ်ချောင်းပေးမယ်။ နောက်ကိုဗစ်ကပ်ရောဂါအတွက် ကာ ကွယ်ဖို့ အထူးအနေနဲ့ အဝတ် MASK ၂ ခုနှုန်းနဲ့ ပေးမယ်။ မျက်နှာကာတဲ့ဟာပေးမယ်။ အတန်းငယ်တွေက တော့ ထပ်ပြီးကြေညာပါလိမ့်မယ်။ အထက်တန်းတွေ၊ အလယ်တန်းတွေဖွင့်လို့ ဘာမှမဖြစ်ဘူးဆိုရင်တော့ မူလတန်းတွေဖွင့်ပါမယ်”ဟု ၎င်းကပြောသည်။
အခြေခံပညာဦးစီးဌာနလက်အောက်တွင် အခြေခံပညာကျောင်းပေါင်းလေးသောင်းကျော်ရှိပြီး ယခုနှစ် ၂၀၂ဝ ပြည့်နှစ် ကျောင်းဖွင့်ရာသီတွင် COVID-19 ကပ်ရောဂါကြောင့် ကျောင်းအပ်လက်ခံချိန်နှင့် ကျောင်းများဖွင့်မည့် ရက် အတိအကျကိုကြေညာရန် နောက်ကျခဲ့ပြီး ကျောင်းဖွင့်ချိန်များရွှေ့ဆိုင်းခဲ့သည်။
“ကျောင်းပြန်ဖွင့်တာနဲ့ ကျောင်းခန်းတစ်ခန်းကို အယောက် ၂၀ ပဲထားမယ်ဆိုတာလည်း ဒါကပုံသေမဟုတ်ပါ ဘူး။ ဒါကအခန်းတစ်ခန်းရဲ့ အကျယ်အဝန်းပေါ့။ သာမာန်အားဖြင့် အထက်တန်းအဆင့်၊ အလယ်တန်းအ ဆင့်ရဲ့စာသင်ခန်းသည် အလျားပေ ၃၀၊ အနံ့ ၂၄ ပေဆိုတော့ စတုရန်းပေ ၇၂၀ ရှိတယ်။ အဲဒါဆိုရင် ကျောင်း သား တစ်ယောက်ရဲ့ ပိုင်ဆိုင်ခွင့်က စတုရန်းပေ ၃၆ ပေရှိတယ်။ သာမာန်စာသင်ခန်းကတော့ ကျောင်းသား ၂၀ အတွက် စီစဉ်ပေးဖို့ပေါ့။ ခါတိုင်း ကျောင်းသားတစ်ခန်းထဲ ၄၀ ဆိုရင်တော့စာသင်ခန်း ၂ ခန်းခွဲရမှာပေါ့။ အဓိက ၆ ပေအကွာခွာထားဖို့ပါပဲ’’ ဟု ဒေါက်တာတင်မောင်ဝင်းက ထပ်မံပြောသည်။
Ref ; People Media

0 comments:

Post a Comment